နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်းမှာ သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပြန်တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၁ – ၁ ဆောက်သမ်တန်

အခုတစ်ပတ် စနေနေ့ညရဲ့ အစောဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာ ယူနိုက်တက်တို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဆောက်သမ်တန်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဆန်ချိုရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်း ပွဲစစချင်း ဆိုရင် ချေပဂိုး ပြန်ပေးရတတ်တဲ့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် သရေ ၁ မှတ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ ပွဲမှာ ရက်ဖ် ရန်းညက်ခ်ရဲ့ အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို၊ ကွင်းလယ်နဲ့ တောင်ပံမှာ ဖာနန်ဒက်စ်၊ ဂျေဒန် ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ တော်မီနေး၊ ပေါ့ဘာ၊ ခံစစ်နဲ့ ဂိုး မှာတော့ မက်ဂွိုင်းယား၊ ဗာရန်း၊ ဒါလော့တ်၊ ရှော၊ ဒါးဗစ် ဒက်ဟဲယား တို့နဲ့ တော်တော်လေး တောင့်တင်းခဲ့ပါတယ်။ ဆောက်သမ်တန် ကတော့ သမားရိုးကျ ၄-၄-၂ နဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ရက်ဖ် ဟတ်ဆန်ဟတ်တဲလ် အနေနဲ့ အသုံးပြုနေကျ ချီအက်ဒမ်၊ ဘရိုဟာ၊ ဂျိမ်းစ် ဝက်ပရောက်စ်၊ ပါရုဒ်၊ ဖော်စတာ တို့နဲ့ လူစာရင်း အပြည့် ပွဲထွက်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ပဲရစ် စိန့် ဂျာမိန်း
ရီးယဲလ်မက်ဒရစ်
ပထမပိုင်း 1X2 ပဲရစ် စိန့် ဂျာမိန်း @ 2.03
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် +0.25 @ 1.79
ဂိုးပေါင်း 2-3 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အားလုံး ကြိုတင် မျှော်လင့်ထားတဲ့ အတိုင်း ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ ရော်နယ်ဒိုတို့ ပါဝင်တဲ့ ယူနိုက်တက်ရဲ့ တိုက်စစ် အစုအဖွဲ့က ပိုပြီး လှုပ်ရှားနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန် ကတော့ ကြုံရင် ကြုံသလို တန်ပြန် တိုက်စစ်နဲ့ ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တိုက်စစ်က အမ်းစတောင်း၊ ချီ အက်ဒမ်တို့ အဆုံးသတ် အပိုင်း Clinical မဖြစ်ခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် ကတော့ တောင်ပံ နှစ်ဖက်က တောက်လျောက် လှုပ်နေပေမယ့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ကောင်းကောင်း မဖန်တီးပေးနိုင်ခဲ့တဲ့ အပြင် မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ တုန့်ဆိုင်းနေမှု တချို့ကြောင့်လည်း ဦးဆောင်ဂိုး ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၂၁ မိနစ် မှာတော့ ကွင်းလယ်က ဘရူနိုဖာနန်ဒက်စ် အကွက်မြင်မြင် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ် တောက်လျောက် ဆွဲပြေးပြီး ပြန်ချပေးရာ ကနေ ဆန်ချိုက အမှားအယွင်း မရှိ အဆုံးသတ်ခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ အဲ့နောက် ဆောက်သမ်တန် ဘက်က အမ်းစတောင်းရဲ့ ကန်ချက် တချို့ အားပါ ကောင်းမွန်ခဲ့ပေမယ့် ဒါးဗစ် ဒက်ဟဲယား ကာကွယ်သွားနိုင်ခဲ့သလို ပေါ့ဘာရဲ့ သွင်းဂိုး လူကျွံနေခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ ဆောက်သမ်တန် နောက်တန်းက ဘက်ဒ်နာရက်ခ် ဒဏ်ရာရသွားခဲ့လို့ ဂျက်စတီဖင် ဝင်ရောက် လာခဲ့ပေမယ့် ပထမပိုင်း ကလိုပဲ ကစားပုံ အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။ နှစ်သင်းလုံး ကွင်းလယ်နဲ့ တောင်ပံတွေကနေ ဂိုးဧရိယာထဲကို ပုံစံ မျိုးစုံနဲ့ ပေးပို့နေခဲ့ပေမယ့် နောက်ခံလူတွေ အမှားအယွင်း မရှိ တားဆီးနိုင်ခဲ့ကြလို့ ဂိုးသမားတွေ သက်သာရာ ရနေခဲ့ကြပါတယ်။ ဒါပေမယ့် ပွဲချိန် ၄၈ မိနစ် မှာတော့ ကွင်းလယ်က မိုဟာမက် အဲလ်ယွန်နူဆီ ထိုးပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ချီအက်ဒမ်က ထောင့်ဖြတ် ကန်သွင်းသွားခဲ့လို့ စိန့်တို့ ချေပဂိုး ရသွားခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် မိနစ် ၇၀ လောက်မှာ ရန်းညက်ခ် အနေနဲ့ အီလန်ဂါ၊ ဂျက်ဆီ လင်ဂတ် တို့ ထည့်သွင်းကာ တိုက်စစ် မြှင့်ခဲ့ပြီး ရော်နယ်ဒို လည်း ဂိုးသွင်းနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် ကတော့ လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ ဒီလိုနဲ့ မိနစ် ၉၀ ပြည့်တဲ့ အချိန်အထိ နှစ်သင်းလုံး ဂိုးထပ်မရတော့လို့ ၁-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး သရေ ၁ မှတ်စီ ခွဲယူခဲ့ကြရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ရာသီ အစမှာ ရုန်းကန်ခဲ့ရပေမယ့် ရက်ဖ်ဟတ်ဆန်ဟတ်တဲလ်ရဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်ကို ပြန်လည် ရောက်ရှိနေခဲ့ပြီး လက်ရှိမှာ ပြိုင်ဘက်တိုင်း သတိထားရမယ့် အသင်း တစ်သင်း ဖြစ်နေခဲ့ပြီလို့ပဲ ဆိုချင်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရောက်ရှိနေတဲ့ ဆောက်သမ်တန်

ထူးထူးခြားခြားပဲ ယူနိုက်တက်တို့ ၃ ပွဲ ဆက်တိုက် ဦးဆောင်ဂိုးတွေ ရပြီးမှ ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ပြောရမယ် ဆိုရင် ယူနိုက်တက်တို့ တိုက်စစ် စတင်မှု ကောင်းပေမယ့် Final Third မှာ ညံ့လွန်းနေကြောင့် လိုအပ်နေတဲ့ သွင်းဂိုးတွေ မရတာလို့ပဲ မြင်မိပါတယ်။ အဓိက ကတော့ အဆုံးသတ် တိကျသေချာပါတယ် ဆိုတဲ့ ရော်နယ်ဒို ဆီကို ဘောလုံးရောက်အောင် ပို့ပေးနိုင်ခြင်း မရှိတာ ဖြစ်ပြီး ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ် တို့ရဲ့ တစ်ခါတစ်ရံ တစ်ကိုယ်ကောင်းဆန်မှုတွေ ကလည်း ယူနိုက်တက်ကို နိုင်ပွဲနဲ့ ဝေးနေစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးကြီး ရော်နယ်ဒို အနေနဲ့လည်း ၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ၆ ပွဲဆက် ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုး ထပ်တင်သွားခဲ့ရပါတယ်။

အမှတ်ထပ်လျော့ခဲ့တဲ့ ယူနိုက်တက် အနေနဲ့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပေမယ့် အဓိက ပြိုင်ဘက်တွေထက် ပွဲပို ကစားထားခြင်းက ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပြီလို့ပဲ ဆိုရပါမယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ မန်ချက်စတာမြို့ခံ နှစ်သင်းကို သရေ၊ စပါး ကို အနိုင်ကစားခဲ့တဲ့ စိန့်တို့ရဲ့ ခြေစွမ်း ကိုတော့ မဖြစ်မနေ ချီးကျူးရမှာ ဖြစ်ပါတယ်။ ရာသီ အစမှာ ရုန်းကန်ခဲ့ရပေမယ့် ရက်ဖ်ဟတ်ဆန်ဟတ်တဲလ်ရဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်ကို ပြန်လည် ရောက်ရှိနေခဲ့ပြီး လက်ရှိမှာ ပြိုင်ဘက်တိုင်း သတိထားရမယ့် အသင်း တစ်သင်း ဖြစ်နေခဲ့ပြီလို့ပဲ ဆိုချင်ပါတယ်။


လာမယ့်ပွဲစဉ်များ

ယူနိုက်တက်တို့ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဆောက်သမ်တန် ကတော့ ၁၉ ရက်နေ့မှာ အဲဗာတန်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်