နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ်မှာသွင်းဂိုးမရပဲ ထပ်ပြီးအရေးနိမ့်ခဲ့တဲ့ကွန်တီရဲ့စပါး(ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၂-၀ တော့တင်ဟမ်ဟော့စပါး

လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်လို့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှုက သာမန်ထက်ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံဆုရယူပေးခဲ့တဲ့ နည်းပြဟောင်းကွန်တီကြောင့် ပွဲကပိုပြီးမြိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိ ရာသီ ချဲလ်ဆီးနဲ့တွေ့ဆုံတိုင်း အသာမရခဲ့တဲ့ စပါးတို့ ဒီတစ်ကြိမ် မှာလည်း တူချယ်ရဲ့ အသင်းကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ခြေပြတ် ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပြန်တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ပရီးမီးယားလိဂ်အဆင့်၄နေရာအတွက်အဓိကပြိုင်ဘက်တွေဖြစ်တဲ့ဝက်စ်ဟမ်းနဲ့အာဆင်နယ်တို့အမှတ်လျော့မှုကိုအခွင့်ကောင်းမယူနိုင်ခဲ့တဲ့စပါးကတော့ရမှတ်၃၆မှတ်နဲ့အဆင့်၇နေရာမှာဆက်လက်ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

ဒီရာသီမှာ အကြိမ်ကြိမ်ထိပ်တိုက်တွေ့ဆုံနေတဲ့ အသင်းနှစ်သင်းရဲ့အားပြိုင်မှု ဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေမျှော်လင့်ထားခဲ့ပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ ပုံစံကောင်းရဖို့ရုန်းကန်နေရတယ်ဆိုပေမယ့် ကစားသမား အင်အားအသာရတဲ့ ချဲလ်ဆီးတို့ပဲ ခါရာဘောင်းဖလားပွဲအလွန်မှာ ထပ်ပြီးအနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လူကာကူတစ်ဦးတည်းကို တိုက်စစ်မှာ အထောင်ထားပြီး အော့ဒွိုင်းစ်၊ မေဆန်မောင့်၊ ကိုဘာဆစ်၊ ဇိုင်းယက်စ်၊ ဂျော်ဂျင်ဟို၊ သီယာဂိုဆေးဗားလ်တို့နဲ့အတူ ချဲလ်ဆီးတို့ လူစုံခဲ့ပါတယ်။ တစ်ဖက်မှာ ဆွန်ဟောင်မင်မပါဝင်နိုင်တဲ့ စပါးတိုက်စစ်ကို ဟာရီကိန်း၊ ဘာ့ဂျ်ဝင့်တို့ပဲ ဦးဆောင်လာခဲ့ပြီး ဒိုဟာတီ၊ ဟယ်ရီဝင့်ခ်၊ ဒီယာ၊ ဆန်းချက်ဇ်၊ ဒါးဗီးစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မေဆန်မောင့်ရဲ့ဖန်တီး ပေးပို့မှုကို လူကာကူ လွဲချော်ခဲ့သလို အော့ဒွိုင်းစ်ရဲ့ ခေါင်းတိုက်ချက် လွဲချော်ခဲ့တာတွေက စပါးကို သက်သာရာရစေခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ထိထိရောက်ရောက်ကစားနိုင်ခြင်းမရှိတဲ့ စပါးအနေနဲ့ တော်တော်လေးကို ရုန်းကန်ခဲ့ရပြီး ဟယ်ရီဝင့်ခ်ရဲ့ အဝေးကန်ချက်တစ်လုံးတည်းသာ ချဲလ်ဆီးဂိုးပေါက်ကိုခြိမ်းခြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာတော့ နှစ်သင်းလုံးကစားပုံအနည်းငယ်ပြောင်းလဲခဲ့ပေမယ့် တကယ်တမ်းဂိုးရသွားတာကတော့ ချဲလ်ဆီးဖြစ်ပါတယ်။ အော့ဒွိုင်းရဲ့အလိုက်သင့် ဖန်တီးပေးမှုကို ဂိုးဧရိယာထိပ်ကနေဟာကင်မ် ဇီယက်ချ်က ဘယ်ခြေနဲ့ သေသေသပ်သပ် ဝေ့ဝိုက်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၅၅ မိနစ်မှာပြစ်ဒဏ်ဘောကနေတဆင့်ရရှိတာကို သီယာဂိုဆေးဗားလ်က ခေါင်းတိုက်အဆုံးသတ်ပြီး ချဲလ်ဆီးအတွက် ဒုတိယမြောက်ဦးဆောင်ဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ၂ဂိုးဆက်တိုက်ပေးလိုက်ရတဲ့အချိန်မှာ စပါးတို့ တိုက်စစ်ဆင်ဖို့ထက် ခံစစ်ကိုပဲ အားပြုခဲ့ရလို့ ချေပဂိုးတစ်ဂိုးမှပြန်မရခဲ့ပဲ ၂-၀ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

လာလီဂါ
မယ်လိုကာ
ကာဒပ်ဇ်
1X2 သရေ @ 3.40
ဂိုး‌အောက် 0.75 @ 2.11
စုစုပေါင်းဂိုးအရေအတွက် 0-1 @ 2.49
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

နည်းပြနှစ်ဦးရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှု အပြင် ဒါဘီပြိုင်ဘက်တွေဖြစ်လို့ ကစားသမားတွေအကြားပြိုင်ဆိုင်မှု တော်တော်လေး ပြင်းထန်ခဲ့ပါတယ်။ဒီပွဲရဲ့ အဖြေဟာ နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်းထက် ကစားသမားတွေရဲ့ အရည်အသွေးတွေ ပေါ်မှာ ပိုပြီး မူတည်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ကိုဘာဆစ်၊ ဂျော်ဂျင်ဟို၊ မေဆန်မောင့် တို့လို့ ကစားသမားတွေကို ဟယ်ရီဝင့်ခ်၊ ဟိုဘတ်ဂျ်၊ ဒိုဟာတီတို့ အစုအဖွဲ့က လုံးဝ မယှဉ်နိုင်ခဲ့တာ တွေ့ရပြီး ဘောလုံးပိုင်ဆိုင်မှု မှာတင်ပဲ ၆၅-၃၅ ရာခိုင်နှုန်းအထိကွာဟချက် ရှိခဲ့သလို စပါးတို့ တစ်ပွဲလုံး ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ်မှာ ၃ကြိမ်သာ ဂိုး ပေါက်တည့်ခဲ့တာက ချဲလ်ဆီးလိုအသင်းအတွက် အန္တရာယ်ရှိတဲ့အနေအထားမှာ ရှိမနေခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာလည်း စပါးဟာ တူချယ်ရဲ့ အသင်း အတွက် လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပြန်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ အနိုင် ၃ မှတ် အရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ အတွက် အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ အမှတ်လျော့မှုကို အခွင့်ကောင်း မယူနိုင်ခဲ့တဲ့ စပါး ကတော့ ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းလုံး လာမယ့် ရက်တွေမှာ အက်ဖ်အေဖလားပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ ချဲလ်ဆီးက ပလိုင်းမောက်နဲ့ စပါး ကတော့ ဘရိုက်တန်ကို အိမ်ကွင်းတွေမှာ ဧည့်ခံကစားကြရမှာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်