နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၁၀/၈/၂၀၂၂)

ဩဂုတ်လ ၁၀ ရက်နေ့ရဲ့ နံနက်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂတ်ခ်ပိုကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ နယ်သာလန် ကလပ် ပီအက်စ်ဗွီရဲ့ တောင်ပံ ကစားသမား ကိုဒီ ဂတ်ခ်ပိုကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်ဆိုပြီး Sky Sports အကြီးတန်း သတင်းထောက် မယ်လစ်ဆာ ရက်ဒီက အတည်ပြုခဲ့ပါတယ်။

မလစ်ဆာ ရက်ဒီရဲ့ ပြောကြားချက်အရ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အတွက် ကစားသမား တော်တော်များများကို ကာလရှည်ကြာ ပစ်မှတ်ထား စောင့်ကြည့်နေခဲ့ပြီး ဂတ်ခ်ပိုကို ပီအက်စ်ဗွီ ကနေ အလွယ်တကူ ခေါ်ယူနိုင်ဖို့ အတွက်လည်း ရုဒ် ဗန် နစ္စတယ်ရွိုင်းက အကူအညီ ပေးလိမ့်မယ်လို့ သူမက ဆိုပါတယ်။

ဆက်လက်ပြီး မယ်လစ်ဆာက ပီအက်စ်ဗွီ အသင်းက သူတို့ရဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းထားလိုပေမယ့် ငွေကြေး အလုံးအရင်းနဲ့ ကမ်းလှမ်းမှုမျိုး ရှိလာခဲ့ရင်တော့ ငြင်းပယ်ဖို့ ခက်ခဲလိမ့်မယ် လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

အသက် ၂၃ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကစားသမား ကိုတော့ ယူနိုက်တက် အပြင် အာဆင်နယ် ကလည်း စိတ်ဝင်စားနေတယ် ဆိုပြီး အစောပိုင်းမှာ ကတည်းက သတင်းတွေ ထွက်နေခဲ့တာပါ။ ဒါကြောင့် အပြောင်းအရွှေ့ မပိတ်ခင် ဂတ်ခ်ပိုကို ဘယ်အသင်းက အမှန်တကယ် ကမ်းလှမ်းမှု ပြုလုပ်ပြီး ပရီးမီးယားလိဂ်ဆီ အရောက် ခေါ်ယူသွားနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးနဲ့ သတင်းတွေ ထပ်ထွက်နေပြန်တဲ့ ရော်နယ်ဒို

အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် ချဲလ်ဆီး အသင်း အနေနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူသွားဖွယ် ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ လက်ရှိအချိန်ထိ ရော်နယ်ဒိုကို တရားဝင် ကမ်းလှမ်းလာတဲ့ အသင်း မရှိသေးသလို ယူနိုက်တက် ဘက်ကလည်း ရောင်းထုတ်ဖို့ အစီအစဉ် မရှိကြောင်း အတိအလင်း ထုတ်ပြန်ထားပေမယ့် ကောလာဟာလတွေ ကတော့ အခုလိုပဲ ဆက်တိုက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်ကို ၁-၂နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ရော်နယ်ဒို အနေနဲ့ ဒုတိယပိုင်းမှ လူစားဝင်ခွင့်ရခဲ့သလို အသင်း အတွက် လိုအပ်နေတဲ့ ဂိုးတွေလည်း သွင်းယူပေးနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
ယူနိုက်တက် ကနေ ထွက်ခွာဖို့ စောင့်ဆိုင်းနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

အခု တစ်ခါ မှာတော့ ချဲလ်ဆီး သတင်းထောက် ဆိုင်မွန် ဖိလစ်ရဲ့ ပြောစကား အပေါ် မူတည်ပြီး ရော်နယ်ဒို အနေနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဆိုင်မွန် ဖိလစ်က “အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် ရော်နယ်ဒိုရဲ့ အကြောင်း ထပ်ပြီး ပြောကြရဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ယူနိုက်တက်က ထွက်ခွာခွင့်ပေးသည် ဖြစ်စေ၊ မပေးသည် ဖြစ်စေ၊ ဘိုလီက သူ့ကို လိုချင်နေပါတယ်။” အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် သူနဲ့ ပတ်သတ်ပြီး ပြောရဦးမယ်လို့ ကျွန်တော့် အထင် ထင်ပါတယ်။

ဘရိုက်တန်ကို ၁-၂နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ရော်နယ်ဒို အနေနဲ့ ဒုတိယပိုင်းမှ လူစားဝင်ခွင့်ရခဲ့သလို အသင်း အတွက် လိုအပ်နေတဲ့ ဂိုးတွေလည်း သွင်းယူပေးနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ယူနိုက်တက် နည်းပြ တန်ဟက်ဂ် ကတော့ ရော်နယ်ဒိုကြောင့် သူ့ရဲ့ အသင်း ပိုကောင်းလာနိုင်တယ် ဆိုပြီး ပြောကြားထားခဲ့ပါတယ်။


မိုရီနို အတွက် ဖောရက်စ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ ဘက်တစ်

ပရီးမီးယားလိဂ် တန်းတက် နော့တင်ဟမ်ဖောရက်စ် အသင်း ကတော့ ရီးရဲယ် ဘက်တစ် ဘယ်နောက်ခံလူ အဲလ်က်စ် မိုရီနိုကို ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

လာလီဂါ ကလပ် ဘက်က မိုရီနို အတွက် ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့ တစ်ပတ်လုံး အကြောင်းမပြန်ခဲ့ပဲ နောက်ဆုံး မှာတော့ ကစားသမားရဲ့ ဆုံးဖြတ်ချက် အရ အခုလိုပဲ ပယ်ချလိုက်တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ် စပိန် နောက်ခံလူ ကိုတော့ ဖောရက်စ် နည်းပြ စတိဗ်ကူ့ပါးက နွေရာသီ အပြောင်းအရွှေ့ ကာလ တလျောက်လုံး ပစ်မှတ်ထား စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုရီနို အနေနဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ အခု တစ်ပတ် အတွင်း ဆေးစစ်မှု ခံယူဖွယ် ရှိနေတယ် ဆိုပြီးတော့လည်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်