နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ ဆော်ဒီပရိုလိဂ် ကလပ်များ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ယူနိုက်တက် ကြယ်ပွင့်ကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတာ ဖြစ်ပြီး မကြာခင်မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

သတင်းတွေအရ ဆိုရင် ဆော်ဒီကလပ်တွေဟာ ရက်ရှ်ဖို့ဒ် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ အထိ ပေးချေသွားဖို့ အသင့်ရှိနေပြီး မြင့်မားတဲ့ လုပ်ခလစာလည်း ပေးချေသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်မှာ လုံးဝ ခြေစွမ်း မပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မှာလည်း ဝေဖန် ပြစ်တင်မှုတွေနဲ့ ကြုံခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ် ကတော့ ယူနိုက်တက် ကနေ ထွက်ခွာလိုခြင်း မရှိပဲ အသင်းနဲ့ အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ဗိုလ်စွဲလိုကြောင်း ဖွင့်ဟ ပြောဆိုထားခဲ့ပါသေးတယ်။ ရှက်ရှ်ဖို့ဒ်ဟာ MUTV နဲ့ အင်တာဗျူးမှာ အခုလို ထုတ်ဖော် ပြောကြားထားခဲ့တာ ဖြစ်ပြီး ဒီဖလား နှစ်လုံးဟာ သူ့ အတွက် တစ်ကြိမ် တစ်ခါမှ မရဖူးသေးတဲ့ အောင်မြင်မှုတွေလည်း ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်မှာ လုံးဝ ခြေစွမ်း မပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မှာလည်း ဝေဖန် ပြစ်တင်မှုတွေနဲ့ ကြုံခဲ့ရသူ ဖြစ်ပါတယ်။
ယူနိုက်တက်မှာပဲ ပျော်ရွှင်နေတဲ့ ရက်ရှ်ဖို့ဒ်

အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားက ယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကတည်းက ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီးတော့ ၂၀၁၅ ခုနှစ်မှာ စီနီယာ အသင်း အတွက် စတင် ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းက ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် မထင်မှတ်ပဲ ပရိသတ် အကြိုက် ကစားသမား ဖြစ်ခဲ့သူပါ။ သူ့ရဲ့ ပွဲဦးထွက် ရာသီမှာတင်ပဲ ယူနိုက်တက် အတွက် ၁၈ ပွဲ ပါဝင်ကစားပြီး ၈ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာလည်း တစ်ရာသီကို အနည်းဆုံး ၁၀ ဂိုးနဲ့ အထက် သွင်းယူပေးနိုင်ခဲ့ပါတယ်။ တစ်ရာသီပြီး တစ်ရာသီ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က လက်ရှိ အချိန်ထိ ယူနိုက်တက်မှာ ဘောလုံးရာသီ ၉ ရာသီ အထိ ဖြတ်သန်းထားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၄ဝ၄ ပွဲ ကစားကာ ၁၃၁ ဂိုး၊ ၆၆ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ဆုဖလား အောင်မြင်မှု အနေနဲ့ ကတော့ ယူရိုပါလိဂ် ၁ ကြိမ် အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ် ရရှိထားပါတယ်။

ရက်ရှ်ဖို့ဒ် အနေနဲ့ အခုလို ကြီးမားတဲ့ ရည်မှန်းချက် ရှိနေပေမယ့် သူ့ရဲ့ အသင်း ယူနိုက်တက်က လက်ရှိမှာ ပြုပြင် ပြင်ဆင်နေဆဲ ကာလကို ရောက်နေတာ ဖြစ်ပါတယ်။ ပူးတွဲ ပိုင်ရှင်သစ် လက်ထက်မှာ ယူနိုက်တက်က ပြင်ဆင်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် ပြိုင်ပွဲကြီးတွေရဲ့ ချန်ပီယံဆုတွေကို မျှော်လင့်ဖို့ထက် ရှုံးထွက်ဖလား ပြိုင်ပွဲတွေမှာပဲ အောင်မြင်မှု ရယူဖို့က ပိုပြီး ဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒါ့အပြင် ယူနိုက်တက် အနေနဲ့ လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်သာ ရရှိထားလို့ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ဖို့ ဆိုတာ ချက်ချင်း မဖြစ်နိုင်တဲ့ အခြေအနေပါ။ အကယ်၍ ရက်ရှ်ဖို့ဒ် အနေနဲ့ ခြေစွမ်းပြနိုင်ပြီး အောင်မြင်မှုတွေ ရရှိရင်တောင် ဒီရာသီမှာတော့ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ အသင်း ယူနိုက်တက်က ယူရိုပါလိဂ် ဝင်ခွင့်သာ ရရှိထားလို့ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်