ပပ် ဂွါဒီယိုလာ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးမှာ သူ့ရဲ့ နောက်ဆုံးရာသီကို ဖြတ်သန်းနေပြီလို့ ယူဆရပါတယ်။ ဒါကြောင့် သူ့ရဲ့ နေရာကို အစားထိုးနိုင်မယ့် ဖြစ်နိုင်ခြေ အရှိဆုံး နည်းပြ ၄ ဦးက ဘယ်သူတွေလဲ ဆိုတာ ကြည့်ရအောင်ပါ။
မန်စီးတီးဟာ ပပ် ဂွါဒီယိုလာရဲ့ လက်ထက်မှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ရလဒ်ပိုင်း အနည်းငယ် ကျဆင်းခဲ့မှုနဲ့ အတူ အသင်းကို ကစားငမားသစ်တွေနဲ့ ပြန်လည် တည်ဆောက်နေရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာကြောင့်လည်း ဂွါဒီယိုလာ အနားယူတော့မယ့် သတင်းတွေ ပိုမိုထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက လက်တလော မန်စီးတီးက ပြည်တွင်း ဖလား ၃ လုံး အောင်မြင်မှု လမ်းကြောင်းပေါ်မှာ အပြည့်အဝ ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။ မန်စီးတီးက ခရာဘောင်ဖလားကို ကိုင်မြှောက်ထားနိုင်ပြီး လက်ကျန် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် မှာသာ အောင်မြင်မှု ရယူနိုင်မယ် ဆိုရင်တော့ ဂွါဒီယိုလာ တယောက် မန်စီးတီးမှာ ဆက်နေနိုင်ပါတယ်။
ဂွါဒီယိုလာရဲ့ နေရာမှာ အစားထိုးဖို့ ရေပန်းအစားဆုံး နည်းပြတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၄။ လူးဝစ္စ အန်နရီကေး
လက်ရှိ ပီအက်စ်ဂျီမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ အန်နရီကေးဟာ ဂွါဒီယိုလာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သလို၊ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါ့အပြင် အန်နရီကေးက ဂွါဒီယိုလာရဲ့ ကစားဟန်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်နိုင်သူ တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် အန်နရီကေး တစ်ယောက် ပရီးမီးယားလိဂ်လို ခက်ခဲကြမ်းတမ်းပြီး စိန်ခေါ်မှု များတဲ့ နေရာကို လာရောက် ကိုင်တွယ်ပါ့မလား ဆိုတာ စဉ်းစားစရာပါ။
၃။ ဇာဘီ အလွန်ဆို (Xabi Alonso)
ရီးရဲလ်မက်ဒရစ်မှာ ၇ လကြာ တာဝန်ယူစဉ် ရလဒ်ပိုင်း အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် လေဗာကူဆင်နဲ့ အတူ ရရှိခဲ့တဲ့ ၂၀၂၃-၂၀၂၄ ရာသီက သမိုင်းဝင် အောင်မြင်မှုတွေက သူ့ရဲ့ အရည်အချင်းကို သက်သေပြနေဆဲ ဖြစ်ပါတယ်။ အလွန်ဆိုဟာ ဘေယန်မြူးနစ်မှာ ကစားစဉ်က ဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ် အတွေ့အကြုံလည်း ရှိသူ ဖြစ်တာကြောင့် မန်စီးတီး အတွက် သင့်တော်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။
၂။ ဗင်းန်ဆင့် ကွန်ပနီ

မန်စီးတီး အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီဟာ အသင်းရဲ့ အတွင်းရေးတွေကို အသိဆုံးသူ ဖြစ်ပါတယ်။ ဘန်လေမှာ အတက်အကျတွေ ရှိခဲ့ပေမယ့် လက်ရှိ ဘေယန်မြူးနစ် မှာတော့ အထူး ခြေစွမ်းပြနေပြီး ဘွန်ဒက်စ်လီဂါမှာ ထိပ်ဆုံးက ဦးဆောင်နေသလို ချန်ပီယံလိဂ် မှာလည်း ရေပန်းစားနေပါတယ်။ သူ့ရဲ့ တိုက်စစ်ဆင်တဲ့ ကစားဟန်က မန်စီးတီး ပရိသတ်တွေ အကြိုက်တွေ့စေမှာ အမှန်ပါပဲ။
၁။ အန်ဇို မာရက်စကာ
နံပါတ် (၁) နေရာမှာ ရှိနေတာ ကတော့ မန်စီးတီးရဲ့ လက်ထောက် နည်းပြဟောင်း မာရက်စကာ ဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ လမ်းခွဲခဲ့ရပေမယ့် ချဲလ်ဆီးမှာ စိန်ခေါ်မှုတွေ ကြားက ဆုဖလား ၂ လုံး ရယူပေးနိုင်ခဲ့သူပါ။ သူဟာ ဂွါဒီယိုလာရဲ့ တပည့်ရင်း ဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုကို အခြေခံတဲ့ ကစားကွက်ကို အသုံးချသူ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ လူငယ်အသင်းနဲ့ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးတာကြောင့် အသင်းရဲ့ ယဉ်ကျေးမှုကို နားလည်ပြီး ဂွါဒီယိုလာရဲ့ နေရာကို အချောမွေ့ဆုံး ဆက်ခံနိုင်မယ့်သူလို့ သတ်မှတ်ခံထားရပါတယ်။ လက်ရှိမှာတော့ အန်ဇို မာရက်စ်ကာက ချဲလ်ဆီးနဲ့ လမ်းခွဲပြီး ကတည်းက အသင်း လက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


