နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ မကျော်နိုင်ဘူး ဆိုတဲ့ ဖာဒီနန် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၀ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီးကို မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ မကျော်နိုင်ဘူးဆိုတဲ့ ဖာဒီနန်

လာမယ့်ရာသီမှာ မန်ချက်စတာစီးတီ;က ပရီးမီးယားလိဂ် ဖလားကို ၄ နှစ် ဆက်တိုက် ဆွတ်ခူးသွားနိုင်တယ်လို့ မျှော်မှန်းထားပေမယ့်လည်း မန်ယူနိုက်တက်နဲ့ အာဆင်နယ် တို့က ဂွါဒီယိုလာ အတွက် အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်လာလိမ့်မယ်လို့ ရီယို ဖာဒီနန်က ပြောခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ၆ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၅ ကြိမ်နဲ့ ပြီးခဲ့တဲ့ ရာသီမှာ ပထမဆုံးသော ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂဗာဒီယိုလ်နဲ့ ကိုဗာချစ် တို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပေမယ့် ဂန်ဒိုဝမ်နဲ့ မာရက်ဇ်တို့က အသင်းကို စွန့်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ဖာဒီနန်က ပရီးမီးယားလိဂ် ဆုဖလားဟာ လာမယ့် မေလမှာ အစ်တီဟတ် ကိုပဲ ထပ်ရောက်သွားမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် တို့က ဆုဖလား အတွက် စိန်ခေါ်နိုင်မှာ ဖြစ်ပြီး မန်စီးတီး ကိုတော့ ကျော်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


ဘာလိုဂန်နဲ့ သဘောတူညီမှု ရခဲ့ပေမယ့် အာဆင်နယ်ရဲ့ ငြင်းတာ ခံခဲ့ရတဲ့ မိုနာကို

အာဆင်နယ် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ မိုနာကိုနဲ့ ကနဦး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ရင်းစ်မ်မှာ အငှားကစားသမား အဖြစ်နဲ့ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တာ ဖြစ်ပြီး လီဂူးဝမ်း သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာလိုဂန်က လာမယ့်ရာသီမှာ အာဆင်နယ် ပွဲထွက်လူစာရင်းမှာ တစ်နေရာ ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့ ကွန်မြူနတီဒိုင်းလုပွဲ အတွက် လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် ဂန်းနားတွေနဲ့ အနာဂတ် မရှိတော့တာ သေချာသွားခဲ့တာ ဖြစ်ပါတယ်။

မိုနာကိုရဲ့ ယူရိုသန်း ၄၀ နဲ့ အဖွင့်ကမ်းလှမ်းမှုဟာ အာဆင်နယ်ရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရပေမယ့်လည်း လီဂူးဝမ်း ကလပ်က နောက်ထပ် စျေးတိုးမြှင့်ထားတဲ့ ကမ်းလှမ်းမှုနဲ့ ပြန်လာချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ မိုနာကိုဟာ ဘာလိုဂန်ကို အဓိကဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့်နဲ့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။


လူအချို့ သံသယဝင်ကြတာ နားလည်တယ် ဆိုတဲ့ ဗန်ဒိုက်ခ်

ပရီးမီးယားလိဂ် ရာသီသစ်စဖို့ ၂ ရက်သာ လိုတော့ချိန်မှာ အသင်းက ထွက်သွားတဲ့ ကစားသမားတွေ အများအပြား ရှိခဲ့ပေမယ့် အန်းဖီးလ်ကို ရောက်လာတာ ဆိုလို့ မာ့ခ် အယ်လစ္စတာနဲ့ ဆာဘို့ဇ်လိုင်း တို့သာ ရှိခဲ့တာ ဖြစ်ပါတယ်။
မာ့ခ် အယ်လစ္စတာနဲ့ ဆာဘို့ဇ်လိုင်းကို ခေါ်ယူထားနိုင်တဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် အသင်းခေါင်းဆောင်သစ် ဗာဂျယ် ဗန်ဒိုက်ခ်က လာမယ့်ရာသီသစ် မတိုင်ခင် အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှု ကင်းမဲ့နေမှုနဲ့ ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်မှုကို နားလည်တယ်လို့ ပြောဆိုခဲ့ပြီး အသင်းဖော်တွေကို ထွက်သွားတဲ့ အဓိကကစားသမားတွေကြောင့် ပိုကြိုးစားဖို့ တောင်းဆိုခဲ့ပါတယ်။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗန်ဒိုက်ခ်ဟာ လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန် ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အသင်းဟာ ဟန်ဒါဆန်၊ ဖာဘင်ညို၊ ချိန်ဘာလိန်၊ မီလ်နာ၊ နာဘီ ကီတာ၊ ဖေမီနိုတို့လို အဓိကကစားသမားတွေကို အလွတ်နဲ့ ထွက်ခွာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရာသီသစ်စဖို့ ၂ ရက်သာ လိုတော့ချိန်မှာ အသင်းက ထွက်သွားတဲ့ ကစားသမားတွေ အများအပြား ရှိခဲ့ပေမယ့် အန်းဖီးလ်ကို ရောက်လာတာ ဆိုလို့ မာ့ခ် အယ်လစ္စတာနဲ့ ဆာဘို့ဇ်လိုင်း တို့သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူတွေက သံသယရှိနေကြမှာကို နားလည်ပေးနိုင်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်