နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ပစ်မှတ် အတွက် ယူရို သန်း ၇၀ လိုချင်နေတဲ့ ပီအက်စ်ဂျီ | ပရီးမီးယားလိဂ်

ပီအက်စ်ဂျီ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီထားတဲ့ သူတို့ရဲ့ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ အထိ အလိုရှိနေတယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ Sky Sports က ဖော်ပြလာခဲ့တာ ဖြစ်ပြီး ဒီလို အခြေအနေကြောင့် ဥရုဂွေး ကွင်းလယ် ခံစစ် ကစားသမား အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့တော့ အခက်အခဲ ရှိလာနိုင်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ စပို့တင်းလစ္စဘွန်း ကနေ ပီအက်စ်ဂျီ အသင်းထံ ယူရို သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အူဂါတီဟာ အသင်းမှာ ပွဲထွက်ကစားခွင့်တွေ အလုံအလောက် မရရှိတာကြောင့် တစ်ရာသီ အကြာမှာပဲ ပြင်သစ် ကလပ်နဲ့ လမ်းခွဲဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ နည်းပြ လူးဝစ် အန်နရီကေး ကလည်း အူဂါတီထက် ဗစ်တင်ဟာ၊ ဖေဘီယန် ရူအစ်ဇ်နဲ့ လူငယ် ကြယ်ပွင့် ဇိုင်း အမ်မရီ တို့ကိုသာ ပိုမို နေရာပေးနေခဲ့ပါတယ်။ ဒါကြောင့် အူဂါတီကို အခု နွေဈေးကွက်မှာ အသင်းကနေ ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့ပြီး ကစားသမား ကိုယ်တိုင် ကလည်း ပီအက်စ်ဂျီ ကနေ ထွက်ခွာလာချင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို အခြေအနေ ကိုတော့ စောင့်ကြည့်နေခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က စတင်ချဉ်းကပ်လာခဲ့ပြီး လက်ရှိမှာ ကစားသမားနဲ့လည်း လစာ ကိစ္စနဲ့ စာချုပ်ကိစ္စတွေ အထိ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အလုံးစုံ သဘောတူညီမှု ရရှိဖို့ အတွက်တော့ ပီအက်စ်ဂျီနဲ့ ပြောင်းရွှေ့ကြေး အတွက် ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေ အရ ဆိုရင် ပီအက်စ်ဂျီက အူဂါတီကို ရောင်းချရငွေနဲ့ ဘင်ဖီကာက ပေါ်တူဂီ ကြယ်ပွင့် ယာအို နီးဗက်စ်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ နီးဗက်စ် အတွက် ယူရို သန်း ၇၀ လောက် အထိ အသုံးပြုရဖွယ် ရှိနေတာကြောင့် အူဂါတီ ကိုလည်း ယူရို သန်း ၇၀ လောက် ရရှိမှာသာ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လိုင်လီ နောက်ခံလူ ယိုရိုနဲ့ ဘိုလော့ဂ်နာ တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးတို့ အတွက် နှစ်ဦးပေါင်း ယူရို သန်း ၁၀၀ ကျော်အထိ သုံးစွဲထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ အူဂါတီ အတွက် ယူရို သန်း ၇၀ အထိ သုံးစွဲဖို့ အခက်အခဲ ရှိနိုင်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက် မှာလည်း ယူနိုက်တက်ဟာ အသင်း ကွင်းလယ်ပိုင်း အတွက် ကက်စ်မဲရိုး အပြင် စကော့တ် မက်တော်မီနေး ကိုပါ ကြိုက်ကြေးရရင် ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်