နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုချက်တီနို အတွက် အဖြေထုတ်ရခက်နေတဲ့ ချဲလ်ဆီးရဲ့ တအိအိ ပြိုဆင်းလာမှု ပြဿနာ | ပရီးမီးယားလိဂ်

Domino Effect နဲ့ တအိအိ ပြိုကျတဲ့ အသင်းကို ပြပါ ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး အသင်း ပါပဲ။ လူအများစုက မီဒီယာ အာရုံစိုက်ရာ၊ ဇောင်းပေးရာ ယူနိုက်တက် ကိုပဲ သည်းကြီးမဲကြီး ဖြစ်နေချိန်မှာ ချဲလ်ဆီးက ယူနိုက်တက်ထက် အခြေအနေတွေဆိုး၊ ရလဒ်တွေ ဆိုးနေပါတယ်။ ပိုချက်တီနိုက အသင်းကို ဘာမှ ကြီးကြီးမားမား တိုးတက်လာအောင် လုပ်ပြနိုင်ခြင်း မရှိသေးပါဘူး။ သူ့လက်ထက်မှာ Pattern တစ်ခုခု ပေါ်လာဖို့ကို မျှော်လင့်ခဲ့ကြတယ်၊ တကယ် ပေါ်လာမယ့် အရိပ်အယောင်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် Result မထွက်တဲ့ ကိစ္စ တစ်ခုကို ဘာနဲ့မှ ကာကွယ်ပေးလို့ မရပါဘူး။

ဘရိုဟာနဲ့ နီကိုးလပ်စ် ဂျက်ဆင် တို့ကို အလှည့်ကျ သုံးနေသည့်တိုင် သူတို့ ဆီက ဘာမှအားကိုးလို့ မရတဲ့ ကစားပုံနဲ့ အရည်အချင်းတွေ ကိုပဲ ပြန်လည် မြင်တွေ့နေရတယ်၊ မူဒရစ်ခ်၊ ပါးလ်မား တို့က တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဖြစ်နေဆဲပါ။ တကယ်တမ်းမှာ သူတို့နဲ့လည်း သိပ်တော့ သက်ဆိုင်လှတယ် မဟုတ်ပါဘူး။ ဒီအသက်အရွယ်တန်းနဲ့ ကစားသမားတွေက သူတို့ကို တွဲခေါ်ပေးမယ့် ဝါရင့် ဒါမှမဟုတ် ကြယ်ပွင့်တွေ လိုအပ်ပါသေးတယ်။ ပြောင်းရွှေ့ကြေး ကိုပဲ ကြည့်ပြီး ကစားသမားတွေရဲ့ ပခုံးပေါ်၊ ခေါင်းပေါ် တာဝန်တွေ ပစ်တင်တာက ကစားသမားတွေ ကိုရော၊ အသင်း ကိုပါ ပိုပြီး နစ်မြုပ်စေပါလိမ့်မယ်။

အခုဆိုရင် အချက်အလက်တွေရ ချဲလ်ဆီးက ပရီးမီးယားလိဂ် ထိပ်ဆုံး (၄) သင်းထက် တန်းဆင်းဇုန်နဲ့ ပိုနီးနေပါပြီ။
ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုံးထားတဲ့ ချဲလ်ဆီး

အဲဗာတန်နဲ့ ပွဲမှာ ဂယ်လာဂါ၊ အန်ဇို ဖာနန်ဒက်ဇ်၊ ကိုင်စီဒို တို့နဲ့ပဲ ကွင်းလယ်ကို ထိုင်ခဲ့တယ်၊ တိုက်စစ်မြားဦးမှာ ဂျက်ဆင်ကို မသုံးဘဲ ဘရိုဂျာကို သုံးတယ်၊ စတာလင် ကိုလည်း အရန်ခုံ ပို့ပြီး မူဒရစ်ခ်၊ ပါးလ်မား တို့က တောင်ပံ တစ်ဖက်စီ ကနေ ပွဲထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ဘာမျှော်လင့်ချက်၊ ဘာရည်ရွယ်ချက်မှ မရှိတဲ့ ချဲလ်ဆီးက မခံချင်စိတ်နဲ့ ပရီးမီးယားလိဂ်မှာ အစွမ်းပြနေတဲ့ အဲဗာတန်ကို ဘယ်လိုမှ မတုံ့ပြန်နိုင်ခဲ့ပါဘူး။ အခု ဒီပွဲမှာ ပိုဖိအားပေးနိုင်တဲ့ အသင်းက ချဲလ်ဆီး ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် အနိုင်ရဖို့ ထိုက်တန်တဲ့ အသင်းတော့ မဟုတ်ခဲ့ပါဘူး။

စီးရီးအေ
ဂျူဗင်တပ်စ်
ဂျီနိုအာ
1X2 သရေ (Draw) @ 3.10
ဂိုးအောက် 2.00 @ 1.99
ဂိုးပေါင်း 2-3 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီအတွက် ဘာဆာလောင်မှုမျိုး၊ ဘာအစွမ်းထက်မှုမျိုး ကိုမှ မမြင်တွေ့ခဲ့ရပါဘူး။ အဲဗာတန်က မြန်နှုန်းမြင့်တယ်၊ ဖျက်အားပြင်းတယ်၊ ဒီပုံစံနဲ့ပဲ ရင်ဆိုင်ခဲ့ပြီး ခပ်ပျော့ပျော့ ချဲလ်ဆီးတို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ပိုချက်တီနိုက သူ့မှာရှိတဲ့ လူစာရင်းနဲ့တင် ငါးသိုင်းများပြီး ဟင်းဟုန်နေခဲ့တာပါ။ ကစားသမားတစ်ယောက်ချင်းစီက အကောင်းဆုံးပုံစံကို ထုတ်ယူသုံးစွဲနိုင်ခြင်းမရှိဘဲ အရင်ပွဲတွေမှာ ကစားသမားတွေက တစ်ဦးချင်းပုံစံကောင်းပြခဲ့လို့သာ ဒီလောက် ရလဒ်ထွက်ခဲ့တယ် ပြောရမှာပါ။ အခုဆိုရင် အချက်အလက်တွေရ ချဲလ်ဆီးက ပရီးမီးယားလိဂ် ထိပ်ဆုံး (၄) သင်းထက် တန်းဆင်းဇုန်နဲ့ ပိုနီးနေပါပြီ။

ဒါတွေက ထောက်ပြလို့ ကောင်းတဲ့ ရယ်ရတဲ့ Fun Fact တွေပါ။ အချိန်တန်ရင် ချဲလ်ဆီး တန်းမဆင်းဘူး ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် အသင်းက ဒီလောက်အထိ မလူးသာမလွန့်သာ ဖြစ်နေချိန်မှာ မော်ရီစီယို ပိုချက်တီနိုကို ဘယ်လောက် အထိ တော့ဒ်ဘိုလေ စိတ်ရှည်ပေးသွားမလဲက လာမယ့် ပွဲတွေမှာ အဖြေထွက်လာပါလိမ့်မယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်