နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပါး အတွက် ပေါ့ဆလို့ မရတော့တဲ့ တန်းဆင်းဇုန် အန္တရာယ် | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါးမန်ချက်စတာယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး ဝိန်း ရွန်နီ ကတော့ တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန် တိုက်ပွဲထဲ ရောက်ရှိနေပြီလို့ သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က သူ့ရဲ့ အသင်းဟောင်းက စပါးကို အနိုင်ယူပြီးနောက် အခုလို သတိပေးစကား ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

၁၀ ယောက် အင်အားနဲ့ ကစားခဲ့ရပြီး ယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ သောမတ်စ် ဖရန့်ခ်ရဲ့ အသင်းက လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။ ဒီတပတ်မှာ အဆင့် ၁၈ နေရာ က ဝက်စ်ဟမ်းက ဘန်လေကို အနိုင်ရပြီး ရမှတ် စုဆောင်းနိုင်ခဲ့တာကြောင့် စပါးဟာ တန်းဆင်းဇုန်နဲ့ ၆ မှတ်သာ ကွာဟနေပါတော့တယ်။

ဒါကြောင့် ဝိန်း ရွန်နီက “သူတို့ရဲ့ လက်ရှိခြေစွမ်းအရ ဆိုရင် တန်းဆင်းဇုန် တိုက်ပွဲထဲ ရောက်နေပြီလို့ ပြောရမှာပဲ” ဆိုပြီး The Wayne Rooney Show မှာ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ရွန်နီက “ဝက်စ်ဟမ်းက ခြေစွမ်းတက်နေသလို၊ နော့တင်ဟမ်ဖောရက်စ် ကလည်း ဟိုနား ဒီနား ကနေ ရမှတ်တွေ ရရင် ရသလို ယူနေတာ။ သူတို့ရောက်နေတဲ့ အနေအထားအရ တန်းဆင်းရနိုင်ခြေ မရှိဘူးလို့ တွေးလို့ မရပါဘူး။ သူတို့ နောက်ကို ပြန်ကြည့်ပြီး စိုးရိမ်ရမယ့် အခြေအနေပါပဲ။

 

စပါး တန်းဆင်းရနိုင်ခြေက တကယ်ပဲ စိုးရိမ်စရာလား?

“အသင်းကြီးတွေ ဆိုတာ ဘယ်တော့မှ တန်းမဆင်းဘူး” ဆိုတဲ့ အယူအဆမျိုး ရှိခဲ့ဖူးပါတယ်။ ၂၀၁၅-၂၀၁၆ ရာသီက ချဲလ်ဆီး၊ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာယူနိုက်တက်တို့ တန်းဆင်းဇုန်နား အထိ ကပ်ခဲ့တာမျိုး ရှိပေမယ့် ‘Big Six’ အသင်း ဖြစ်တဲ့ စပါး တို့လို အသင်းမျိုး တန်းဆင်းသွားလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စပါး အတွက် တကယ်တမ်း စိုးရိမ်စရာ ဖြစ်လာတာက တခြား ထိပ်သီး ကလပ်တွေလိုမျိုး တခါတရံမှ မဟုတ်ဘဲ နောက်ပိုင်း ရာသီတွေမှာ ဆက်တိုက်ကို စွမ်းဆောင်ရည် ကျဆင်းနေတာပါ။

ပြီးခဲ့တဲ့ ရာသီက အန်ဂျီ ပိုစတီကိုဂလူး လက်ထက်မှာ စပါးက အဆင့် ၁၇ နေရာနဲ့ ရာသီသမ်းခဲ့ပါတယ်။ ယူရိုပါလိဂ်ကို အာရုံစိုက်ဖို့ အတွက် ပရီးမီးယားလိဂ်ကို လက်လျှော့ခဲ့တယ်လို့ ဆင်ခြေပေးနိုင်ပေမယ့် အဲ့ဒီအချိန်တုန်းကလည်း အခုလိုပဲ ဇယားအောက်ခြေနားမှာ ရောက်နေခဲ့တာပါ။ တကယ်တော့ ပြီးခဲ့တဲ့ ရာသီ ပွဲစဉ် (၂၅) အပြီးမှာ စပါးက ရမှတ် ၃၀ ရခဲ့ပြီး အခု သောမတ်စ် ဖရန့်ခ် လက်ထက်ထက် ၁ မှတ် ပိုသာခဲ့ပါတယ်။ အဓိက ကွာခြားချက် ကတော့ မနှစ်က ဒီအချိန်မှာ တန်းဆင်းဇုန်နဲ့ ၁၃ မှတ်အထိ ကွာခဲ့ပေမယ့် အခုတော့ ၆ မှတ်ပဲ ကွာတော့တာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ကို အာရုံစိုက်ဖို့ အတွက် ပရီးမီးယားလိဂ်ကို လက်လျှော့ခဲ့တယ်လို့ ဆင်ခြေပေးနိုင်ပေမယ့် အဲ့ဒီအချိန်တုန်းကလည်း အခုလိုပဲ ဇယားအောက်ခြေနားမှာ ရောက်နေခဲ့တာပါ။
ချန်ပီယံလိဂ်မှာ အခြေအနေကောင်းနေပေမယ့် ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးနေတဲ့ စပါး

စာရွက်ပေါ်မှာကြည့်ရင် စပါးမှာ ဒီအခြေအနေ ကနေ ရုန်းထွက်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေပေမယ့် လက်တွေ့မှာတော့ နိုင်ပွဲရဖို့ တော်တော်လေး ရုန်းကန်နေရပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးမှာ စပါးဟာ ပရီးမီးယားလိဂ် နိုင်ပွဲ ၁၁ ပွဲသာ ရခဲ့ပါတယ်။ ဒါဟာ တစ်နှစ်ပတ်လုံး ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ဝုဗ်နဲ့ ဝက်စ်ဟမ်း (၈ ပွဲစီ) ပြီးရင် အနည်းဆုံး စံချိန် ဖြစ်ပါတယ်။ ဒါ့အပြင် လန်ဒန် ကြက်ဖကြီး တို့က ၂၀၂၆ ခုနှစ်ထဲ မှာလည်း ပထမဆုံး နိုင်ပွဲကို စောင့်နေရဆဲ ဖြစ်လို့ မာန်ပါပါနဲ့ မတွန်ကြူးနိုင်သေးပါဘူး။ အခန့်မသင့်ရင် အောက်က အသင်းတွေရဲ့ ကျော်တက်ခြင်း ကိုတောင် ခံရနိုင်လို့ စပါးတို့ အမြန်ဆုံး အဖြေရှာဖို့ လိုအပ်နေပါပြီ။

ဒီလို အဖြေရှာဖို့ စဉ်းစားနေချိန်မှာပဲ စပါးကရဲ့ အခြေအနေက ပိုဆိုးလာဖို့ ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အတွက် လာမယ့် ပွဲစဉ် ၅ ပွဲက တော်တော်လေး ခက်ခဲနေလို့ ဖြစ်ပါတယ်။ စပါးရဲ့ ရှေ့လာမယ့် ပရီးမီးယားလိဂ် ၅ ပွဲ ကတော့ နယူးကာဆယ် (အိမ်ကွင်း)၊ အာဆင်နယ် (အိမ်ကွင်း)၊ ဖူလ်ဟမ် (အဝေးကွင်း)၊ ခရစ္စတယ်ပဲလေ့စ် (အိမ်ကွင်း)၊ လစ်ဗာပူးလ် (အဝေးကွင်း) တို့ပဲ ဖြစ်ပါတယ်။ ဒီထဲမှာ သူတို့ အတွက် လွယ်ကူနိုင်ခြေ ရှိတဲ့ ပြိုင်ဘက် တစ်သင်းမှ ပါမနေတာ တွေ့ရမှာပါ။ အဲဒီ ပွဲတွေ အပြီးမှာလည်း သူတို့လိုပဲ တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ ရုန်းထွက်နေတဲ့ နော့တင်ဟမ်ဖောရက်စ်နဲ့ တွေ့မှာ ဖြစ်သလို Mid Table ကလပ်တွေ ဖြစ်တဲ့ ဆန်းဒါးလန်း၊ ဘရိုက်တန် တို့ကလည်း သူတို့ကို သေချာပေါက် ဒုက္ခပေးဦးမှာပါ။

ဒီလိုပြောလို့ ဒီပွဲတွေ ပြီးရင် စပါး အတွက် ပွဲချောင်ပြီလား ဆိုတော့ မဟုတ်သေးပြန်ပါဘူး။ လက်ရှိ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရ ဆိုရင် ရာသီကုန်တဲ့ အထိ စပါး အတွက် တစ်ပွဲမှ လွယ်ကူဖို့ မရှိပါဘူး။ ထပ်ပြောရရင် စပါးတို့ သူတို့ အသင်း အတွက် အဆိုးရွားဆုံး ရာသီ တစ်ခု အဖြစ် မပိတ်သိမ်းချင်ဘူး ဆိုရင်တော့ လက်ရှိမှာ ကြီးမားတဲ့ အလှည့်အပြောင်း တစ်ခုခုကို လုပ်ပြဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်