နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆန်ချိုနဲ့ အန်တိုနီကိုပြင်းပြန်းထန်ထန် ဝေဖန်လိုက်တဲ့ ဆာဟာ| ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းလူးဝစ္စဆာဟာကတော့ဂျေဒန်ဆန်ချိုနဲ့အန်တိုနီတို့ကိုပြင်းပြင်းထန်ထန်ဝေဖန်မှုတွေပြုလုပ်လာခဲ့ပြန်ပါတယ်။ဒီကစားသမားနှစ်ဦးစလုံးဟာပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်မှာအသင်းကနေအငှားချထားတဲ့ကစားသမားတွေဖြစ်ပြီးလာမယ့်နွေရာသီမှာတော့အသင်းကနေအပြီးသတ်ပြောင်းရွှေ့ထွက်ခွာဖို့များနေသူတွေလည်းဖြစ်ပါတယ်။

ဆာဟာကအင်္ဂလန်တောင်ပံကစားသမားဂျေဒန်ဆန်ချိုနဲ့ဘရာဇီးလ်တောင်ပံကစားသမားအန်တိုနီတို့ဟာယူနိုက်တက်အပေါ်မှာမရိုမသေလုပ်ခဲ့တယ်ဆိုပြီးစွပ်စွဲပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဆာဟာကအင်တာဗျူးတစ်ခုမှာ “ရက်ရှ်ဖို့ဒ်ကဟုတ်ပါလိမ့်မယ်။အန်တိုနီကိုတော့မထင်ပါဘူး။သူပြောခဲ့တာတွေလုပ်ခဲ့တာတွေမှန်မမှန်မသိပေမယ့်လေးစားမှုမရှိတာကိုကြည့်ပြီးချစ်ခြင်းမေတ္တာလည်းမမြင်ဘူး။ဒါကြောင့်ဖြစ်နိုင်မယ်မထင်ဘူး။ဆန်ချိုလည်းအတူတူပဲ။နည်းပြတစ်ယောက်မှာရှိတတ်တဲ့ပြဿနာကအသင်းရဲ့အာရုံစူးစိုက်မှုကိုထိန်းထားရဖို့ဖြစ်ပြီးဒီကစားသမား၂ဦး၃ဦးလောက်အသင်းကိုပြန်လာပြီးမှန်ကန်တဲ့ပုံစံနဲ့တကယ်ပါဝင်ဖို့သူတိုရဲ့ကစားပုံကိုမှန်ကန်စွာချဉ်းကပ်နိုင်ဖို့လိုအပ်ပါတယ်။”လို့ဆိုပါတယ်။

ဒီပွဲပြီးတာနဲ့ယူနိုက်တက်ဟာမန်စီးတီးနဲ့ခါးသီးတဲ့ပရီးမီးယားလိဂ်မန်ချက်စတာဒါဘီပွဲစဉ်လည်းကစားသွားရဦးမှာဖြစ်သလိုခက်ခဲတဲ့ပွဲစဉ်တွေကိုလည်းတောက်လျောက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
ဆန်ချိုနဲ့ အန်တိုနီကိုအပြီးသတ် ရောင်းထုတ်မယ့် ယူနိုက်တက်

အဲဒီနောက် “ဒါမျိုးကို၁လ၂လလောက်ပဲလုပ်လို့မရဘူး။သူတို့မရှိတဲ့အချိန်အတွင်းဒီမှာဘာတွေဖြစ်ခဲ့သလဲဆိုတာကိုသူတို့အမှန်တကယ်နားလည်ဖို့လိုအပ်တယ်။ဒါကြောင့်သူတို့ဆက်ရှိနေနိုင်မယ်ဆိုတာသံသယရှိပါတယ်။ဘာလို့လဲဆိုတော့သူတို့အသင်းမှာအခွင့်အရေးရတဲ့အချိန်မှာအတ္တကြီးလွန်းတာဒါမှမဟုတ်လိုက်လျောညီထွေမဖြစ်နိုင်ခဲ့တာတွေတွေ့ရတယ်။လူတွေကအခြေအနေတစ်ခုနဲ့တစ်ခုအပေါ်မှာလိုက်လျောညီထွေစွာနေတတ်ဖို့လိုအပ်ပါတယ်။”လို့ဆာဟာကဆိုပါတယ်။

ယူနိုက်တက်ကပြီးခဲ့တဲ့နွေရာသီဈေးကွက်ထဲမှာဆန်ချိုကိုချဲလ်ဆီး၊ဆောင်းရာသီဈေးကွက်မှာတော့မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအက်စတွန်ဗီလာနဲ့အန်တိုနီကိုရီးရဲလ်ဘက်တစ်တို့ဆီအသီးသီးအငှားချခဲ့ပြီးဆန်ချိုနဲ့ရက်ရှ်ဖို့ဒ်ကိုတော့အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့စာချုပ်နဲ့အငှားချခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ဘက်ကတော့ဒီကစားသမား၃ဦးစလုံးကိုလာမယ့်၂၀၂၅ခုနှစ်နွေရာသီမှာအသင်းကနေအပြီးသတ်ရောင်းထုတ်သွားချင်နေပြီးယူနိုက်တက်ကစားသမားဟောင်းဆာဟာကတော့ရက်ရှ်ဖို့ဒ်၊ဆန်ချိုနဲ့အန်တိုနီတို့အထဲမှာရက်ရှဖို့ဒ်တစ်ဦးတည်းကိုသာအသင်းဆီပြန်ရောက်လာနိုင်မယ့်အခြေအနေမျိုးရှိနေကြောင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

ရူဘင်အမော်ရင်ရဲ့ယူနိုက်တက်ဟာလာမယ့်ဧပြီလ၁ရက်နေ့မှာပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်အမှတ်ပေးဇယားအဆင့်၃နေရာရပ်တည်နေတဲ့နော့တင်ဟမ်ဖောရက်စ်နဲ့အဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီပွဲပြီးတာနဲ့ယူနိုက်တက်ဟာမန်စီးတီးနဲ့ခါးသီးတဲ့ပရီးမီးယားလိဂ်မန်ချက်စတာဒါဘီပွဲစဉ်လည်းကစားသွားရဦးမှာဖြစ်သလိုခက်ခဲတဲ့ပွဲစဉ်တွေကိုလည်းတောက်လျောက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်