နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲ ပြန်ရှာမယ့် အိမ်ရှင် ဗီလာ ဘက်မှာ အရဲစွန့် ရပ်တည်ချင်ပါတယ် | အက်စတွန်ဗီလာ – ဝက်ဖို့ဒ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

အက်စတွန်ဗီလာ – ဝက်ဖို့ဒ်

ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ ဝက်ဖို့ဒ်နဲ့ နောက်ဆုံး တွေ့ဆုံမှု တော်တော်များများမှာ အသာစီးရယူနိုင်ခဲ့ခြင်း မရှိတဲ့ အက်စတွန်ဗီလာတို့ ဒီတစ်ကြိမ်မှာရော အသာရနိုင်ပါ့မလား


တာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

စတီဗင် ဂျရတ်ရဲ့ အက်စတွန်ဗီလာ ကတော့ ကစားသမားကောင်းတွေ အလုံအလောက် ပိုင်ဆိုင်ထားပေမယ့် ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပါတယ်။ ကော်တင်ဟို၊ ဘူအန်ဒီရာ၊ ဒေါက်ဂလပ်စ် လူးဝစ်၊ ဘူအန်ဒီရာ၊ ရမ်ဆေး၊ မက်ဂင်းန်၊ ဒစ်ဂ်နီး တို့လို ဖန်တီးမှု ကောင်းတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပြီး Final Third မှာ အားရစရာ ခြေစွမ်းမျိုး ရှိပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေလို့ ဗီလာတို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဂျရတ် အနေနဲ့ ၄-၃-၃ နဲ့ High Pressing ကစားဟန်ကို ပြောင်းလဲ အသုံးပြုနေပေမယ့် High Line Defence က အားနည်းချက်တွေ ရှိနေဆဲ ဖြစ်လို့ မလိုလားအပ်တဲ့ အခြေအနေတွေ ကနေ ဂိုးတွေ ပေးနေရဆဲ ဖြစ်ပါတယ်။ အက်စတွန်ဗီလာတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ အဲဗာတန် တစ်သင်းတည်းကို အနိုင်ရခဲ့ပြီး ကျန် ၅ ပွဲမှာတော့ ၃ ပွဲရှုံးပြီး ၂ ပွဲ သရေကျထားပါတယ်။ အဓိက ကတော့ ကစားသမားတွေ အနေနဲ့ တစ်ပွဲနဲ့ တစ်ပွဲ ပုံမှန် ခြေစွမ်း မရှိတာ ဖြစ်ပြီး ဒီအခြေအနေတွေကို ပြင်ဆင်နိုင်မယ် ဆိုရင်တော့ ဂျရတ်ရဲ့ အသင်း ဦးပြန်မော့လာနိုင်ချေ ရှိပေမယ့် အခုထိတော့ အားရစရာ အနေအထားမျိုး မမြင်ရသေးပါဘူး။ အခုပွဲ ကိုတော့ ဂျရတ်ရဲ့ အသင်းက ဘာထရန် ထရာအိုရေး၊ နာကမ်ဘာ တို့ကလွဲလို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဝက်ဖို့ဒ် ကတော့ နည်းပြ အပြောင်းအလဲတွေ ပြုလုပ်ထားပေမယ့် ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာပါ တိုးတက်လာခြင်း မရှိသေးဘူးလို့ ပြောလို့ ရပါတယ်။ ရာနီယေးရီကို ထုတ်ပယ် အပြီး ရွိုင်းဟော့ဆန် စတင် ကိုင်တွယ်ခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ ခြေစွမ်းပိုင်း မဆိုသလောက် တက်ရိပ်ပြခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက် ပြန်လည် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ လက်ရှိ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရပါတယ်။ ပရီးမီးယားလိဂ် အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဝက်ဖို့ဒ်တို့ နိုဝင်ဘာလက မန်ချက်စတာယူနိုက်တက်ကို ၄-၁ ရလဒ်နဲ့ အနိုင်ရပြီး ကတည်းက ပြိုင်ပွဲစုံ ၁၂ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ရဂိုး လုံးဝ မရှိခဲ့တာ ကတော့ အဆိုးဆုံး အခြေအနေလို့ ပြောလို့ ရပြီး အခုပွဲမှာလည်း ကစားသမား အင်အား တောင့်တင်းတဲ့ အက်စတွန်ဗီလာကို ဘယ်လိုမှ ယှဉ်ကစားဖို့ မဖြစ်နိုင်သေးပါဘူး။ အခုပွဲ ကိုတော့ ဘာ့ရ်၊ အန်ကူလူနဲ့ အီတီဘို တို့ ဒဏ်ရာ ပြသနာတွေကြောင့် ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု အရ ဆိုရင်တော့ ဝက်ဖို့ဒ်တို့ အက်စတွန်ဗီလာကို အသာရနေတယ်လို့ ပြောလို့ ရပါတယ်။ နောက်ဆုံး တွေ့ဆုံကစားခဲ့တဲ့ ၆ ပွဲမှာ ဝက်ဖို့ဒ်တို့ ၄ ပွဲ အနိုင်ရပြီး ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဗီလာပါ့ခ် နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်မှာတော့ ၁ ပွဲစီ အနိုင်ရထားပြီး ၁ ပွဲ ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဝက်ဖို့ဒ်တို့ ဗီလာကွင်းမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်ခြင်းတော့ မရှိပါဘူး။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အက်စတွန်ဗီလာ – ဝက်ဖို့ဒ်1X2 အက်စတွန်ဗီလာ @ ၁.၆၄ ဆ
ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာတော့ အက်စတွန်ဗီလာ အတွက် ၁.၆၄ ဆ၊ ဝက်ဖို့ဒ် အတွက် ၅.၀၀ ဆနဲ့ သရေ အတွက် ၃.၈၀ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ဝက်ဖို့ဒ်တို့ အစဉ်အလာအရ ဗီလာကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် လက်ရှိ ခြေစွမ်းအရတော့ တောင့်တင်းတဲ့ ဗီလာကို ဘယ်လို နည်းနဲ့မှ ယှဉ်နိုင်ဖို့ မရှိပါဘူး။ ဗီလာသာ အဆုံးသတ် သေချာပြီး ခံစစ်က အမှားမလုပ်ရင် ဂိုးပြတ် အနိုင်ရသွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲ့တော့ အိမ်ရှင်ကိုပဲ ရွေးချယ်ထားတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်