နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပါးနဲ့ ပွဲကလွဲလို့ တိုက်ပွဲဝင်လို စိတ် အပြည့်ရှိခဲ့ကြောင်း ပြောလာတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရပြီးတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က တော့တင်ဟမ်ဟော့စပါးကို ၃ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က လွဲပြီး ကျန်တဲ့ ပွဲစဉ်တွေမှာ အသင်းက တိုက်ပွဲဝင်စိတ်တွေကို ပြသနိုင်ခဲ့တယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ (၁၁) ပွဲ အထိ ကစားအပြီး ဖူလ်ဟမ်၊ ဆောက်သမ်တန်၊ ဘန်စလေနဲ့ ဘရန့်ဖို့ဒ် တို့ကိုသာ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လစ်ဗာပူးလ်၊ ဘရိုက်တန်နဲ့ စပါး တို့ကို ရှုံးနိမ့်ထားခဲ့သလို ခရစ္စတယ်ပဲလေ့စ်၊ တွမ်တီး၊ ပေါ်တို အက်စတွန်ဗီလာ တိုကိုတော့ သရေကျထားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်က အောက်တိုဘာလရဲ့ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင်မှာ ဆိုရင်လည်း ပြိုင်ပွဲစုံ ၅ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ပွဲရော သွင်းဂိုးပါ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ပွဲရော သွင်းဂိုးပါ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နိုင်ပွဲ ပျောက်မှုကို ရပ်တန့်နိုင်ခဲ့တဲ့ ယူနိုက်တက်

ဒါပေမယ့်လည်း မနေ့ညက ဘရန့်ဖိုဒ်နဲ့ ပွဲစဉ်မှာတော့ ယူနိုက်တက်က နိုင်ပွဲရော၊ သွင်းဂိုးတွေပါ ပြန်လည် ရှာတွေ့ခဲ့ပြီးနောက် တန်ဟက်ဂ်က အခုလိုပဲ ကြုံးဝါးလာခဲ့ပြန်တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ တန်ဟက်ဂ်က “ဖိအားတွေ ကတော့ အမြဲတမ်း ရှိနေတတ်ပါတယ်။ ကျွန်တော် တို့တွေ ပွဲတိုင်းကို အနိုင်ရဖို့လည်း လိုအပ်ပါတယ်။ တစ်ဂိုး အသွင်းခံထားရချိန်မှာ ကျွန်တော် တို့တွေ မမျှတမှု တချို့နဲ့လည်း ကြုံတွေ့ခဲ့ရပြီးတော့ ဒါကို တွန်းအား အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲ့ဒီကနေမှ ကျွန်တော်တို့ ဒေါသတွေ ပိုထွက်လာပါတယ်။ ဒါက ပြီးပြည့်စုံတဲ့ အခြေအနေ မဟုတ်ခဲ့ပေမယ့် ပွဲကိုတော့ ထိန်းချုပ် ကစားသွားနိုင်ခဲ့တယ်။ ဒီပွဲကို အနိုင်ရလိုက်လို့ ကျွန်တော်တို့ ပျော်ရွှင်ရပါတယ်။ ယူနိုက်တက်မှာက နိုင်ပွဲတွေ ရယူဖို့ လိုအပ် သလို ဖျော်ဖြေမှု ပေးနိုင်ဖို့လည်း လိုပါတယ်။ ခွင့်ပြုပေးလိုက်ရတဲ့ ဂိုးတွေ ကတော့ မမျှတဘူးလို့ ထင်ပါတယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့တွေ အတူတကွ စည်းလုံးမှုကို ပြသပြီး လှပတဲ့ ဂိုး ၂ ဂိုး ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော် တို့က ကြီးမားတဲ့ ရှုံးနိမ့်မှုကြီး တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး ကတည်းက နိုင်ပွဲတွေ ပြန်လည် ရယူဖို စိတ်ပိုင်းဖြတ်ထားကြတာပါ။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး တန်ဟက်ဂ်က “အခုနိုင်ပွဲ ကတော့ တကယ့်ကို သဘောကျစရာ ကောင်းတဲ့ နိုင်ပွဲပါပဲ။ ကစားသမား ၁၀ ဦးတည်းနဲ့ ကစားခဲ့ရတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲတစ်ပွဲတည်းကသာ ကျွန်တော်တို့ အတွက် ညံ့ဖျင်းခဲ့တဲ့ပွဲပါ။ တခြားပွဲတွေ အားလုံး မှာတော့ ကျွန်တော် တို့က ကျွန်တော်တို တည်ဆောက်ထားတဲ့ အသင်းရဲ့ ကာရိုက်တွေ အသင်းရဲ့ တိုက်ပွဲဝင်စိတ်တွေကို ပြသနိုင်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်