နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမား ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယားကို ပေါင်သန်း ၅၀ အထိ ပေးပြီး ခေါ်ဖို့ အသင့်ရှိနေတဲ့ ပီအက်စ်ဂျီ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမား ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယားကို ပေါင်သန်း ၅၀ အထိ ပေးပြီး ခေါ်ချင်ဖို့ အသင့် ရှိနေတဲ့ ပီအက်စ်ဂျီ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမား ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဖေဖော်ဝါရီလ အတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါဟာ သူ့ အတွက်တော့ ၂ လ ဆက်တိုက် ဆွတ်ခူးနိုင်တာ ဖြစ်ပြီး ဒီရာသီမှာ ၃ ကြိမ်မြောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီရာသီမှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ် အထိ ရရှိထားတာက ရက်ရှ်ဖို့ဒ် တစ်ဦး တည်းသာ ရှိနေခဲ့ပြီးတော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဟာလန်းတောင်မှ မရယူနိုင်သေးပါဘူး။ ဒါကြောင့် လက်ရှိမှာ ရက်ရှ်ဖို့ဒ်က လိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေတယ်လို့ ဆိုနိုင်တာလည်း ဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလား ပြီးကတည်းက ဆက်တိုက် ခြေစွမ်းပြနေတာ ဖြစ်ပြီး ဒီရာသီမှာ ယူနိုက်တက် အတွက် လိဂ်ဂိုး ၁၄ ဂိုး၊ ပြိုင်ပွဲစုံ မှာတော့ သွင်းဂိုး ၂၆ ဂိုး အထိ သွင်းယူထားတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိ ခြေစွမ်းကိုသာ ထိန်းထားနိုင်မယ် ဆိုရင် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကိုပါ ရယူနိုင်လိမ့်မယ်လို့ အင်္ဂလန် မီဒီယာတွေက တခုတ်တရ ချီးကျူး ဖော်ပြနေခဲ့ကြပြီ ဖြစ်ပါတယ်။


MSF နေရာမှာ ဘယ်သူကမှ အစားမထိုးနိုင်ဘူး ဆိုတဲ့ ကလောပ့် 

လစ်ဗာပူးလ် နည်းပြ ယာဂင် ကလောပ့်က နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေနဲ့ ပတ်သတ်လို့ ပြောကြားရင်းနဲ့ တစ်ချိန်က အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ရှေ့တန်း ကစားသမား ၃ ဦး နေရာမှာ ဘယ်သူကမှ အစားမထိုးနိုင်တဲ့ အကြောင်း ကိုလည်း ဖွင့်ဟသွားခဲ့ပါတယ်။ လစ်ဗာပူးလ်ရဲ့ လက်ရှိ တိုက်စစ်ပိုင်းမှာ ဒါဝင် နူညက်ဇ်၊ ဂျိုတာ၊ ဂတ်ခ်ပိုနဲ့ ဒီယတ်ဇ် တို့ ရှိနေပြီးတော့ အတိုင်းအတာ တစ်ခုထိ တောင့်တင်းနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကလောပ့်က “ အထူးကောင်းမွန်တဲ့ ဆက်ဆံရေးတွေကြောင့် ဆာလာ၊ မာနေးနဲ့ ဖာမီနိုတို့ နေရာမှာ ပုံတူကူးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့က အရမ်းကို ကောင်းမွန်ခဲ့တာပါ။ သူ့တို့က ရာနှုန်းပြည့် ခွန်အားတွေနဲ့ ကစားနိုင်ခဲ့တယ်လို့ ပြောရပါမယ်။ ကောင်လေးတွေ အတွက် ကျွန်တော် တွေ့ခဲ့တဲ့ စနစ်က အကူအညီပေးခဲ့ပုံ ရပါတယ်။ သူတို့လည်း ဒီအတိုင်းပဲ မြင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ကို ကြည့်ရတာ တချိန်က ဟုန်းဟုန်းတောက်ခဲ့တဲ့ MSF တိုက်စစ် အတွဲကို လွမ်းဆွတ်နေပုံ ရပြီး လက်ရှိ တိုက်စစ်စုဖွဲ့မှုကို အားမရသေးတဲ့ သဘောရှိပါတယ်။ လက်ရှိ မှာတော့ ဆာဒီယို မာနေးက ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ ကစားနေသလို ဖာမီနို ကလည်း ရာသီကုန်မှာ ထွက်ခွာမယ်လို့ အသိပေးထားပြီး ဖြစ်တာကြောင့် မိုဆာလာ တစ်ဦးတည်း အသင်း ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီမှာ ကွင်းလယ်ပိုင်းကို အဓိကထား အင်အား ဖြည့်တင်းဖို့ ရည်ရွယ်ထားပြီး ဒေါ့မန် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်က ဦးစားပေး အဖြစ် သတ်မှတ်ထားပါတယ်။ 


မက်ဂွိုင်းယားကို ပီအက်စ်ဂျီက အလိုရှိနေတယ်လို့ သတင်းထွက်လာ

အင်္ဂလန် နောက်ခံလူဟာ ကမ္ဘာ့ဖလား ပြီးကတည်းက ပရီးမီးယားလိဂ် ကလပ် အတွက် ၂ ပွဲသာ ကစားထားရပြီးတော့ အရန်ခုံမှာသာ အချိန်ကုန်နေရတာ ဖြစ်ပါတယ်။
မက်ဂွိုင်းယားကို ပေါင်သန်း ၅၀ ပေးပြီး ခေါ်ဖို့ အသင့်ရှိနေတဲ့ ပီအက်စ်ဂျီ

မန်ချက်စတာယူနိုက်တက်မှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေတဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား ကိုတော့ ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက မက်ဂွိုင်းယား အတွက် ပေါင် သန်း ၅၀ အထိတောင် ပေးချေနိုင်တယ်လို့ သိရပါတယ်။ 

အင်္ဂလန် နောက်ခံလူဟာ ကမ္ဘာ့ဖလား ပြီးကတည်းက ပရီးမီးယားလိဂ် ကလပ် အတွက် ၂ ပွဲသာ ကစားထားရပြီးတော့ အရန်ခုံမှာသာ အချိန်ကုန်နေရတာ ဖြစ်ပါတယ်။ အဲရစ်ခ် တန်ဟက်ဂ်က ရာဖေးလ် ဗာရန်းနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ အတွဲကိုသာ အဓိကထား အသုံးပြုနေပြီးတော့ မက်ဂွိုင်းယား ကတော့ လူစားဝင် ကစားသမား အဖြစ်နဲ့သာ ရှိနေခဲ့တာပါ။ 

ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ အသင်း အတွက် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ စီစဉ်နေပြီး မက်ဂွိုင်းယား ကလည်း သူတို့ရဲ့ ပစ်မှတ် ကစားသမားတွေ ထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်