နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းများ

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားဦးမှာပါ။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို အခုနွေရာသီမှာ အသင်း ကနေ ထွက်ခွာမှာ မဟုတ်ကြောင်း သေချာစေဖို့ အတွက် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုဖို့ တွန်းအားပေးသွားဖွယ် ရှိနေပါတယ်။

ဒါ့အပြင် ပေါ်တူဂီ ကွင်းလယ် ကစားသမားကို ယူနိုက်တက် ဘက်က သူတို့ရဲ့ အနာဂတ် အစီအစဉ်တွေရဲ့ အဓိက အစိတ်အပိုင်း အဖြစ် ရှုမြင်နေကြပြီး ဒီနှစ် နွေရာသီမှာ သူတို့ ရရှိတဲ့ အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေကို ပယ်ချသွားမယ်လို့လည်း သိရပါတယ်။

နယူးကာဆယ် အသင်း ကတော့ အာဆင်နယ် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ်နဲ့ ရမ်းစ်ဒေးလ် တို့ဟာ ဘုန်းမောက်မှာ လက်တွဲခဲ့ကြဖူးသူတွေလည်း ဖြစ်ပါတယ်။

နည်းပြသစ် ရှာဖွေနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ ဘရိုက်တန် ကနေ ရာသီကုန်မှာ ထွက်ခွာတော့မယ့် နည်းပြ ရော်ဘတ်တို ဒီဇာဘီကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက် အရဆိုရင် ဒီဇာဘီ အနေနဲ့ ထွက်ခွာသွားတဲ့ သောမက်စ် တူချယ် နေရာမှာ အစားထိုး ဝင်ရောက်လာဖို့ များနေပြီလို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ အသင်းရဲ့ ဝါရင့် ကွင်းလယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ လူကာမိုဒရစ်နဲ့ တိုနီခရူးစ် တို့ကို အသင်းမှာ ဆက်ရှိနေဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မကြာသေးတဲ့ အချိန်က ရီးရဲလ်မက်ဒရစ် တာဝန် ရှိသူတွေဟာ အသင်းရဲ့ ပေါ်လစီ အရ လူကာမိုဒရစ်ကို စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် နော့တင်ဟမ်ဖောရက်စ် ကြယ်ပွင့် မော်ဂန် ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။
ဘေယန်မြူးနစ် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဒီဇာဘီ

စီးရီးအေ ကလပ် နာပိုလီ ဟာ ဗစ်တာ အိုဆင်မ်ဟန် နေရာမှာ အစားထိုးဖို့အတွက် လက်ရှိ အလာဗက်စ်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဆာမူ အိုမိုရိုဒီယွန်ကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် နော့တင်ဟမ်ဖောရက်စ် ကြယ်ပွင့် မော်ဂန် ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ နော့တင်ဟမ်ဖောရက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည် တည်တံ့ခိုင်မြဲရေး စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပြီးနောက် လာမယ့် နွေရာသီမှာ ကစားသမား တော်တော်များများကို ရောင်းထုတ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို သိတဲ့ စပါး ဘက်က ဂစ်ဘ် ဝှိုက်ကို ခေါ်ယူဖို့ ကနဦး ဆွေးနွေးမှုတွေတောင် ပြုလုပ်ပြီးပြီလို့ သိရပါတယ်။

ဆက်လက်ပြီး စပါးအသင်းဟာ ဘရွန်ဘီ တိုက်စစ်မှူး ယူအီတို ဆူဇူကီးကို စောင့်ကြည့်နေပြီး တစ်ဖက်မှာတော့ ဒီကစားသမားကို လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ အေစီမီလန်နဲ့ အေဂျက်စ် တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အေစီမီလန် အသင်း ကတော့ ဘိုလော့ဂ်နာ တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ဇီး ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားပေမယ့် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ အပြိုင် ကြိုးပမ်းသွားရဖို့ ရှိနေပါတယ်။ အိုးထရက်ဖို့ဒ်မှာ အငှားနဲ့ လာရောက် ကစားနေတဲ့ ဆိုဖရန် အမ်မရာဘတ်ဟာ စိတ်ပျက်စရာ ရာသီ တစ်ခု အဖြစ် ဖြတ်သန်းခဲ့ရပေမယ့် ပရီးမီးယားလိဂ် မှာပဲ ဆက်ရှိနေဖို့ များနေပါတယ်။ မော်ရိုကိုနဲ့ အတူ ကမ္ဘာ့ဖလားမှာ တောက်ပပြခဲ့တဲ့ ဒီကွင်းလယ် ကစားသမားကို လက်ရှိမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဖူလ်ဟမ် တို့က စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်