နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တော့တင်ဟမ်ဟော့စပါး – အာဆင်နယ် | ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ (ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – အာဆင်နယ်

မနက်ဖြန်ည မှာတော့ ပရီးမီးယားလိဂ် ပွဲကျန်တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်သလို လန်ဒန်ဒါဘီ ဖြစ်နေတာကြောင့်လည်း ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့တော့ ရှိနေပါတယ်။

ဒီပွဲဟာ တော့တင်ဟမ်ဟော့စပါး အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရရေး၊ မရရေးကို အဆုံးအဖြတ် ပွဲစဉ်လို့ ပြောလို့ ရပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ နိုင်ပွဲ ၁ ပွဲ သာ ရရှိခဲ့ခြင်းနဲ့ အတူ အာဆင်နယ်ရဲ့ ၄ မှတ် ဖြတ် ဦးဆောင်ခြင်း ခံထားရတဲ့ စပါးတို့ အဆင့် ၄ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ အတွက် အခုပွဲမှာ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေတာပါ။ ဒီပွဲပြီးရင် စပါးတို့ ဘန်လေနဲ့ နော့ဝှစ်ချ်စီးတီး တို့လို အသင်းငယ်တွေနဲ့ ကစားရမှာ ဖြစ်လို့ အာဆင်နယ်ထက် ပွဲချောင်နေတယ် ဆိုပေမယ့် ဒီပွဲမှာသာ ခြေချော်ခဲ့မယ် ဆိုရင် အဆင့် ၄ နေရာနဲ့ ၇ မှတ် ပြတ်သွားမှာ ဖြစ်ပါတယ်။ စပါးဟာ အသင်းကြီးတွေ့နဲ့ တွေ့ဆုံချိန်တိုင်းမှာ ခက်ခဲစေတတ်တဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရလည်း အသင်းတိုင်းကို အကောင်းဆုံး တုန့်ပြန်နိုင်တယ် ဆိုတာ မန်စီးတီး၊ လစ်ဗာပူးလ် တို့နဲ့ ကစားခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ချွင်းချက် အနေနဲ့ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီးတို့ Combo မိဖို့တော့ လိုအပ်ပါလိမ့်မယ်။ အခုလာမယ့် ပွဲမှာလည်း ကွန်တီ အနေနဲ့ ဒီကစားသမားတွေကိုပဲ အဓိက အားပြု ပွဲထုတ်လာဖို့ ရှိပြီး ရက်ဂီလောင်း၊ ဒိုဟာတီ၊ စကစ်ပ်နဲ့ တန်ဂန်ဂါ တို့ကတော့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
စတုဂတ်
ကိုးလ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – လိုရစ်၊ ဒိုင်ယာ၊ ရိုမဲယို၊ ဒေးဗီးစ်၊ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ ဆက်ဆနွန်၊ ရွိုင်ရယ်၊ ကူလူဆက်ဗ်စကီး၊ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်း

အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရရှိမှုနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တော်တော်လေး အခြေအနေ ကောင်းနေပါတယ်။ ဒီပွဲမှာ စပါးကို အနိုင်ရခဲ့မယ် ဆိုရင် လက်ကျန် ၂ ပွဲ ကစားဖို့ ကျန်ပေမယ့် အဆင့် ၄ နေရာနဲ့ ရာသီသိမ်းနိုင်မှာ ဖြစ်တာကြောင့်လည်း မီခယ် အာတေးတားရဲ့ အသင်းက ဗိုလ်လုပွဲ တစ်ပွဲ ကစားရသလို အားစိုက်လာမှာ သေချာပါတယ်။ အာဆင်နယ်တို့ ဒီပွဲ အတွက် ဘယ်လောက်အထိ အားခဲထားသလဲ ဆိုရင် ပြီးခဲ့တဲ့ ပွဲမှာ တစ်ယောက်လျော့ လိဒ်စ်ကို နိုင်ရုံလောက်ပဲ ထိန်းကစားသွားတာကို ကြည့်ပြီး သိနိုင်ပါတယ်။ တစ်ချက် ရှိတာက အာဆင်နယ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၇ ပွဲ ရှုံး ဆိုတဲ့ ရလဒ်က အားရစရာ အခြေအနေ တစ်ခုတော့ မဟုတ်ပါဘူး။ နည်းပြ အာတေးတား ကတော့ အခုလာမယ့်ပွဲကို ဗဟိုခံစစ်မှူး ဘန်ဝှိုက် အပြင် ဆာကာ လည်း ပွဲထွက်နိုင်ဖို့ မသေချာသေးဘူးလို့ ဆိုထားပြီး ပါတေးနဲ့ တီယာနေး တို့ကတော့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ နိုင်ပွဲ ၁ ပွဲ သာ ရရှိခဲ့ခြင်းနဲ့ အတူ အာဆင်နယ်ရဲ့ ၄ မှတ် ဖြတ် ဦးဆောင်ခြင်း ခံထားရတဲ့ စပါးတို့ အဆင့် ၄ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ အတွက် အခုပွဲမှာ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

ဖြစ်နိုင်ဖွယ်လူစာရင်း – ရမ်းစ်ဒေးလ်၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ တိုမီယာဆု၊ စီဒရစ်၊ ချာကာ၊ အဲလ်နန်နီ၊ အိုဒီဂတ်၊ မာတင်နယ်လီ၊ ဆာကာ၊ အန်ကတ်တီးယား


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၂၈ ကြိမ်မှာ စပါးက ၁၀ ကြိမ်၊ အာဆင်နယ်က ၁၁ ကြိမ်နိုင်ပြီး ၇ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ စပါး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ စပါးတို့ ၅ ကြိမ် အထိ အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၅ ကြိမ်မှာတော့ တစ်သင်းကို ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှု မှာတော့ အာဆင်နယ်တို့ တိုက်စစ် အစွမ်းပြပြီး ၃-၁ ရလဒ်နဲ့ အန်းမရိတ်စ်မှာ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ တော့တင်ဟမ်ဟော့စပါး အတွက် ၂.၁၀ ဆ၊ အာဆင်နယ် အတွက် ၃.၄၀ ဆ၊ သရေ အတွက် ၃.၆၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ စပါး အတွက် အခုပွဲ ၃ မှတ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ဖြစ်ပြီး အာဆင်နယ် အတွက် ကတော့ ကျိန်းသေပေါက် ဝင်ခွင့် ရမယ့် လက်မှတ် ဖြစ်ပါတယ်။ လန်ဒန်ဒါဘီ တွေ့ဆုံမှု ဆိုတာထက် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆုံးအဖြတ် ဖြစ်နေလို့ နှစ်သင်းလုံး အားကုန်ထုတ် ရုန်းကြမှာပါ။ အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ ကြည့်ကောင်းတဲ့ ပွဲစဉ် ဖြစ်လာဖို့ ရှိပြီး အမှားများတဲ့ အသင်း ကျိန်းသေပေါက် ဆုံးရှုံးမှု ကြီးမားသွားမယ့် ပွဲဖြစ်ပါတယ်။ စပါးတို့ အသင်းလိုက်စုဖွဲ့မှုမှာ အနည်းငယ် ပိုသာပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မှာတော့ အာဆင်နယ်ရဲ့ လူငယ်တွေကို ယှဉ်နိုင်ဖို့ မရှိပါဘူး။ စပါး အိမ်ကွင်းမှာ အာဆင်နယ်တို့ အသာမရတာကြာပြီ ဖြစ်ပေမယ့် ဒီပွဲမှာတော့ အာတေးတားတို့ အုပ်စု ဖောင်ဖျက်ကစားရင်း အနိုင် ၃ မှတ် ရသွားမယ် ထင်ပါတယ်။


ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်