နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းက ရာနှုန်းပြည့် အားထည့်ဖို့ လိုအပ်နေကြောင်း ပြောဆိုလာတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် လိဂ် အဆင့် ပွဲစဉ် မှာတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ နယ်သာလန် ကလပ် အက်ဖ်စီ တွမ်တီးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ခရစ္စတီယန် အဲရစ်ခ်ဆင်ရဲ့ ပထမပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲရစ်ခ်ဆင်ရဲ့ အမှား ကနေ တဆင့် ချေပဂိုး ပြန်လည် ခွင့်ပြုခဲ့ရပြီးတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်

လက်ရှိမှာ ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဥရောပ ပြိုင်ပွဲ ပွဲစဉ် ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ အထိ အခြေအနေက တော်တော်လေး ဆိုးရွှားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်က ဒိန်းမတ် ကလပ် ကိုပင်ဟေဂင်ကို အနိုင်ရခဲ့တာ ဖြစ်ပြီး အဲ့ဒီပွဲစဉ်မှာ တန်ဟက်ဂ်ရဲ့ အသင်းက ပွဲပြီးခါနီး ပင်နယ်တီ ခွင့်ပြုခဲ့ရပြီး အိုနာနာ ကယ်လို့သာ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

အက်ဖ်စီ တွမ်တီးနဲ့ ပွဲအပြီး မှာတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ တန်ဟက်ဂ်က “ကျွန်တော်တို့ တစ်ဂိုး အသာ ရနေချိန်မှာ သူတို့ကို ရှင်သန်ခွင့် ပေးလိုက်မိပါတယ်။ ပွဲကို ထိန်းကစားပြီး ချေပဂိုး ပြန်ပေးလိုက်ရချိန် မှာတော့ သရေ ရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ ကျွန်တော် တို့က ပွဲကို အပြီးဖြတ်နိုင်ဖို့ နောက်ထပ် ဂိုးတွေ ထပ်သွင်းရမယ့် အစား ချေပဂိုးပဲ ပေးလိုက်ရတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အက်ဖ်စီ တွမ်တီးနဲ့ ပွဲအပြီး မှာတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
ပြိုင်ပွဲစုံမှာ နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ ယူနိုက်တက်

ဆက်လက်ပြီး တန်ဟက်ဂ်က“ကျွန်တော် တို့ရဲ့ အသင်းက ကောင်းမွန်တဲ့ ဖွဲစည်းမှုမျိုးတွေ ထပ်မံ မြင်တွေ့ခဲ့ရပေမယ့်လည်း တသမတ်တည်း ရှိနေဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမျိုး ခြေစွမ်းကို တစ်ပွဲလုံး ပြသနိုင်ခဲ့ရမှာပါ။ အခုက သူတို့ အသင်းကို တစ်ဂိုးပဲ သွင်းပြီး အပြီးမဖြတ်လိုက်နိုင်တာက ဒီပွဲရဲ့ အဓိက အချက် ဖြစ်သွားခဲ့တယ်။ သူတို့ အသင်းက ပွဲချိန်ပြည့် တိုက်ပွဲဝင်ခဲ့ကြတာပါ။ ကျွန်တော် တို့ကတော့ အဲ့ဒီလို မလုပ်နိုင်ခဲ့ဘူး။ (၉၉)% လောက် အားထုတ်ခဲ့ရင်တောင် မလုံလောက်ပါဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့် ကစားနိုင်ရပါမယ်။ ပွဲကို လုံးဝ အပြီးသတ်နိုင်ခဲ့ရမှာပါ။” လို့ ဆိုပါတယ်။

“ကျွန်တော်တို့ အသင်းရဲ့ work rate ဘယ်လောက်တောင် မြင့်မားနေသလဲ ဆိုတာကို ပွဲတော်တော်များများမှာ မြင်တွေ့ထားရပေမယ့် ဒီပွဲ မှာတော့ မတွေ့မိပါဘူး။ ဒါက အသင်းနဲ့ သက်ဆိုင်နေတာမျိုး မဟုတ်ပဲ ကျွန်တော် ကိုယ်တိုင်နဲ့လည်း ပတ်သက်နေပါတယ်။ ကျွန်တော်လည်း ပြန်လည် ဆန်းစစ်ကြည့်ဖို လိုနေပါပြီ။ ဒီလို အခြေအနေမျိုး မှာတော့ အဆုံးသတ်ပိုင်းက ပိုပြီးတော့ ကောင်းမွန်ခဲ့သင့်တာပါ။ ဒါပေမယ့် ဒါက ဘောလုံးပါပဲ။ ကျွန်တော်တို့ ဆက်သွားနေရဦးမှာပါ။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့ပေမယ့် ပဲလေ့စ်နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရှေ့တစ်ပတ် ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း အဆင်ပြေခဲ့ပေမယ့် နောက်ဆုံး နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခြင်းနဲ့ အတူ ခြေစွမ်းပိုင်း ကလည်း စိတ်ပျက်စရာ‌ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်