ဝက်စ်ဟော့စ် ပါလာရင် ယူနိုက်တက်က ၁၀ ယောက်တည်းနဲ့ ကန်နေရသလိုပဲ လို့ ဆိုလိုက်တဲ့ ရစ်ချက်ကီး၊ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တဲ့ ဂါနာချို စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဝက်စ်ဟော့စ် ပါလာရင် ယူနိုက်တက်က ၁၀ ယောက်တည်းနဲ့ ကန်နေရသလိုပဲ လို့ ဆိုလိုက်တဲ့ ရစ်ချက်ကီး
ဘောလုံး ဝေဖန်သုံးသပ်သူ ရစ်ချက်ကီးက မန်ချက်စတာယူနိုက်တက် အတွက် ပုံမှန် ကစားခွင့် ရနေတဲ့ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်က ပွဲထွက် ကစားခွင့်ရဖို့ မထိုက်တန်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ နယ်သာလန် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ကလပ်ကို အငှားနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး ပုံမှန် ကစားခွင့် ရနေပေမယ့် လက်စတာစီးတီးနဲ့ ပွဲမှာ အပိုင် အခွင့်အရေးတွေကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။
ယူနိုက်တက်က နိုင်ပွဲတွေ ရနေခဲ့ပြီး ဝက်ဂ်ဟော့စ် ရောက်လာပြီးနောက် ကစားခဲ့တဲ့ ၉ ပွဲမှာ ၆ ပွဲ အထိ အနိုင်ရခဲ့ကာ သူက ပွဲတိုင်းနီးပါး ပါဝင်နေခဲ့ရပါတယ်။ ဒါပေမယ့် ရစ်ချက်ကီး ကတော့ “ သူ ပါလာရင် ယူနိုက်တက်က ၁၀ ဦးတည်းနဲ့ ကစားနေရတာပါ၊ သူက ပွဲထွက်ခွင့်ရဖို့ လုံလောက်တဲ့ အရည်အသွေး မရှိပါဘူး၊ လုပ်ပါ ပွင့်ပွင့်လင်းလင်း ပြောတာပေါ့” လို့ သူက ဆိုပါတယ်။
ဒါပေမယ့် ဝက်ဂ်ဟော့စ်ဟာ တန်ဟက်ဂ်ရဲ့ နည်းဗျူဟာတွေမှာ အရေးပါသူ အဖြစ် ရှိနေပါတယ်။ ကွင်းလယ် အထိ လိုက်ကစားပေးနိုင်ပြီး ဘောလုံး ဖျက်ထုတ်ပုံ ကောင်းမွန်သလို အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားပုံမှာ အားသာတာကြောင့် တန်ဟက်ဂ်က အသုံးပြုနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တဲ့ ဂါနာချို
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ လူငယ်ကစားသမား တစ်ဦး ဖြစ်တဲ့ အလက်ဂျန်ဒရို ဂါနာချိုနဲ့ ၅ နှစ် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ အာဂျင်တီးနား ကြယ်ပွင့်ဟာ ဒီရာသီမှာ အသင်းကြီး အတွက် ပွဲထွက်ခွင့်တွေ ရနေပြီး ခြေစွမ်းပြလာနိုင်တာကြောင့် ယူနိုက်တက် ဘက်က စာချုပ်သစ် အလျင်အမြန် ချုပ်ဆိုခဲ့တာပါ ။
ဂါနာချိုကို အသင်းကြီး တချို့က စိတ်ဝင်စားနေကာ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တဲ့နောက် ယူနိုက်တက်က စာချုပ်သစ် အတွက် အမြန်ဆုံး လှုပ်ရှားခဲ့ပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ ထဲမှာ စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်၊ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် တို့ပါ ပါဝင်ပါတယ်။
ဂါနာချိုဟာ စာချုပ်သစ် မှာတော့ လုပ်ခ လစာ တစ်ပတ်ကို ပေါင် ၇ ထောင်သာ ရရှိနေရာ ကနေ ပေါင် ၅ သောင်း အထိ တိုးမြှင့်ရရှိနိုင်တယ် လို့လည်း ဆိုပါတယ်။ ဘယ်ညာ တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ ဂါနာချိုဟာ အသင်း အတွက် ၃ ဂိုး သွင်းယူ ပေးပြီး ၅ ကြိမ် ဖန်တီးပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တစ်ကြိမ်သာ ပြန်ကြည့်ခဲ့တယ်လို့ ကလော့ပ် ဝန်ခံ
လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ်ဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို သူ ပြီးခဲ့တဲ့ တစ်ပတ် ကမှ ပထမဆုံးအကြိမ် ပြန်လည် ကြည့်ရှုခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ လစ်ဗာပူးလ်တို့ ကစားခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ် အရေးနိမ့်ခဲ့ကာ ဗိုလ်လုပွဲမှာ ရီးရဲလ်နဲ့ တွေ့တိုင်း အရေးနိမ့်တဲ့ စံချိန် ဖြစ်လာခဲ့ပါတယ်။
အခု ဘောလုံး ရာသီရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း သူတို့ နှစ်သင်းက ၁၆ သင်း အဆင့်မှာ တွေ့ဆုံနေကာ ဒီနေ့မှာ ကစားရတော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဗိုလ်လုပွဲကို ကလော့ပ် တစ်ယောက် မဖြစ်မနေ ပြန်ကြည့်ခဲ့ရပြီး သူ့အသင်းကို ပြင်ဆင်ဖို့ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
“ ပြန်ကြည့်ဖြစ်ချိန်မှာ ဒါကို ဘာလို့ ငါမကြည့်ဖြစ်တာလဲ ဆိုတာကို ချက်ချင်း သိလိုက်ရပါတယ်၊ ကျနော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပြီး နိုင်ပွဲ ရနိုင်ခဲ့တာကြောင့် ဒါက နှိပ်စက် ညှင်းပန်းခံရသလိုပါပဲ၊ ဒါက ပြတ်သားတဲ့ ပြောဆိုမှုတွေပါ၊ ဘာလို့လဲ ဆိုတော့ ကျနော်တို့ အနိုင်ရနိုင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့တာပါ၊ ဘာလို့ မလုပ်နိုင်လဲ ဆိုရင် သူတို့က ဂိုးသွင်းနိုင်ပြီး ကျနော်တို့ မသွင်းနိုင်ခဲ့လို့ပါ၊ ဒါက ထင်ရှားတဲ့ အကြောင်းပြချက်ပါပဲ’ လို့ ကလော့ပ်က ပြောခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.