နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လွဲပြီးရင်း လွဲနေတဲ့ နူညက်ဇ်၊ ငှက်ကြား ဖြစ်နိုင်သေးတဲ့ ရော်နယ်ဒို (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

အလွတ်ကြီး ကန်ရတာတောင် လွဲနေဆဲ နူညက်ဇ်၊ ကာဆယ်မှာ ကစားဖို့ အခွင့်အရေး ရှိနေတဲ့ ရော်နယ်ဒို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်သွားတဲ့ လစ်ဗာပူးလ်

နည်းပြကြီး ယာဂင် ကလော့ပ်ရဲ့ လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ဇယား အထက်ပိုင်းကို တဖြည်းဖြည်းနဲ့ ပြန်လည် တက်ရောက်နိုင်ဖို့ အားထုတ်နေချိန်မှာမှ ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ ဒီရာသီမှာ အသင်းကြီးတွေနဲ့ တွေ့တိုင်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေခဲ့တဲ့ ဘရန်ဖို့ဒ်က သူ့ရဲ့ အိမ်ကွင်းမှာ လစ်ဗာပူးလ် ကိုလည်း ခြေစွမ်းပြ အနိုင်ယူသွားခဲ့ပြီး သူတို့ရဲ့ အရည်အသွေးကို ထပ်ပြသွားခဲ့ပါတယ်။ 

ပွဲစကတည်းက ဘရန့်ဖို့ဒ်က လျင်မြန်တဲ့ ကစားဟန်ကို အချိတ်အဆက်မိမိနဲ့ ပြသခဲ့ပြီး လစ်ဗာပူးလ်ကို ဖိအားပေးခဲ့တာပါ။ ဒါကြောင့်လည်း ဦးဆောင်ဂိုး ရခဲ့ပြီး ပထမပိုင်းမှာတင် လစ်ဗာပူးလ်ကို ၄ ဂိုး အထိ သွင်းယူနိုင်ခဲ့တာပါ။ ဒါပေမယ့် VAR ကြောင့် သွင်းဂိုး ၂ ဂိုးတည်းသာ ရခဲ့ပြီး ဒုတိယပိုင်း အစမှာ လစ်ဗာပူးလ်တို့ ချေပဂိုး တစ်ဂိုး ပြန်ရခဲ့ပါတယ်။ ဒါပေမယ့် VAR ကြောင့် နောက်ထပ် တစ်ဂိုး မရခဲ့တဲ့ အပြင် ဘရန့်ဖို့ဒ်က နောက်ထပ် တစ်ဂိုး ထပ်သွင်းသွားလို့ ၃-၁ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ 

လစ်ဗာပူးလ် အတွက်တော့ ဒီရာသီရဲ့ ၅ ပွဲမြောက် ရှုံးပွဲ ဖြစ်လာခဲ့ပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေကာ အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ ၄ မှတ် ကွာဟသွားခဲ့ပါပြီ။ ဘရန်ဖို့ဒ် ကတော့ အဆင့် ၇ နေရာမှာ ရှိနေပြီး ဥရောပဝင်ခွင့် တစ်နေရာ အတွက် မျှော်လင့်လို့ ရနေပြီလည်း ဖြစ်ပါတယ်။ 

ပရီးမီးယား လိဂ်
အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ (Draw) @ 3.85
ဂိုးပေါ် 2.75 @ 2.07
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၅ ကိုက် အကွာက ကန်သွင်းရတာတောင် လွဲဖြစ်အောင် လွဲတဲ့ ဒါဝင် နူညက်ဇ်

လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကတော့ နောက်ထပ်တခါ လွဲပြန်ပြီလို့တောင် ပြောရမှာကို အားနာနေရအောင် ဖြစ်နေပါပြီ။ မနေ့ညက ကစားခဲ့တဲ့ ဘရန်ဖို့ဒ်နဲ့ ပွဲမှာ ၅ ကိုက်အကွာက အပိုင်ကန်သွင်းရတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ ဖြစ်ခဲ့ပြီး ဂိုးပေါက် ထပ်ပျောက်နေကာ လစ်ဗာပူးလ် ပရိသတ်တွေကို တော်တော်လေး စိတ်ပျက်နေစေခဲ့ပြန်ပါတယ်။ 

ဘရန်ဖို့ဒ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ၁ ဂိုး သွင်းယူခဲ့ပေမယ့်လည်း လူကျွံနေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒီနောက်မှာ သူက ဂိုးသမား ကိုပါ ကျော်ဖြတ်ပြီး ဂိုးသမား မရှိတော့တဲ့ ဂိုးပေါက်ကို ၅ ကိုက် အကွာ ကနေ ကန်သွင်းခွင့်ရခဲ့ရာမှာ ဘယ်ခြေနဲ့ အပိုင်ပိတ်ခဲ့ပေမယ့်လည်း ပြိုင်ဘက် ကစားသမား ဘန်မီးစ်နဲ့ တည့်တည့်ထိခဲ့ပြီး ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ 

နူညက်ဇ်ဟာ ဒီလိုမျိုး အပိုင်အခွင့်အရေးတွေကို ဆက်တိုက် လွဲချော်နေခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ပရိသတ်တွေကို စိတ်ပျက်စရာတွေချည်းပဲ ထပ်ပေးနေသလို ဖြစ်ခဲ့ပါတယ်။ ကလော့ပ်ရဲ့ အားပေး ထောက်ခံမှုကို အပြည့်အဝ ရရှိထားပြီး ပွဲထွက် ကစားခွင့်ပါ ရနေပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ လွဲချော်နေတာ ဖြစ်ပါတယ်။ ကလော့ပ် အတွက်တော့ နူညက်ဇ်နဲ့ ပတ်သက်ပြီး သေချာ ပြန်စဉ်းစားရတော့မယ့် အချိန်ကို ရောက်နေပြီလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ 


နယူးကာဆယ်မှာ ကစားဖို့ အခွင့်အရေး ရှိနေတဲ့ ရော်နယ်ဒို

နယူးကာဆယ်က လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာ ရောက်ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် တိုက်ပွဲဝင်နေခဲ့ပြီ ဖြစ်ပါတယ်။
ဆော်ဒီ ကလပ်နဲ့ နှစ်နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တဲ့ ရော်နယ်ဒို

ဆော်ဒီ ကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ စာချုပ်အတွင်းမှာ တကယ်လို့ ဒီရာသီ ပြီးဆုံးချိန်မှာ နယူးကာဆယ်က ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ခဲ့မယ် ဆိုရင် လာမယ့် ရာသီသစ်မှာ သူ့ကို ငှက်ကျားတွေ ဆီကို အငှားချပေးရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်း ချုပ်ဆိုခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ 

ဆော်ဒီ သူဌေးပဲ ပိုင်ဆိုင်တဲ့ နယူးကာဆယ် ယူနိုက်တက်ရဲ့ အနေအထားကြောင့် ဒီသတင်းက ဖြစ်နိုင်ချေရှိတယ် လို့လည်း အားလုံးက သုံးသပ်နေကြပါတယ်။ နယူးကာဆယ်က လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာ ရောက်ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် တိုက်ပွဲဝင်နေခဲ့ပြီ ဖြစ်ပါတယ်။ သူတို့သာ အမှန်တကယ် အဆင့် ၄ ဝင်ခဲ့မယ် ဆိုရင် ချန်ပီယံလိဂ်မှာ ကစားချင်နေတဲ့ ရော်နယ်ဒိုကို မြင်တွေ့ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုကတော့ မိသားစုနဲ့အတူ ဆော်ဒီကို ရောက်ရှိနေပြီး အသင်းသစ်နဲ့ မိတ်ဆက်ပွဲကို ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ အခုထွက်ပေါ်နေတဲ့ သတင်းတွေ ကတော့ အတည်ပြုနိုင်ခြင်း မရှိသေးသလို နှစ်ဖက်စလုံး ကလည်း ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု တုံ့ပြန်တာမျိုး မပြုလုပ်သေးပါဘူး။ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်