နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်း ဆိုပေမယ့် ချဲလ်ဆီး ကိုပဲ ယုံကြည်ထားရမယ် | ဝက်ဖို့ဒ် – ချဲလ်ဆီး (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝက်ဖို့ဒ် – ချဲလ်ဆီး

လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီးရဲ့ အခြေအနေက တိုက်စစ်မှူးစစ်စစ် မပါရင်တောင် ဂိုးရဖို့ မခက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဝက်ဖို့ဒ် ကတော့ ပုံစံကောင်းရဖို့ ရုန်းကန်နေရတယ် ဆိုပေမယ့် အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရထားတဲ့ အနေအထား အထိ စွမ်းဆောင်မှု ရှိနေပါတယ်။ အိမ်ကွင်း ကစားအားကောင်းတဲ့ အသင်းနဲ့ အမှတ်ပေးဇယား အဆင့် ၁ အသင်းတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာပါ။

ပရီးမီးယားလိဂ် တန်းဆင်းဇုန် အန္တရာယ် ရှိနေပေမယ့် ဝက်ဖို့ဒ်ရဲ့ အိမ်ကွင်း ခြေစွမ်းက လျှော့တွက်လို့ မရပါဘူး။ လက်စတာကို ဂိုးပြတ်နဲ့ အရေး နိမ့်ထားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးကို အနိုင် ရထားတာကိုလည်း ထည့်တွက်ရမှာပါ။ ဒါပေမဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲရှုံး ၂ ပွဲနိုင် ရလဒ် ရရှိထားတာကိုတော့ သတိထားရဖို့ ရှိနေပါတယ်။ တိုက်စစ်က ၁၁ ဂိုး သွင်းထားပြီး ခံစစ်က ၉ ဂိုး ပြန်ပေးထားရပြန်ပါတယ်။ ၁၃ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၈ ပွဲအထိ ရှိနေတာကိုတော့ မေ့ထားလို့ မရပါဘူး။ အထူးသဖြင့် အိမ်ကွင်းဆိုရင် ကစားပုံ ပိုကောင်းတတ်သလို ခံစစ်ပိုင်းကလည်း ပိုပြီး တည်ငြိမ်ပါတယ်။ လက်ရှိမှာ မာစီနာ၊ ဖော်စတာ၊ ဒန်းနစ်၊ ဆီမာ၊ အစ္စမယ်လာဆားလ်တို့ ဒဏ်ရာပြဿနာ ရှိနေတာကတော့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ၄-၅-၁ နဲ့ ပွဲထွက်လာနိုင်တဲ့ အခြေအနေမှာ ပက်ဒရို၊ ဆစ်ဆိုကို၊  ကလီဗာလေ၊ တူလ်ဖန်၊ ဟာနန်ဒက်စ်တို့ကို ပွဲထွက် လူစာရင်းအဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် တန်းဆင်းဇုန် အန္တရာယ် ရှိနေပေမယ့် ဝက်ဖို့ဒ်ရဲ့ အိမ်ကွင်း ခြေစွမ်းက လျှော့တွက်လို့ မရပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရောက်ရှိနေတဲ့ ဝက်ဖို့ဒ်

ချဲလ်ဆီးရဲ့ အခြေအနေကတော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံ ရှိနေပါတယ်။ တိုက်စစ်ခံစစ် အမျှတဆုံး ဖြစ်နေသလို ဂိုးသွင်းခြေရနေတဲ့ နောက်တန်း ကစားသမားတွေရဲ့ အနေအထားကလည်း အားရစရာပါ။ ဘန်ချီးဝဲလ်၊ ကန်တီ၊ ကိုဗာဆစ်၊ ကန်တီတို့ ဒဏ်ရာပြဿနာ ရှိနေတာကတော့ ချဲလ်ဆီး အတွက် ဖိအားတစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ အဓိက တိုက်စစ်မှူးနှစ်ဦး ဖြစ်တဲ့ ရိုမယ်လူ လူကာကူနဲ့ တီမိုဗာနာတို့ ပြန်ကစားနိုင်တာ ကတော့ နည်းပြ တူချယ်လ် အတွက် သက်သာရာ ရစေခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဂျော်ဂျင်ဟို၊ မေဆန်မောင့်၊ လော့ဖ်တပ်ချိဖ်၊ အော့ဒွိုင်းစ်၊ ရီဆီဂျိမ်းစ်၊ အလွန်ဆိုတို့ ပါဝင်လာဖို့ ရှိနေတဲ့ အတွက် လိုအပ်ချက်တော့ မရှိပါဘူး။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ရရှိထားခြင်း နဲ့အတူ နောက်ဆုံး ၃ ပွဲမှာ ပေးဂိုး ၁ ဂိုးသာ ရှိထားခဲ့တာပါ။ တစ်ပွဲပျှမ်းမျှ ၂ ဂိုးနှုန်း ရယူနိုင်တဲ့ ကစားသမား အစုအဖွဲ့ အရ ချဲလ်ဆီးတို့ အမှတ်ပြည့်ရဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၂၅ ကြိမ်မှာ ဝက်ဖို့ဒ်က ၆ ကြိမ်နိုင် ချဲလ်ဆီးက ၁၅ ကြိမ် နိုင်ထားပြီး ၄ ကြိမ် သရေကျထား ခဲ့ပါတယ်။ အစဉ်အလာ အရ အပြတ်အသတ် အသာရထားတဲ့ ချဲလ်ဆီး အနေနဲ့ ပြီးခဲ့တဲ့ ရာသီ ဝက်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာတော့ ၁-၂ ဂိုးရလဒ်နဲ့ အနိုင်ရရှိထားပါတယ်။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝက်ဖို့ဒ် – ချဲလ်ဆီးအချိန်ပြည့် 1X2 ဧည့်သည် @ ၁.၂၉ ဆ
ဒီဇင်ဘာလ ၂ ရက်၊ မနက် ၂:၀၀ နာရီ (GMT+ ၆:၃၀)

1×2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၉.၀၀ ဆ၊ သရေ အတွက် ၅.၂၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၃၁ ဆ ကြေးဖွင့်ထားပါတယ်။ ဝက်ဖို့ဒ်ရဲ့ အိမ်ကွင်းခြေစွမ်းက လျှော့တွက်လို့ မရပါဘူး။ အသင်းကြီးတွေကို အခက်တွေ့အောင် ကစားနိုင်တဲ့ အခြေအနေမှာ ချဲလ်ဆီး ဆီကလည်း အမှတ်ရဖို့ ပြင်ဆင်လာမှာပါ။ ဒါပေမဲ့ အဆင့် ၁ နေရာက ချဲလ်ဆီး က ပရီးမီးယားလိဂ် လည်း အမှတ်ပေးဇယား ဆက်လက် ဦးဆောင်နိုင်ဖို့ အတွက် အမှားခံမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ရှေ့ပွဲစဉ်မှာ နိုင်ပွဲကိုယ်စီ ပျောက်ဆုံးထားလို့ ဒီပွဲကို အာရုံအပြည့်စိုက်လာမှာပါ။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဂိုးများနိုင်တဲ့ အခြေအနေမှာ ချဲလ်ဆီးကိုပဲ အကျိုးအမြတ်အတွက် အားပေးရမယ့် အချိန်ဖြစ်ပါတယ်။


ခန့်မှန်းရလဒ် (၁-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်