နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖူလ်ဟမ် အတွက် ထိုးနှက်ချက် ကြီးမားလာစေမယ့် တိုက်စစ် အားနည်းမှု ပြဿနာ (ပရီးမီးယားလိဂ်)

စနေနေ့ညက  မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်ဟာ ပထမ ဦးစားပေး ပွဲထွက်တိုက်စစ်မှူး အလက်ဇန္တား မီထရိုဗစ်ကို ဆော်ဒီ အာရေဗျလိဂ်ကို ထွက်ခွာခွင့်ပေးခဲ့ပြီးနောက် သိသာထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဖူလ်ဟမ်ဟာ ယခုနွေရာသီမှာ ကြယ်ပွင့် တိုက်စစ်မှူးကို အယ်လ်ဟီလာလ်ကို ပေါင် ၄၆ သန်းနဲ့ ရောင်းထုတ်ခဲ့ပါတယ်။ ဆားဘီးယား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ၂၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၄ ဂိုးနဲ့ အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့တာပါ။

မီထရိုဗစ်ဟာ ၂၀၂၁-၂၀၂၂ ရာသီ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာဖို့ ကြိုးပမ်းမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ကစားပေးခဲ့ပြီး ချန်ပီယံရှစ်မှာ ၄၃ ဂိုး အထိ တစ်ရာသီ အတွင်း စံချိန်တင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာလည်း ဖူလ်ဟမ်တို့ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၂ ပွဲသာ အနိုင်ရထားခဲ့ပါပြီ။
မီထရိုဗစ် မရှိတော့တဲ့ နောက်ပိုင်း ဂိုးသွင်းအား သိသိသသာ ကျဆင်းသွားတဲ့ ဖူလ်ဟမ်

ဖူလ်ဟမ်က မီထရိုဗစ်ရဲ့ နေရာမှာ အစားထိုးခေါ်ယူမှု အဖြစ် ရာအူးလ် ဂျီမီနက်ဇ်နဲ့ အဒါမာ ထရာအိုရေး တို့ကို ဝုဗ် ကနေ ခေါ်ခဲ့သလို ဘရာဇီးလ် တိုက်စစ်မှူး ကားလို့စ် ဗင်နီးစီးယက်စ် ကိုလည်း ၂၀၂၂-၂၀၂၃ ရာသီတုန်းက သွင်းယူခဲ့တဲ့ ၅ ဂိုးထက် ပိုမို သွင်းယူနိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုရာသီ ၆ ပွဲအထိ ကစားပြီးချိန်မှာ ရာအူးလ် ဂျီမီနက်ဇ်နဲ့ အဒါမာ ထရာအိုရေး တို့ဟာ တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးပါဘူး။ ကားလို့စ် ဗင်နီးစီးယက်စ် ကတော့ လူတန်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ယခုရာသီ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မီထရိုဗစ် ရှိနေခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီအစ ပထမဆုံး ၆ ပွဲ အတွင်းမှာ ၆ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မာကို ဆေးလ်ဗား ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးတွေက အခြေအနေက မစွံတာထက်ကို ဆိုးရွားနေတာ သိသာနေပါတယ်။

မီထရိုဗစ် ပါဝင်ခဲ့ချိန်တုန်းက ဖူလ်ဟမ်ရဲ့ မျှော်မှန်း သွင်းဂိုးဟာ ၁.၄၄ ဂိုး အထိ ရှိခဲ့ပေမယ့်လည်း ဆားဘီးယား တိုက်စစ်မှူး မပါဝင်ချိန်မှာတော့ ၀.၉ ဂိုး ဖြစ်လာခဲ့တာက သိသာထင်ရှားတဲ့ ကွာခြားမှု ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
တော့တင်ဟမ် ဟော့စပါး
လီဗာပူးလ်
1X2 လီဗာပူးလ် @ 2.22
ဂိုးပေါ် 3.50 @ 2.00
ဂိုးပေါင်း 2-3 @ 2.29
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အားလုံး ခြုံပြောရရင် အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူး ပါဝင်မှုက ဖူလ်ဟမ်ရဲ့ ကိန်းဂဏန်းတွေကို သိသိသာသာ မြင့်တက်စေခဲ့ပြီး မာကို ဆေးလ်ဗားရဲ့ တိုက်စစ်မှူး အသစ်တွေ အသင်း အတွက် အမြန်ဆုံး သွင်းဂိုးတွေ သွင်းယူပေးနိုင်မလား ဆိုတာ ကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာလည်း ဖူလ်ဟမ်တို့ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၂ ပွဲသာ အနိုင်ရထားခဲ့ပါပြီ။ ရေရှည် အတွက် ဆိုရင်တော့ မာကို ဆေးလ်ဗား အနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းမှုကို တစ်နည်းနည်းနဲ့ ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ဖူလ်ဟမ် အတွက် အနာဂတ်က ရင်လေးစရာပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်