နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | တော့တင်ဟမ်ဟော့စပါး – ဆောက်သမ်တန် (ပရီးမီးယားလိဂ်)

တော့တင်ဟမ်ဟော့စပါး – ဆောက်သမ်တန်

အန်တိုနီယို ကွန်တီရဲ့ တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အနိုင်ရရှိမှုနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အရယူနိုင်ခဲ့ပါတယ်။ မြောက်လန်ဒန် ပြိုင်ဘက် အာဆင်နယ်ကို ၂ မှတ် အသာနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့လို့ ကြက်ဖကြီးတို့ ဖလား မရပေမယ့်လည်း ချိုမြိန်တဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကွန်တီ အနေနဲ့ သူမျှော်လင့်ထားတဲ့အတိုင်း အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ငွေဖောဖောသီသီ သုံးခွင့်ရခဲ့သလို ကစားသမားသစ် ၆ ဦး အထိ ခေါ်ယူ အားဖြည့်ထားနိုင်ခဲ့ပါတယ်။ ဖရေဆာ ဖော်စတာနဲ့ အိုင်ဗန် ပါရီဆစ် တို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး ဘစ်ဆူးမား၊ ရစ်ချာလီဆင်နဲ့ ဂျက်စပန့်စ်တို့ ၃ ဦးပေါင်း အတွက် ကိုတော့ ပေါင် ၈၅ သန်းကျော် အထိ သုံးစွဲထားခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာက ကလီမန့်တ် လန်းဂ်လတ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ပြီး ခံစစ် အတွက် အားဖြည့်ထားသလို နောက်ထပ် ကစားသမားတွေလည်း ထပ်မံခေါ်ယူဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒီလို အားရစရာ ခေါ်ယူ အားဖြည့်မှုတွေ ပြုလုပ်ထားနိုင်တဲ့ စပါးကို တော်တော်များများက မန်စီးတီး၊ လစ်ဗာပူးလ် တို့ရဲ့ အနောက် အဆင့် ၃ နေရာနဲ့ ရာသီသိမ်းမယ်လို့ ခန့်မှန်းထားသူတွေလည်း တပုံကြီးပါပဲ။

ကွန်တီရဲ့ အသင်းက ရာသီသစ် မတိုင်ခက် ခြေစမ်းပွဲ ၄ ပွဲ ကစားထားခဲ့ပြီး မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ကေလိဂ် အောစတား အသင်းကို ၃-၆၊ ရိန်းဂျားစ်ကို ၁-၂ နဲ့ အနိုင်ရခဲ့ပေမယ့် အသင်းကြီးတွေ ဖြစ်တဲ့ ဆီဗီလာနဲ့ ၁-၁၊ ရိုးမားကိုတော့ ၁-၀ တို့နဲ့ ရှုံးနိမ့်ထားပါတယ်။ ခြုံငုံ သုံးသပ်ရရင်တော့ စပါးတို့ ကစားသမား စုဖွဲ့မှု အားကောင်းပေမယ့် ခြေစွမ်းအရတော့ လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုတာ သေချာပါတယ်။ စပါးရဲ့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၁၉ ပွဲ ကစားရာမှာ ၅ ပွဲ ရှုံးခဲ့ပေမယ့် ၁၃ ပွဲ အထိ အနိုင်ရခဲ့တာကြောင့် ရမှတ် ၄၀ ရှာဖွေနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် ၄ ပွဲဆက် ရှုံးထားတဲ့ စိန့်တို့ရဲ့ အခြေအနေက ယိုင်နဲ့နေဆဲ ဖြစ်ပြီး ရာသီကြို ခြေစွမ်းပွဲ ရလဒ်တွေ ကလည်း သိပ်မစွံတာ တွေ့ရပါတယ်။
အားရစရာ ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်ခြင်း မရှိတဲ့ ဆောက်သမ်တန်

အခုပွဲ ကိုတော့ တိုက်စစ်မှူး အသစ် ရစ်ချာလီဆင် ပွဲပယ် ပြစ်ဒဏ်ကြောင့် ကျိန်းသေပေါက် ပါဝင်လာနိုင်မှာ မဟုတ်သလို ဘစ်ဆူးမား ကလည်း ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ကွန်တီ အနေနဲ့ အသားကျပြီးသား နောက်တန်း ၃ ယောက် အခင်းအကျင်း ကိုပဲ အသုံးပြုလာဖို့ ရှိနေပြီး ကိန်း-ဆွန်-ကူ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ပြီးခဲ့တဲ့ ရာသီအတိုင်း အပြောင်းအလဲ မရှိ ပွဲထွက်လာဖို့ ၉၀ ရာခိုင်နှုန်းကျော် သေချာပါတယ်။

ဆောက်သမ်တန် ကတော့ ပြီးခဲ့တဲ့ ရာသီက တန်းဆင်းဇုန်နဲ့ ၅ မှတ် အကွာ အဆင့် ၁၅ နေရာနဲ့ ရာသီသိမ်းခဲ့ရသလို လက်တလော အားရစရာ မရှိတဲ့ ရာသီကြို ပြင်ဆင်မှုတွေကြောင့် တန်းဆင်းရဖို့ ရေပန်းစားနေတဲ့ ထိပ်ဆုံး ၃ သင်းထဲမှာ ပါဝင်နေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် ၄ ပွဲဆက် ရှုံးထားတဲ့ စိန့်တို့ရဲ့ အခြေအနေက ယိုင်နဲ့နေဆဲ ဖြစ်ပြီး ရာသီကြို ခြေစွမ်းပွဲ ရလဒ်တွေ ကလည်း သိပ်မစွံတာ တွေ့ရပါတယ်။ ခြေစမ်းပွဲ ၅ ပွဲမှာ မိုနာကို ၁ သင်းထဲကိုသာ ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကလာဂျန်ဖတ်နဲ့ ဝက်ဖို့ဒ်ကို ဂိုးမရှိ သရေ၊ လိုက်ပ်ဇစ်ကို ၃-၁၊ ဗီလာရီးရဲယ်ကို ၁-၂ ဆိုတဲ့ ရလဒ်တွေနဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ စိန့်တို့ ရာသီသစ် အတွက် ကစားသမား ၆ ဦး ခေါ်ယူထားပေမယ့် ဘန်ဇူနူ၊ ဘိုချမ် ဘယ်လာ ကော့ချပ်၊ ဂျိုး အာရီဘို လောက်ပဲ အားကိုးရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

ရက်ဖ်ဟတ်ဆန်ဟတ်တဲလ် ကတော့ သူ့ စိတ်ကြိုက် ၄-၄-၂ ကစားကွက်ကိုပဲ ခင်းကျင်းလာဦးမယ့် သဘော ရှိပါတယ်။ ပွဲထွက် လူစာရင်း မှာတော့ ဖရေဆာ ဖော်စတာ နေရာမှာ ဘန်ဇူနူ ပါဝင်လာနိုင်ပြီး ရိန်းဂျားစ်က ခေါ်ထားတဲ့ အာရီဘို လည်း ပွဲထွက်လာနိုင်ပါတယ်။ ကျန်တာ ကတော့ ပြီးခဲ့တဲ့ ရာသီက အတိုင်း အပြောင်းအလဲ မရှိနိုင်ပါဘူး။

စီးရီးအေ
ဂျူဗင်တပ်စ်
ဆာဆူအိုလို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ် လူစာရင်း

တော့တင်ဟမ်ဟော့စပါး – ရိုမဲယို၊ ဒိုင်ယာ၊ ဒေးဗီးစ်၊ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ အီမာဆင်၊ ပါရီဆစ်၊ ကူလူဆက်ဗ်စကီး၊ ဆွန်၊ ကိန်း

ဆောက်သမ်တန် – ဘန်ဇူနူ၊ ဆယ်လီဆူ၊ ဘက်ဒ်နာရက်ခ်၊ ပါရောက်ဒ်၊ ဝေါ်ကာပီတာ၊ ရိုမီယူ၊ ဝက်ဒ်ပရောက်စ်၊ အဲလ်ယွန်နူဆီ၊ အမ်းစတောင်း၊ အာရီဘို၊ ချီအဒမ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု အကြိမ် ၂၀ မှာ စပါးတို့ ဆောက်သမ်တန်ကို ၁၂ ကြိမ် အထိ အနိုင်ရပြီး ၄ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် မှာတော့ တစ်သင်းကို ၂ ကြိမ်စီ နိုင်ပြီး ၁ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားပါတယ်။ ထူးခြားတာက ဆောက်သမ်တန်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကွန်တီရဲ့ အသင်းကို နှစ်ကျော့စလုံး မရှုံးခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ စိန့်မေရီကွင်းမှာ ၁-၁ ရလဒ်နဲ့ သရေ၊ ဒုတိယအကျော့ စပါးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရထားခဲ့တဲ့ စိန့်တို့ ဒီတစ်ကြိမ် မှာရော မထင်မှတ်တာတွေ လုပ်ပြဦးမလား ဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 ကြေးဖွင့်လှစ်မှု ကတော့ တော့တင်ဟမ်ဟော့စပါး အတွက် ၁.၃၄ ဆ၊ ဆောက်သမ်တန် အတွက် ၈.၂၅ ဆနဲ့ သရေ အတွက် ၅.၀၀ ဆ ဖြစ်ပါတယ်။ တရိပ်ရိပ် တက်နေတဲ့ အသင်းက အိမ်ရှင် ဖြစ်ပြီး တအိအိ ကျဆင်းနေတဲ့ အသင်းက ဧည့်သည် ဆိုတော့ ပြောစရာတောင် လိုတော့မယ် မထင်ပါဘူး။ ကွန်တီရဲ့ အသင်း အချိတ်အဆက်မိရင် ဂိုးသွင်းတောင် ကျင့်လို့ ရနိုင်ဖို့ ရှိတယ်။ အဲ့တော့ ဒီပွဲ အတွက် ဆိုရင် အနိုင်သေချာတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ဂိုးပေါင်း ၂ ဂိုးနဲ့ ၂ ဂိုး အထက် ကိုသာ ရွေးထားတာက စိတ်အေးရလိမ့်မယ်။
ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၂-၁ ဆောက်သမ်တန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်