ဖေဖော်ဝါရီ ၁၆ ရက်နေ့ အတွက် ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ဟာ ခံစစ်ပိုင်းကို အားဖြည့်ဖို့ အတွက် ဒေါ့မန်ရဲ့ ခြေစွမ်းပြ ကစားသမား ဂျူလီယန် ရိုင်ယာဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် နယူးကာဆယ် ကလည်း စိတ်ဝင်စားနေသလို၊ ဒေါ့မန် ဘက်ကလည်း သူတို့ရဲ့ ညာနောက်ခံလူကို မရောင်းချလိုချင်ကြောင်း သိရပါတယ်။
နယူးကာဆယ် ကြယ်ပွင့် အန်သိုနီ ဂေါ်ဒွန်ကို ခေါ်ယူဖို့ အတွက် လစ်ဗာပူးလ်က ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီးနဲ့ အာဆင်နယ် တို့ကို ကျော်ဖြတ်ပြီး ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ နယူးကာဆယ် ကတော့ ဂေါ်ဒွန် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၉၅ သန်း (ဒေါ်လာ ၁၂၉.၄ သန်း) ခန့် သတ်မှတ်ထားပါတယ်။
နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို ခေါ်ယူဖို့ မန်စီးတီးက အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ဆက်သွယ်ထားပြီး ဖြစ်ပါတယ်။ အန်ဒါဆန်ကို မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက် ကလည်း နံပါတ် ၁ ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ တဖက်မှာလည်း မန်စီးတီးက အန်ဒါဆန်ကို ခေါ်ယူဖို့ နီးစပ်နေပေမယ့် ချဲလ်ဆီး ကတော့ ပေါင် သန်း ၁၀၀နဲ့ ကမ်းလှမ်းပြီး အပြောင်းအရွှေ့ကို ကြားဖြတ် လုယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ထရော့ဆက်ဒ်နဲ့ မာတင်နယ်လီ တို့ထက် ပိုကောင်းမွန်တဲ့ ဘယ်တောင်ပံ ကစားသမား တစ်ဦးကို ရှာဖွေနေပြီး လိုက်ပ်ဇစ် တိုက်စစ်မှူး အန်တိုနီယို နူဆာကို မျက်စိကျနေပါတယ်။ အာဆင်နယ် ကင်းထောက်တွေဟာ အသက် ၂၀ အရွယ် အဆိုပါ ကစားသမားကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။

အက်စတွန်ဗီလာဟာ ကော်နာ ဂယ်လက်ဂါကို တော့တင်ဟမ်ဟော့စပါးထံ လက်လွှတ်ခဲ့ရပြီးနောက် ဆောင်းရာသီ အပြောင်းအရွှေ့မှာ စပါး ကွင်းလယ်လူ လူးကပ်စ် ဘာ့ဂျ်ဗဲလ်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဆိုပါ အပေးအယူက အောင်မြင်မှု မရခဲ့ပေမယ့် ဒီနွေရာသီမှာ အက်စတွန်ဗီလာက ထပ်မံ ကြိုးစားလာနိုင်ပါတယ်။
ချဲလ်ဆီး အသင်းဟာ သူတို့ရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ရေရှည်ဆက်ရှိနေစေဖို့ အတွက် စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ စာချုပ် သက်တမ်း ၂ နှစ် ကျန်သေးတဲ့ ဂိုးသမား အန်ဒရီ အိုနာနာကို ဒီနွေရာသီမှာ အပြီးသတ် ရောင်းချဖို့ စဉ်းစားနေသလို၊ အရန် ဂိုးသမား ဘာယင်ဒါလည်း ၂၀၂၅-၂၀၂၆ ရာသီ အကုန်မှာ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။
အဲဗာတန် အသင်း ကတေ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဖူလ်ဟမ် တောင်ပံ ကစားသမား ဟယ်ရီ ဝီလ်ဆင်ကို ခေါ်ယူဖို့ ပျက်ပြယ်ခဲ့ပြီးနောက် ဒီနွေရာသီမှာ ထပ်မံ ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။
မန်စီးတီး ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူ ရိုဒရီဟာ ဒိုင်လူကြီးတွေကို ဝေဖန် ပြောဆိုခဲ့မှု အတွက် FA ရဲ့ စွဲချက်တင်တာ ခံခဲ့ရပြီး ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ စပါးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဆိုလန်ကီရဲ့ အဖွင့်ဂိုးက မပေးသင့်တဲ့ အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က မန်စီးတီး အသင်းကို ဖလား မရစေချင်ကြကြောင်း ရိုဒရီက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


