နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောက်သမ်တန် – ခရစ္စတယ်ပဲလေ့စ် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ (ပွဲကြိုသုံးသပ်ချက်)

ဆောက်သမ်တန် – ခရစ္စတယ်ပဲလေ့စ်

စနေနေ့ရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အဖြစ် ဆောက်သမ်တန်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ စိန့်မေရီမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး ဘယ်အသင်းက ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာတွေ့သွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ ၉ ပွဲသာ ရထားပြီး ၁၃ ပွဲ သရေ၊ ၁၂ ပွဲ ရှုံးထားတဲ့ ဆောက်သမ်တန်တို့ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲ မှာလည်း ၂ ပွဲသာ အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲ မှာတော့ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ၁ ပွဲ သရေ၊ ၆ ပွဲ ရှုံးထားပါတယ်။ ဆောက်သမ်တန်တို့ မတ်လ လဆန်းပိုင်းလောက် အထိ ပြိုင်ပွဲစုံမှာ ခြေစွာနေခဲ့ပေမယ့် မထင်မှတ်ပဲ အသင်းလိုက် ကစားပုံ ပျက်သွားခဲ့ခြင်းနဲ့ အတူ နောက်ပိုင်း ပွဲတွေမှာ သရေ ရဖို့တောင် ခက်ခက်ခဲခဲ ကစားနေရပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၈ နေရာက အဲဗာတန်ကို ၁၁ မှတ် အထိ ဖြတ်ထားနိုင်ပေမယ့် ၂ ပွဲပို ကစားထားလို့ တန်းမဆင်းရရေး အတွက် လုံးဝ စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် စိန့်တို့ လက်ကျန် ပွဲစဉ် ၄ ပွဲ ကနေ တတ်နိုင်သမျှ ရမှတ် ရှာဖွေဖို့ လိုအပ်ပြီး အကယ်၍သာ ရလဒ်တွေ ကောင်းခဲ့မယ် ဆိုရင် ၂၀၁၆-၁၇ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဆောက်သမ်တန်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ မဆိုးဘူးလို့ ပြောလို့ ရပြီး ၆ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၄ ပွဲ ရှုံးထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ပွဲ မှာတော့ ဆောက်သမ်တန်တို့ ဂျိမ်းစ် ဝက်ဒ်ပရောက်စ်ရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့ အတူ ဘရိုက်တန် ဆီက သရေ ၁ မှတ် ခွဲယူထားနိုင်ခဲ့ပါတယ်။ အခု လာမယ့် ပွဲကိုတော့ အဓိက ဘယ်နောက်ခံလူ လစ်ဗရာမန်တို ဘရိုက်တန်နဲ့ ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။

ပဲလေ့စ်ဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ အဝေးကွင်း စွမ်းဆောင်ရည် ညံ့တဲ့ အထဲ ပါပြီး ၁၆ ပွဲ ကစားရာမှာ ၃ ပွဲသာ အနိုင်ရထားသလို ၆ ပွဲ သရေ၊ ၇ ပွဲ ရှုံးထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ ကို ရောက်ရှိနေတဲ့ ခရစ္စတယ်ပဲလေ့စ်

ဖြစ်နိုင်ဖွယ်လူစာရင်း – ဖော်စတာ၊ ဘက်ဒ်နာရက်ခ်၊ ဆယ်လီဆူ၊ ပါရောက်ဒ်၊ ဝေါလ်ကာပီတာ၊ ရိုမီယူ၊ ဝက်ဒ်ပရောက်စ်၊ အဲလ်ယွန်နူဆီ၊ အမ်းစတောင်း၊ ဘရိုဟာ၊ အဒမ်

ပက်ထရစ် ဗီအဲရာရဲ့ သိမ်းငှက်တွေ ကတော့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်း အထိ ခပ်မြင့်မြင့် ပျံသန်းနိုင်ခဲ့ကြပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်မှုနဲ့ အတူ ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ နေရာ အထိ ပြန်ဆင်းထားခဲ့ရပါတယ်။ အာဆင်နယ်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအထိကို ပဲလေ့စ်တို့ အသင်းလိုက် ကစားပုံရော၊ တစ်ဦးချင်း ခြေစွမ်းအရပါ ပြောစရာ မရှိအောင် ကောင်းမွန်ခဲ့ပေမယ့် လက်စတာစီးတီးနဲ့ ပွဲကစပြီး အံ့ဩစရာ ကောင်းလောက်အောင်ကို တောက်လျောက် ခြေပြန် ကျသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာလည်း တစ်ပွဲလုံး ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် တိုက်စစ် အဆုံးသတ် အားနည်းမှုတွေကြောင့် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။ ဗီအဲရာ အနေနဲ့ အသင်းရဲ့ အားနည်းချက်တွေနဲ့ ပတ်သတ်လို့ အလျင်အမြန် အဖြေရှာဖို့ လိုအပ်နေပြီး ရည်မှန်းချက် အတိုင်း အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ဖို့ ဆိုရင်တော့ ကစားသမားတွေ အနေနဲ့လည်း လက်ကျန် ပွဲစဉ်တွေကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားမှ ဖြစ်တော့မှာပါ။ ပဲလေ့စ်ဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ အဝေးကွင်း စွမ်းဆောင်ရည် ညံ့တဲ့ အထဲ ပါပြီး ၁၆ ပွဲ ကစားရာမှာ ၃ ပွဲသာ အနိုင်ရထားသလို ၆ ပွဲ သရေ၊ ၇ ပွဲ ရှုံးထားပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၃ ပွဲဆက် ရှုံးထားပြီး အဲ့ဒီ ၃ ပွဲမှာ ရဂိုး ၁ ဂိုးသာ ရှိခဲ့ပေမယ့် ပေးဂိုး ကတော့ ၅ ဂိုးအထိ ရှိခဲ့ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဂိုက်တာ၊ ဂေးဟီ၊ အန်ဒါဆင်၊ ကလိုင်း၊ မစ်ချဲလ်၊ ရှလက်ပ်၊ ကိုယာတေး၊ ဂယ်လက်ဟာ၊ အိုလစ်၊ ဇာဟာ၊ မက်တေးတား


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၃ ကြိမ်မှာ ဆောက်သမ်တန်တို့ ၁၃ ကြိမ် အနိုင်ရခဲ့ပြီး ပဲလေ့စ် ကတော့ ၇ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲ ၃ ပွဲသာ ရှိခဲ့ပြီး ဒီရာသီ ပထမအကျော့ ပွဲစဉ် မှာတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ၂-၂ ရလဒ် ထွက်ပေါ်ထားပါတယ်။ စိန့်မေရီမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာတော့ ဆောက်သမ်တန်တို့ ၁ ပွဲ နိုင်ပြီး ၂ ပွဲ သရေကျထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဆောက်သမ်တန် အတွက် ၂.၃၈ ဆ၊ ခရစ္စတယ်ပဲလေ့စ် အတွက် ၂.၈၉ ဆ၊ သရေ အတွက် ၃.၃၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ခြေကျနေတဲ့ နှစ်သင်း ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ဖို့ ကြိုးစားကြမယ့် ပွဲဖြစ်လို့ ကြည့်ကောင်းဦးမှာပဲ။ နှစ်သင်းစလုံး အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ရေး အတွက် အားစိုက်လာကြဖို့ ရှိပြီး ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်ဖို့တော့ မရှိပါဘူး။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပေမယ့် ဒီပွဲ မှာတော့ ၃ ဆ ကျော် ရမယ့် သရေရလဒ်ကို အရဲစွန့်သင့်ပါတယ်။ ဆန္ဒရှိရင် ဂိုးပေါင်း ၂.၅၀ ကိုပါ ရွေးချယ်လို့ ရနေပါသေးတယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်