နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၆/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မူဆာ ဒီယာဘီကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ကာဆယ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ လေဗာကူဆင် တောင်ပံ ကစားသမား မူဆာ ဒီယာဘီကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ငှက်ကြားတွေဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ကြိုးစားနေပြီး ကစားသမား အများစုကို စောင့်ကြည့်နေပေမယ့် ဒီယာဘီ ကတော့ ပစ်မှတ် စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတာပဲ ဖြစ်ပါတယ်။

90 Minutes ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်တို့ အစောပိုင်းက ချဲလ်ဆီးက ကော်လမ် ဟက်ဒ်ဆန် အိုဒွိုင်းနဲ့ အဲဗာတန်က အန်တိုနီ ဂေါ်ဒွန် တို့ကို စိတ်ဝင်စားခဲ့ပေမယ့် ရက်ပိုင်း အတွင်းမှာပဲ ဒီယာဘီနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ နယူးကာဆယ် အသင်းအနေနဲ့ ကစားသမားကို စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေ စတင် ပြုလုပ်တော့မယ်လို့ အတည်ပြုလို့ရတဲ့ သတင်းတွေက ဖော်ပြထားပါတယ်။

လေဗာကူဆင် ဘက် ကတော့ ဒီယာဘီကို လက်လွှတ်လိုခြင်း မရှိဘူးလို့ သိရပြီး အကယ်၍ မဖြစ်မနေ အခြေအနေ ဆိုရင်တော့ ပေါင်သန်း ၄၀ ရရင် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ဒီယာဘီဟာ ၂၀၁၉ ခုနှစ်က ပီအက်စ်ဂျီ ကနေ လေဗာကူဆင်ထံ ပေါင် ၁၂ သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီယာဘီ အနေနဲ့ ပြီးခဲ့တဲ့ ရာသီက လေဗာကူဆင် အတွက် လိဂ်ပွဲ ၃၂ ပွဲ ကစားရာမှာ ၁၂ ဂိုး သွင်းပြီး ၁၂ ဂိုး ဖန်တီးပေးခဲ့ပါတယ်။


မလာဆီယာကို ချီးကျူးလိုက်တဲ့ ရော်ဘင် ဗန်ပါစီ

ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီက သရဲနီ ကစားသမားသစ် ဖြစ်လာတဲ့ တိုင်ရဲလ် မလာဆီယာကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး ယူနိုက်တက်မှာ ကောင်းမွန်တဲ့ ချိတ်ဆက်မှု ပြုလုပ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
မလာဆီယာ ကို ပံ့ပိုးကူညီကြဖို့ ယူနိုက်တက် ပရိသတ်တွေကို တိုက်တွန်းလိုက်တဲ့ ဗန်ပါစီ

ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီက သရဲနီ ကစားသမားသစ် ဖြစ်လာတဲ့ တိုင်ရဲလ် မလာဆီယာကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး ယူနိုက်တက်မှာ ကောင်းမွန်တဲ့ ချိတ်ဆက်မှု ပြုလုပ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ဘယ်နောက်ခံလူ မလာဆီယာ အနေနဲ့ ဗန်ပါစီ ကြောင့် မန်ချက်စတာယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် ဗန်ပါစီ ကလည်း အခုလို ပြန်လည် ချီးကျူးလိုက်တာ ဖြစ်ပါတယ်။ ဖီယင်နော့ဒ် အသင်း ကနေ ယူရို ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မလာဆီယာ ဟာ အဲရစ်ခ် တန်ဟက်ဂ် လက်ထက် ယူနိုက်တက်တို့ ပထမဦးဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဗန်ပါစီက သူ့ရဲ့ တွစ်တာ စာမျက်နှာ ကနေ “တိုင်ရဲလ်၊ မင်း မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်။ ဒါဟာ မင်းရဲ့ ကစားသမား ဘဝမှာ ကြီးမားတဲ့ အခိုက်အတန့် တစ်ခု ဖြစ်လာပါလိမ့်မယ်။ မင်းရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ အရည်အချင်းနဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် နေ့ချင်းညချင်း အိမ်မက်တွေ အကောင်အထည် ပေါ်လာခဲ့တာပါ။ သူဟာ အရည်အသွေးရှိတဲ့ ဘယ်နောက်ခံလူ တစ်ယောက် ဖြစ်ရုံ သာမက ထူးချွန်တဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သရဲနီ ပရိသတ်တွေ အားလုံး သူကောင်းတဲ့ အချိန်တွေမှာရော၊ မကောင်းတဲ့ အချိန်တွေမှာပါ အကောင်းဆုံး ပံ့ပိုးပေးကြပါ။ သူဟာ မင်းတို့ အတွက် အရာရာ ပေးဆပ်ပါလိမ့်မယ်။ မင်းတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလာမယ် ဆိုတာ ငါ အသေအချာ ပြောရဲပါတယ်” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မလာဆီယာဟာ နည်းပြ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ဘယ်နောက်ခံနေရာ အတွက် လုခ်ရှောနဲ့ အဓိက ယှဉ်ပြိုင်ရမယ့် ကစားသမား ဖြစ်လာဖို့ ရှိပြီး မကြာခဏ ဒဏ်ရာ ရတတ်တဲ့ လုခ်ရှော နေရာမှာ အရန်သင့် အသုံးပြုနိုင်သူ ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


ဒီဘားလားကို ချိတ်ဆက်နေတဲ့ မန်ချက်စတာယူနိုက်တက်

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
မန်ချက်စတာစီးတီး
1X2 သရေ @ 4.50
ပထမပိုင်း ဂိုးအောက် 1.00 @ 2.33
ဂိုးပေါင်း 2-3 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆက်စပ် သတင်းတွေအရ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်တို့ အာဂျင်တီးနား တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ဒီဘားလားဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်း ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားသူ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ ဆုံးဖြတ်ချက် မချရသေးပါဘူး။

နာမည်ကျော် အပြောင်းအရွှေ့ ဂုရု ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ယူနိုက်တက်တို့ ဒီဘားလားရဲ့ အေးဂျင့်ဖြစ်သူနဲ့ တိုက်ရိုက် ဆက်သွယ်နေပြီး အံ့အားသင့်စရာ အပြောင်းအရွှေ့ တစ်ခုကို ဖန်တီးဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီဘာလားဟာ အစောပိုင်းက အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် နီရာဇူရီ တို့ကတော့ လူကာကူ ကိုသာ ပြန်လည် ခေါ်ယူသွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ်တွေက တကျော့ပြန် ပစ်မှတ်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် ကတော့ ခရစ္စတီယာနို ရော်နယ်ဒို အသင်း ပြောင်းချင်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်လာတာကြောင့် ဘေယန်မြူးနစ်က ဂနာဘရီ အပြင် ဒီဘားလား ကိုပါ ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ကာလ လှုပ်ရှားမှုတွေကို စိတ်ပျက်နေပြီး သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံး အချိန် အပိုင်းအခြားမှာ ချန်ပီယံလိဂ် ကစားချင်သလို ဆုဖလား အောင်မြင်မှုတွေ ရယူချင်တာကြောင့် သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးရတာနဲ့ အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်တို့ လာမယ့် သောကြာနေ့မှာ ထိုင်းနဲ့ ဩစတြေးလျ နိုင်ငံတွေဆီ ခြေစမ်းပွဲ သွားရောက် ကစားဖို့ ရှိပေမယ့် ရော်နယ်ဒို ကတော့ လက်ရှိ အချိန်ထိ လေ့ကျင့်ရေး ကွင်းကို ရောက်မလာသေးဘူးလို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်