နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆလော့တ်ရဲ့ လစ်ဗာပူးလ်နဲ့ အောင်မြင်မှုကို ဆုဖလားတွေနဲ့ပဲ တိုင်းတာရမယ်လို့ ဆိုလိုက်တဲ့ မက် အယ်လစ္စတာ | ပရီးမီးယားလိဂ်

အာနေး ဆလော့တ်ဟာ အခုရာသီမှ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို စတင် ကိုင်တွယ်မှာ ဖြစ်ပြီး နည်းပြကြီး ယာဂင် ကလော့ပ် နေရာ အတွက် ဆက်ခံသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်နဲ့ အောင်မြင်မှုကို ဆုဖလား အောင်မြင်မှုတွေနဲ့ပဲ တိုင်းတာရမှာ ဖြစ်ကြောင်း စကော့တလန် ကစားသမားနဲ့ နည်းပြဟောင်း ဖြစ်တဲ့ ဂယ်ရီ မက်အယ်လစ္စတာက သုံးသပ်သွားခဲ့ပါတယ်။

လစ်ဗာပူးလ် ဟာ ဂျာမန် နည်းပြကြီး လက်အောက်မှာ ဆုဖလား အားလုံး ရရှိထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ကြိုးကြာနီတွေဟာ ကလော့ပ်နဲ့ အတူ သူတို့ရဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ဖလား ပြန်လည် ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်၊ ကလပ် ကမ္ဘာ့ဖလား၊ ဥရောပ စူပါဖလား၊ အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလား နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နည်းပြသစ် ဆလော့တ် ကလည်း နယ်သာလန် ကလပ် ဖီယင်နော့ဒ်ကို ကိုင်တွယ်စဉ်က ၂၀၂၂/၂၃ ဘောလုံးရာသီမှာ အမှတ်ပေးဖလား ရယူပေးနိုင်ခဲ့သလို နောက်ဆုံး ရာသီမှာလည်း KNVB ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဆလော့တ် အနေနဲ့ လစ်ဗာပူးလ် အသင်းမှာ အောင်မြင်ချင်တယ် ဆိုရင်တော့ ဆုဖလားတွေကို ပစ်မှတ်ထားပြီး မြင့်မားတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ပြင်ဆင်ရလိမ့်မယ်လို့ ဂယ်ရီ မက်အယ်လစ္စတာက ပြောဆိုခဲ့တာပါ။ “လစ်ဗာပူးလ်ဟာ နိုင်ပွဲနဲ့ အဓိပ္ပါယ်တူတဲ့ အသင်း တစ်သင်း ဖြစ်ပြီး မင်းမနိုင်ရင် ကျရှုံးမှာပါ” လို့ Stats Perform ကို မက်အယ်လစ္စတာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး “စီမံခန့်ခွဲမှု အဖွဲ့အသစ် တစ်ခု ရှိလာတဲ့အခါ ခင်ဗျားကို အချိန်နည်းနည်း ပိုပေးပါလိမ့်မယ်။ ဒါပေမယ့် အချက်အလက်တွေက လစ်ဗာပူးလ်ရဲ့ ပစ်မှတ် ဖြစ်ပါတယ်။ ခင်ဗျား အနေနဲ့ ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားရပါလိမ့်မယ်။ ခင်ဗျား အနေနဲ့ ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားရမှာ ဖြစ်ပြီး အဲဒါက ကလပ်ရဲ့ မျှော်လင့်ချက်ပဲ၊ ဒီအချက်ကပဲ အရမ်းကို ထူးခြားတဲ့ ကလပ် တစ်ခု ဖြစ်စေတယ်။” လို့ မက် အယ်လစ္စတာက ပြောကြားသွားခဲ့ပါသေးတယ်။

 
ဒါပေမယ့်လည်း လစ်ဗာပူးလ်က ပရက်စ်တန်နော့သ်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့လို့ ဆလော့တ်ရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ ပွဲဦးထွက်က မလှပခဲ့ဘူး လို့ပဲ ဆိုရမှာပါ။
လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ခဲ့တဲ့ ဆလော့တ်

ကလော့ပ်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ကိုးနှစ်ကြာ ကိုင်တွယ်ခဲ့ပြီး အသင်း ကိုလည်း ပုံမှန် ဆုဖလားတွေ ရယူနိုင်ဖို့ တွန်းအားပေးခဲ့သလို ကလပ် စံချိန်တွေကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ၂၀၁၇ ခုနှစ် ဧပြီလ ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အထိ ၄ နှစ်တာ ကာလ အတွင်း အန်ဖီးလ်မှာ ကစားတဲ့ ပရီးမီးယားလိဂ် ၆၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့တဲ့ စံချိန်ကောင်းလည်း ရရှိခဲ့ပါတယ်။ လစ်ဗာပူးလ်ရဲ့ သမိုင်းတစ်လျှောက် အတိုးတက်ဆုံး ရာသီ ၄ ခု အနက် ရာသီ ၃ ခုကို ကိုင်တွယ်ခဲ့တဲ့ ကလော့ပ်ဟာ ၂၀၂၁/၂၂ ဘောလုံးရာသီမှာ စံချိန်တင် သွင်းဂိုး ၁၄၇ ဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး မက်အယ်လစ္စတာက ကလော့ပ်ရဲ့ နေရာကို ဆက်ခံတဲ့ အာနေး ဆလော့တ် အနေနဲ့ လစ်ဗာပူးလ်မှာ အောင်မြင်နိုင်မလား မေးမြန်းရာမှာတော့ “ကလော့ပ် နေရာကို ဆက်ခံတဲ့ အာနေး အတွက် ဒါက ခက်ခဲတဲ့ အလုပ် တစ်ခု ဆိုတာ နားလည်ပေမယ့် ရှစ်နှစ်၊ ကိုးနှစ်တာ ကာလ အတွင်း ကလပ်မှာ အကောင်းဆုံးတွေ လုပ်ပြနိုင်ခဲ့တဲ့သူကို လိုက်မှီဖို့က ခက်ခဲမယ်လို့ မထင်ပါဘူး။ ကျွန်တော် ပြောချင်တာက သူက အရမ်းတော်တဲ့ စရိုက် လက္ခဏာ ရှိသလို အရည်အသွေး ရှိသူ တစ်ယောက် ဖြစ်ပြီး သူ့ အနေနဲ့ ယုံကြည်မှု အပြည့်နဲ့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သူဟာ သူ့ရဲ့ အရင် မန်နေဂျာဘ၀မှာ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပြီး လစ်ဗာပူးလ်က သူ့အတွက် နောက်ထပ် တစ်ဆင့်မြင့်တဲ့ နေရာတစ်ခုလို့ ထင်ပါတယ်။ ကလပ်မှာ ရှိတဲ့ လူတိုင်း ကလည်း သူ့ကို လေးလေးနက်နက် ထောက်ခံပြီး သူ့နောက်မှာ ရှိနေပါလိမ့်မယ်။ သူ့အနေနဲ့ အံ့အားသင့်စရာ ကောင်းတဲ့ ပံ့ပိုးမှုတွေလည်း ရပါလိမ့်မယ်။” လို့ ပြောကြားသွားခဲပါတယ်။

အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင် ရာသီကြို ခြေစမ်းပွဲတွေ ကစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ပရက်စ်တန်နော့သ်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့လို့ ဆလော့တ်ရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ ပွဲဦးထွက်က မလှပခဲ့ဘူး လို့ပဲ ဆိုရမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်