နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာနဲ့ ဂိုးအနည်း တွဲပြီး အရဲစွန့်ချင်တယ် | ဘရိုက်တန် – အက်စတွန်ဗီလာ (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘရိုက်တန် – အက်စတွန်ဗီလာ

ပရီးမီးယားလိဂ် နှစ်ပွဲဆက် ရှုံးထားတဲ့ ဘရိုက်တန်နဲ့ အက်စတွန်ဗီလာတို့ အခုတစ်ပတ်မှာ ထိပ်တိုက်တွေ့ဆုံနေခဲ့ပြီး ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေဖို့ အားစိုက်လာကြဦးမှာ ဖြစ်ပါတယ်။

ဘရိုက်တန်ရဲ့ ဒီရာသီ ခြေစွမ်းက အကောင်းကြီး မဟုတ်သလို ဆိုးဆိုးရွားရွားကြီးလည်း ဖြစ်မနေပါဘူး။ ပွဲစဉ် ၂၃ ပွဲ ကစားပြီးချိန်မှာ ၁၂ ပွဲ အထိ သရေကျထားပြီး အခုနှစ် ပရီးမီးယားလိဂ် ရဲ့ သရေပွဲ အများဆုံး အသင်းလည်း ဖြစ်နေပါတယ်။ ရာသီ အစကလောက် ခြေစွမ်းပိုင်း အားရစရာ မကောင်းတော့ပေမယ့် တတ်နိုင်သမျှ ရမှတ်တွေ ရှာဖွေနေဆဲ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၁၀ အောက် မကျအောင် ထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲ မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဘန်လေ တို့ကိုတော့ ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ အဆင့် ၁၀ နေရာက ဆောက်သမ်တန်ကို ၁ မှတ်သာ ကွာဟတဲ့ အခြေအနေ ရောက်ရှိ သွားခဲ့ပါတယ်။ လက်ရှိ အသင်းမှာ မွီပူ၊ ဆာမီယန်တို တို့ နှစ်ဦး ကလွဲလို့ ကျန်အဓိက ကစားသမားတွေ အားလုံး ပွဲထွက်နိုင်ဖို့ ရှိနေပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ မူပေး၊ ထရော့ဆက်ဒ်၊ မိုဒါ၊ ဘစ်ဆူးမား၊ ဂရော့စ်၊ ကူကာရယ်လာ၊ လမ့်ပ်တေး၊ ဗဲလ်တ်မန်း၊ ဒန့်ခ်၊ ဝက်ဘ်စတား၊ ဆန်းချက်ဇ် တို့ ပါဝင်လာဖို့ ရှိနေပါတယ်။

အက်စတွန်ဗီလာ ကတော့ ဂျရတ် စတင်ကိုင်တွယ်ချိန်မှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ တက်ရိပ်ပြခဲ့ပေမယ့် မထင်မှတ်ပဲ ခြေစွမ်း ပြန်လည် ကျဆင်းသွားခဲ့လို့ လောလောဆယ်မှာ တော်တော်လေး ရုန်းကန်နေရတယ်လို့ ပြောလို့ ရပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး နောက်ဆုံး ၂ ပွဲမှာတော့ နယူးကာဆယ်၊ ဝက်ဖို့ဒ် တို့လို ဇယား အောက်က အသင်းတွေကို ၁-၀ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါ့အပြင် ဗီလာရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင် ၄ ပွဲနိုင်ပြီး ၈ ပွဲ ရှုံးထားခဲ့လို့ အားရစရာ အခြေအနေမှာ ရှိမနေပါဘူး။ လက်ရှိ ဂျရတ်ရဲ့ အသင်းက လူပြန်စုံနေလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ မြင်တွေ့ရဖို့ ရှိနေပြီး ဒန်နီအင့်ဂ်၊ ကော်တင်ဟို၊ ဘူအန်ဒီရာ၊ လူးဝစ်ဇ်၊ ဘိုင်လီ၊ ဒစ်ဂ်နီး၊ မင်းဂ်စ်၊ ကွန်ဆာ၊ ကတ်ရှ်၊ မာတီနက်ဇ်တို့နဲ့ ပွဲထွက်လာနိုင်ပါတယ်။

ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲ မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဘန်လေ တို့ကိုတော့ ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ အဆင့် ၁၀ နေရာက ဆောက်သမ်တန်ကို ၁ မှတ်သာ ကွာဟတဲ့ အခြေအနေ ရောက်ရှိ သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၈ ပွဲမှာ အက်စတွန်ဗီလာတို့ ၃ ပွဲ အနိုင်ရခဲ့ပြီး ဘရိုက်တန် ကတော့ ၁ ပွဲသာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ သရေပွဲ ကတော့ ၄ ပွဲ အထိ ရှိထားခဲ့ပြီး ဘရိုက်တန် ကွင်းမှာ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ နှစ်ကြိမ်စလုံး သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာတော့ ဝက်ကင်န်စ်၊ မင်းဂ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အက်စတွန်ဗီလာတို့ ၂ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ ဘရိုက်တန် အတွက် ၂.၂၈ ဆ၊ သရေ အတွက် ၃.၁၅ ဆ၊ အက်စတွန်ဗီလာ အတွက် ၃.၁၅ ဆ ဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိမှာ နှစ်သင်းလုံး ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေခဲ့သလို ယုံကြည်မှုလည်း ပျောက်ဆုံးနေကြပါတယ်။ Final Third ကစားသမားကောင်းတွေ ပါဝင်လာဖို့ ရှိလို့ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရနိုင်ချေ ရှိပေမယ့် ဂိုးပြတ် ဖို့တော့ မရှိပါဘူး။ ဘရိုက်တန်ဟာ အိမ်ကွင်း မာတဲ့ အသင်း ဖြစ်ပေမယ့် ဒီပွဲ မှာတော့ ပွဲအဖြေ ထုတ်ပေးနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ဗီလာကို ပိုပြီး သဘောကျနေပါတယ်။ ဗီလာတို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်