နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ကို အပြီးသတ် ရောက်ရှိခဲ့ပြီ ဖြစ်တဲ့ ရိုက်စ်စ် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၁၅ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရိုက်စ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ် 

ဒီကလန် ရိုက်စ်ရဲ့ အမ်းမရိတ်စ်ကို ပြောင်းရွှေ့မှုဟာ ဝက်စ်ဟမ်း အသင်းက အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ဂန်းနားတွေ ဆီကနေ စာရွက်စာတမ်းတွေကို နောက်ကျပြီးမှ ရရှိခဲ့ပြီးနောက် နောက်ဆုံး မှာတော့ အပြီးသတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ 

အာဆင်နယ်ဟာ ဇွန်လအကုန်မှာ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမား အတွက် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၉ ရက်က ရိုက်စ် အတွက် လစာပေးချေမှုပုံစံကို သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် နှစ်ခုစလုံး ဆီကနေ ဘာကြေညာချက်မှ ထွက်ပေါ်လာခြင်း မရှိတော့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အသင်းဟာ အပြောင်းအရွှေ့ ကြန့်ကြာနေမှုဟာ ၎င်းတို့ရဲ့ ယခုနွေရာသီ လူစာရင်းကို အင်အား ဖြည့်တင်းမှုကို ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိလာတာကြောင့် စိတ်ပျက်မှုတွေ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

ဒါပေမယ့်လည်း လက်ရှိ မှာတော့ ဝက်စ်ဟမ်း အသင်းဟာ နောက်ဆုံး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရရှိခဲ့ပြီ ဖြစ်ပြီး လက်မှတ် တစ်ချက် ထိုးလိုက်တာနဲ့ ဒီကလန် ရိုက်စ်ဟာ မြောက်လန်ဒန်ကို အပြီးသတ် ပြောင်းရွှေ့နိုင်တော့မှာ ဖြစ်တယ်လို့ Sky Sport က ဖော်ပြခဲ့ပါတယ်။ 


ဂန်းနား ပစ်မှတ်ဟောင်းကို ပေါင်သန်း ၁၀၀ အောက်နဲ့ ခေါ်နိုင်ဖို့ မျှော်လင့်နေတဲ့ ချဲလ်ဆီး 

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးက ဘရိုက်တန် ကွင်းလယ် ကြယ်ပွင့် မွိုက်စ် ကိုင်စီဒိုကို ပေါင်သန်း ၁၀၀ မပြည့်တဲ့ ပမာဏနဲ့ ခေါ်ယူသွားနိုင်မယ်လို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် ဖြစ်ခဲ့တဲ့ ကိုင်စီဒိုနဲ့ ချဲလ်ဆီး အသင်းက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပေမယ့်လည်း ဘရိုက်စ်တန် အသင်းက ညှိနှိုင်း ဆွေးနွေးရာမှာ ဆက်လက် ခေါင်းမာနေဆဲ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်
အာဆင်နယ်
နော်တင်ဟမ် ဖောရက်စ်
1X2 သရေ (Draw) @ 5.00
ဂိုးပေါ် 3.25 @ 2.00
ဂိုးပေါင်း 2-3 @ 2.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘရိုက်တန် ကွင်းလယ် ကစားသမားက ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့နိုင်ချေနဲ့ ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရချိန်မှာ “သူတို့က အသင်းကြီး တစ်သင်းပါ။ အဲဒါက အမှန်ပါပဲ။ အရမ်းကို သမိုင်းကြောင်း ရှိတဲ့ အသင်း ဖြစ်ပြီး ကျွန်တော် မပြောင်းချင်ဘူးလို့ မပြောနိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ အရမ်းကြီးမားပြီး သမိုင်းဝင်တဲ့ လှပတဲ့ အသင်း ဖြစ်နေလို့ပါ။ မြို့ကလည်း အရမ်းလှပပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကိုင်စီဒို အတွက် ချဲလ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ပြီး ကမ်းလှမ်းနေတဲ့ အသင်း တစ်သင်းတောင်မှ မရှိတာတောင်မှ ဘရိုက်တန်က သတ်မှတ်စျေးကို လျှော့ပေးဖို့ တင်းခံနေဆဲ ဖြစ်ပြီး ကွင်းလယ် ကြယ်ပွင့် ကစားသမား အတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ လိုချင်နေဆဲ ဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်က အာဆင်နယ်ကို ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့မှု၊ မာ့ခ် အယ်လစ္စတာကို လစ်ဗာပူးလ် အသင်းဆီ မှန်းထားတဲ့ စျေးထက် လျော့နည်းတဲ့ ပမာဏနဲ့ ရောင်းထုတ်ခဲ့ရမှုတို့ကြောင့် ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ မှာတော့ ဘရိုက်စ်တန်က လုံးဝ အလျှော့မပေးနိုင်တော့ပုံပေါ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် အချိန် အတွင်း မှာတော့ ဆွေးနွေးမှုတွေ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 


ချဲလ်ဆီး တိုက်စစ်မှူးကြောင့် ဒေါသထွက်နေရတဲ့ ဂျူဗင်တပ် 

အင်တာမီလန် အသင်းဟာ ဂျူဗင်တပ်စ်ရဲ့ စိတ်ဝင်စားမှုခံနေရချိန်မှာ လူကာကူက အသင်းဖော်တွေနဲ့ နည်းပြ ဆီကနေ မက်ဆေ့တွေကို ပြန်လည် တုံ့ပြန်ခြင်း မရှိတဲ့ အတွက် ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းဟာ အခြား ကစားသမားတွေက ရာသီကြို လေ့ကျင့်ရေး အတွက် အသင်းကို ပြန်လည် ရောက်ရှိနေပြီး ဖြစ်နေချိန်မှာ လူကာကူက ချဲလ်ဆီး အသင်းနဲ့ အဝေးမှာ နားရက် အပို ပေးခြင်းခံခဲ့ရပြီးနောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

Gianluca Di Marzio ရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ လူကာကူရဲ့ သဘောထားကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပြီး ချဲလ်ဆီး တိုက်စစ်မှူးဟာ မကြာသေးမီကမှ အငှား စာချုပ်ပြည့်လို့ လမ်းခွဲခဲ့တဲ့ နည်းပြဟောင်းနဲ့ အသင်းဖော်ဟောင်းတွေကို ဘာတုံ့ပြန်မှုမှ မပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန် အသင်းဟာ ဂျူဗင်တပ်စ် အသင်းကို လူကာကူ ပြောင်းရွှေ့နိုင်ချေ ရှိနေတာကိုလည်း သတိပြုမိနေတာ ဖြစ်ပြီး အိုးလေဒီတွေဟာ ထပ်ဆောင်း ပေးချေမှု ပေါင် ၁.၅ သန်း ပါဝင်တဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ ယုံကြည်ရပါတယ်။ 

အင်တာမီလန် အသင်း ကလည်း အလားတူ ပမာဏနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပေမယ့်လည်း ကနဦး ပေးချေမှု မှာတော့ ပိုမို နည်းပါးတဲ့ ပမာဏနဲ့ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုဟာ ဩဂုတ်လ ၄ ရက်နေ့မှာ ဒူဆန် ဗလာဟိုဗစ်ချ်ကို ရောင်းချရမှု အပေါ်မှာ မူတည်မှာ ဖြစ်ပေမယ့်လည်း ချဲလ်ဆီး ကတော့ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးကို ဖြစ်နိုင်သမျှ ခပ်မြန်မြန်ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်