နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၁၃/၉/၂၀၂၂)

စက်တင်ဘာ ၁၃ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တူချယ် ထုတ်ပယ်ခံရတဲ့ အပေါ် ဝမ်းနည်းမိကြောင်း ဖွင့်ဟလာတဲ့ ဂျရူး

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးတို့ နည်းပြ သောမတ်စ် တူချယ် ကို ထုတ်ပယ်ခဲ့တာဟာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်တယ်လို့ အေစီမီလန် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးက ပြောကြားလိုက်ပါတယ်။ တူချယ်ဟာ ချဲလ်ဆီးတို့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ပြီးတဲ့နောက် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပြီး လက်ရှိ မှာတော့ သူ့ရဲ့ နေရာမှာ ဘရိုက်တန် နည်းပြ ဂရေဟမ် ပေါ်တာကို အစားထိုး ခန့်အပ်ထားခဲ့ပါတယ်။

တူချယ် ထုတ်ပယ်ခံခဲ့ရတဲ့ အပေါ် ချဲလ်ဆီး ပရိသတ် အများစုက အသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလေကို ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။ ဒါ့အပြင် အာဆင်နယ်နဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျရူး ကလည်း “ဒါက ဘောလုံးလောကရဲ့ အစိတ်အပိုင်း တခုဖြစ်ပြီး ဝမ်းနည်းစရာပါ”

“တူချယ်က ချဲလ်ဆီးမှာ အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပြီး ကျွန်တော် အာဆင်နယ်ပွဲ ကိုလည်း စောင့်ကြည့် ဖြစ်ပါတယ်။ ဒီနှစ် ကလည်း နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာဦးမယ် ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ စီးရီးအေ ကလပ် မှာ ကစားနေတဲ့ ဂျရူးဟာ အာဆင်နယ်မှာ ကစားသမား ဘဝ (၆) နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ချဲလ်ဆီး၊ အေစီမီလန် တို့မှာလည်း ပြောင်းရွှေ့ကစားခဲ့ကာ ဆုဖလားနဲ့ တစ်ဦးချင်း‌ အောင်မြင်မှုတွေ ရရှိထားသူလည်း ဖြစ်ပါတယ်။


ဆွန်ကို ပွဲတိုင်း မသုံးချင်တော့တဲ့ ကွန်တီ

ကိုရီးယား စူပါစတား တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို စစရောက်ချင်း ရာသီ မှာပဲ ပွဲ ၃၀ အောက် ကစားခဲ့ရပြီး ပြီးခဲ့တဲ့ ၇ ရာသီ အတွင်း မှာတော့ စပါး အတွက် တစ်ရာသီ အနည်းဆုံး ပွဲပေါင်း ၄၀ ကစားပေးခဲ့သူ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ကို ပွဲတိုင်း မသုံးဖို့ စဉ်းစားနေတဲ့ အန်တိုနီယို ကွန်တီ

တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ပွဲစဉ်တိုင်းမှာ အသုံးပြုတာထက် အလှည့်ကျ ပွဲထွက်ခွင့်ပေးတာက ပိုပြီး အဆင်ပြေနိုင်တယ်လို့ တော့တင်ဟမ်ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီက ယုံကြည်နေတယ်လို့ သိရပါတယ်။

ကိုရီးယား စူပါစတား တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို စစရောက်ချင်း ရာသီ မှာပဲ ပွဲ ၃၀ အောက် ကစားခဲ့ရပြီး ပြီးခဲ့တဲ့ ၇ ရာသီ အတွင်း မှာတော့ စပါး အတွက် တစ်ရာသီ အနည်းဆုံး ပွဲပေါင်း ၄၀ ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဆွန်ဟော အခုနှစ် မှာတော့ ပြိုုင်ပွဲစုံ ၇ ပွဲသာ ကစားရသေးပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်သလို သွင်းဂိုးလည်း မရရှိသေးပါဘူး။ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ မြောက်လန်ဒန် ကလပ် အတွက် ၃၃၂ ပွဲ ကစားပြီး ၁၃၁ ဂိုးသွင်းယူပေးထားသူ ဖြစ်ပါတယ်။

လက်ရှိ တော့တင်ဟမ်ဟော့စပါးရဲ့ တိုက်စစ်မှာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ရစ်ချာလီဆင်၊ လူးကပ်စ် မော်ရာ၊ ဒီဂျန် ကူလူဆက်ဗ်စကီး၊ ဘရိုင်ယန် ဂေးလ် တို့ ရှိနေပြီး ကွန်တီ အနေနဲ့ ရစ်ချာလီဆင်နဲ့ ဆွန်ဟောင်မင်ကို အလှည့်ကျ ပွဲထွက် ကစားစေမယ့် သဘော ရှိပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ လက်ရှိ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရှုံးပွဲ လုံးဝ မရှိသေးပဲ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာလည်း စပါးတို့ လီဂူးဝမ်း ကလပ် မာဆေးလ်ကို ၂ ဂိုးပြတ် အနိုင်ရထားပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
လိုက်ဇစ်
1X2 ရီးယဲလ်မက်ဒရစ် @ 1.53
ဂိုးပေါ် 3.25 @ 2.01
ဂိုးပေါင်း 2-3 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မော်ရင်ဟိုက သူ့အပေါ် မလေးမစားလုပ်ခဲ့ကြောင်း မာစီရယ်လ် ဖွင့်ဟ

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာစီရယ်လ်က လက်ရှိ ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုဟာ သူနဲ့ လက်တွဲခဲ့ချိန်တုန်းက မလေးမစား ပြုမူခဲ့ကြောင်း ဝေဖန် ပြောကြားလိုက်ပါတယ်။

လက်ရှိ စီးရီးအေ ကလပ်ကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ ယူနိုက်တက် ကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ယူနိုက်တက် ကစားသမား အများစုနဲ့ အဆင်မပြေဖြစ်ခဲ့သူပါ။ အဲ့ဒီထဲ မှာလည်း မာစီရယ်လ်လည်း အပါအဝင် ဖြစ်ပြီး ကျောနံပါတ်ကိစ္စနဲ့ အစပြုခဲ့ကြောင်း မာစီရယ်လ်က ဖွင့်ဟပါတယ်။

မာစီရယ်လ်က “ကျွန်တော်တို့ ပြဿနာက ကျောနံပါတ်နဲ့ အစပြုခဲ့ပါတယ်။ အားလပ်ရက်မှာ သူက ကျွန်တော့်ဆီ ကျောနံပါတ် (၁၁) ယူမလား၊ ဂန္တဝင်ကစားသမား ရိုင်ယန်ဂစ် ဝတ်သွားတဲ့ ထိပ်တန်း နံပါတ်ဆိုပြီး ပြောပါတယ်။ ကျွန်တော် ကလည်း ဂစ်ကို လေးစားပေမယ့် ကျောနံပါတ် (၉) ကိုပဲ ဆက်လက် ဝတ်ဆင်လိုတဲ့ အကြောင်း ပြန်ပြောပြီးသားပါ” “ဒါပေမယ့် ကျွန်တော်လည်း အသင်းကို ပြန်ရောက်ရော၊ နံပါတ်က (၁၁) ဖြစ်နေပါပြီ။ အဲ့ဒီထဲက အဆင်မပြေခဲ့တာပါ။ မော်ရင်ဟိုက ကျွန်တော့်ကို မလေးစားခဲ့ဘူး” လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက မာစီရယ်လ်ရဲ့ ကျောနံပါတ် (၉) ကို အသစ် ရောက်ရှိလာတဲ့ တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ကို ပေးအပ်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်