နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နီကိုဝီလီယမ်စ်ကိုစိတ်ဝင်စားတဲ့ အသင်းတွေထဲပါဝင်လာတဲ့ ယူနိုက်တက်၊ ရိုဒရီဂိုကိုစိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ကတော့ဘီလ်ဘာအိုတောင်ပံကစားသမားနီကိုဝီလီယမ်စ်ကိုခေါ်ယူဖို့အတွက်အာဆင်နယ်၊လစ်ဗာပူးလ်၊ဘေယန်မြူးနစ်တို့နဲ့အပြိုင်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။ယူနိုက်တက်ဟာလာမယ့်အပြောင်းအရွှေ့မှာဂါနာချိုကိုအသင်းကနေရောင်းထုတ်သွားဖို့ရှိနေတာကြောင့်တောင်ပံကစားသမားတစ်ဦးပြန်လည်ခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။ဒါ့အပြင်ယူနိုက်တက်ကတိုက်စစ်ပိုင်းအတွက်လည်းကစားသမားတချို့ကိုပစ်မှတ်ထားနေပါသေးတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရန်တီနိုပီရက်ဇ်ကတော့ဗင်နီးစီးယပ်စ်ဂျူနီယာကိုအသင်းမှာဆက်ထိန်းထားဖို့မသေချာဖြစ်နေတယ်လို့သိရပါတယ်။လာလီဂါချန်ပီယံကလပ်ဟာဆော်ဒီပရိုလိဂ်ရဲ့ဘရာဇီးလ်သားအတွက်ယူရိုသန်း၃၀၀ (ပေါင်၂၅၃သန်း) နဲ့ကမ်းလှမ်းမှုကိုလက်ခံဖို့အလေးအနက်ထားစဉ်းစားနေကြကြောင်းFichajesကဖော်ပြပါတယ်။
ဆက်စပ်သတင်းတွေအရဗင်နီးစီးယပ်စ်ဂျူနီယာကိုခေါ်ယူဖို့အဆင်မပြေဖြစ်ခဲ့တဲ့ဆော်ဒီပရိုလိဂ်ထိပ်သီးကလပ်အနေနဲ့ပီအက်စ်ဂျီကအူစမန်နီဒမ်ဘီလီကိုတစ်ရာသီလုပ်ခလစာယူရိုသန်း၁၀၀ (ပေါင်၈၄သန်း) ပေးချေကာကမ်းလှမ်းဖို့ကြိုးစားနေတယ်လို့စပိန်သတင်းစာ El Nacional ကဖော်ပြပါတယ်။အူစမန်နီဒမ်ဘီလီကိုတော့ပရီးမီးယားလိဂ်ထိပ်သီးလစ်ဗာပူးလ်ကလည်းစိတ်ဝင်စားနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။

ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်ကတော့လာမယ့်နွေရာသီမှာကစာသမားသစ်တွေခေါ်ယူရေးရန်ပုံငွေရှာဖွေဖို့အတွက်ထင်ရှားတဲ့ကစားသမားတချို့နဲ့လမ်းခွဲဖို့ရှိနေတယ်လို့သိရပါတယ်။
ကစားသမားသစ်တွေ ခေါ်ယူဖို့ ကစားသမားဟောင်းတွေကိုရှင်းထုတ်သွားမယ့် အာဆင်နယ်

ဘာစီလိုနာကတော့ကွင်းလယ်လူဖာမင်းလိုပက်ဇ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သတ်လို့ကမ်းလှမ်းမှုတွေကိုလမ်းဖွင့်ထားတယ်လို့သိရပါတယ်။ဒီစပိန်ကွင်းလယ်ကစားသမားလေးကိုတော့ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်နဲ့အက်စတွန်ဗီလာတို့ကခေါ်ယူဖို့ချိတ်ဆက်လျက်ရှိပါတယ်။

ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်ကတော့လာမယ့်နွေရာသီမှာကစာသမားသစ်တွေခေါ်ယူရေးရန်ပုံငွေရှာဖွေဖို့အတွက်ထင်ရှားတဲ့ကစားသမားတချို့နဲ့လမ်းခွဲဖို့ရှိနေတယ်လို့သိရပါတယ်။သတင်းတွေအရဆိုရင်တော့အာဆင်နယ်ဟာလာမယ့်အပြောင်းအရွှေ့မှာကွင်းလယ်လူသောမက်စ်ပါတေးနဲ့ဂျော်ဂျင်ဟိုတို့ကိုအသင်းကနေထွက်ခွာခွင့်ပေးသွားဖို့ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ထိပ်တန်းအဆင့်ကစားသမားအဖြစ်သတ်မှတ်ခံထားရတဲ့လိုင်လီရဲ့ပြင်သစ်ဂိုးသမားလူးကပ်စ်ချက်ဗေလီယာကိုတော့ပေါင်၃၄သန်းနဲ့ခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ယူနိုက်တက်ဟာဂိုးသမားတစ်ဦးခေါ်ယူဖို့စီစဉ်လျက်ရှိပြီးဘန်လေကဂျိမ်းစ်ထရက်ဖို့ဒ်ကိုလည်းစောင့်ကြည့်နေဆဲဖြစ်ပါတယ်။
လစ်ဗာပူးလ်ကတော့လာမယ့်နွေရာသီအပြောင်းအရွှေ့မှာမိုဟာမက်ဆာလက်ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့လက်လွှတ်ရဖို့ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်ကြိုးကြာနီတွေကဆာလာရဲ့နေရာအတွက်ရီးရဲလ်မက်ဒရစ်ရဲ့ဘရာဇီးလ်တိုက်စစ်မှူးရိုဒရီဂိုကိုအံ့အားသင့်ဖွယ်စောင့်ကြည့်နေကြောင်း El Nacional ကဖော်ပြလာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်