နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှက်ဖီးလ်ယူနိုက်တက်ကို ဂိုးပြတ်တီးပြီး တန်းဆင်းသွားစေခဲ့တဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

နယူးကာဆယ် ၅-၁ ရှက်ဖီးလ်ယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ နယူးကာဆယ်က ရှက်ဖီးလ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ၅-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ အဲဗာတန်ကို မထင်မှတ်ပဲ ရှုံးခဲ့တဲ့ ကာဆယ်တို့ ဒီနေ့ပွဲမှာတော့ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး အားရစရာ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အက်ဒီဟောင်းဝ်က ပဲလေ့စ်နဲ့ ပွဲက ၃-၄-၂-၁ အခင်းအကျင်း အစား ၄-၃-၃ နဲ့ ပြောင်းလဲ ပွဲထွက်လာခဲ့ပြီး ဒူဗရက်ဗ်ကာ၊ ရှား၊ ဘန်း၊ လစ်ဗရာမန်တို၊ ဟောလ်၊ ဂီမာရေးစ်၊ လောင်းစတက်ဖ်၊ အန်ဒါဆန်၊ မာဖီ၊ ဂေါ်ဒွန်၊ အိဆက်ခ် တို့ကို ပွဲထုတ်ခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ကတော့ ယူနိုက်တက်နဲ့ ပွဲက လူစာရင်း၊ အခင်းအကျင်း အတိုင်း အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပြီး နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်က ပွဲအစ ၅ မိနစ်မှာတင်ပဲ အက်မက်ဟော့ဒ်ဇစ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နယူးကာဆယ်တို့ နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား အင်အားချင်း သိသိသာသာ ကွာဟခဲ့တာကြောင့် ရှက်ဖီးလ်တို့ နယူးကာဆယ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီး အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ရပြီးချိန်မှာ နောက်ထပ် ဂိုးတွေ ရလိုဇောနဲ့ တိုက်စစ် ဆက်ဖွင့်ခဲ့တာက အခုလိုမျိုး ဂိုးပြတ်တဲ့ အထိ အခြေအနေ ဆိုးရွားသွားခဲ့တာပါ။ နယူးကာဆယ် ကတော့ အချိန်တန်ရင် ဂိုးပြန်ရမှာပဲ ဆိုတဲ့ စိတ်နဲ့ ပုံမှန်လေးပဲ ကစားသွားခဲ့တာပါ။ နယူးကာဆယ် အတွက် ဂိုးတွေ ကိုတော့ အိဆက်ခ်က နှစ်ဂိုး၊ ဂီမာရေးစ်၊ အော့စ်ဘွန်း (OG) နဲ့ ဝီလ်ဆင် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ ရှက်ဖီးလ်ယူနိုက်တက်က ပွဲစဉ် ၃ ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် နယူးကာဆယ် ကစားသမားတွေဟာ ဂိုးတွေ သွင်းပြီးချိန်မှာတောင် ပြည့်ပြည့်ဝဝ အောင်ပွဲခံခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ဟာ အခုနှစ် အခုနှစ် ဘောလုံးရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန် တက်လာခဲ့ပေမယ့် ၂၀၂၀-၂၁ ဘောလုံး ရာသီကလိုပဲ အဆင့် ၂၀ နေရာကနေ တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ဓားသွားတွေဟာ တစ်ရာသီလုံးပေါင်းမှ ပရီးမီးယားလိဂ် နိုင်ပွဲ ၃ ပွဲသာ ရခဲ့ပြီး ၇ ပွဲ သရေ၊ ၂၅ ပွဲ အထိ ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် ၁၆ မှတ်နဲ့ တန်းဆင်းခဲ့ရတာပါ။ နယူးကာဆယ် ကတော့ တစ်ဖက်မှာ ယူနိုက်တက်ရဲ့ သရေကျမှုကို အခွင့်အကောင်းယူနိုင်ခဲ့ပြီး နှစ်သင်းကြား ရမှတ် ကွာဟချက်ကို အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက ဘန်လေနဲ့ ဆက်လက် ကစားရဖို့ ရှိပြီးတော့ ရှက်ဖီးလ်ယူနိုက်တက် ကလည်း ဖောရက်စ်နဲ့ ကစားရဦးမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်