နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၅/၉/၂၀၂၂)

စက်တင်ဘာ ၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လက်စတာကို ဂိုးပြတ် အနိုင်ယူပြီး အဆင့် ၄ နေရာမှာ ဆက်ရှိနေခဲ့တဲ့ ဘရိုက်တန်

တနင်္ဂနွေနေ့ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ ဘရိုက်တန်က အိမ်ကွင်းမှာ လက်စတာစီးတီးကို ၅-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ယူနိုက်တက် ကလည်း အာဆင်နယ်ကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

အစောပိုင်းမှာ ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ လက်စတာစီးတီးတို့ရဲ့ ပွဲစဉ်က အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ပထမပိုင်း အပြီးမှာတင်ပဲ ၂-၂ ရလဒ် ထွက်နေခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်း မှာတော့ ဘရိုက်တန်တို့ ပွဲကို ပိုမို ထိန်းချုပ်လာနိုင်ခဲ့ပြီး ၄၇ မိနစ်မှာ မက်အဲလစ်စတားက ဦးဆောင်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပေမယ့် ဂိုးမသွင်းခင် ဘရိုက်တန်တို့ လူကျွံနေလို့ ကွင်းလယ်ဒိုင် သွင်းဂိုး အဖြစ်တော့ ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် အိမ်ရှင်တို့ ပွဲချိန် ၆၄ မိနစ်နဲ့ ၇၁ မိနစ် တို့မှာ ဦးဆောင်ဂိုးတွေ ထပ်ရသွားခဲ့ပြီး ထရော့ဆက်ဒ်နဲ့ မက်အဲလစ်စတားက ပင်နယ်တီ ကတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၇ မိနစ်မှာ မက်အဲလစ်စတား ကပဲ ပဉ္စမမြောက်ဂိုးကို သွင်းယူပေးခဲ့လို့ ဘရိုက်တန်တို့ ၅-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် ဇင်ယော်တွေ အနေနဲ့ ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲရှုံး ၁၃ မှတ်နဲ့ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဖူလ်ဟမ်
ချဲလ်ဆီး
1X2 ဖူလ်ဟမ် @ 4.90
ဂိုးပေါ် 2.75 @ 1.95
ပထမပိုင်း ဂိုးပေါ် 1.00 @ 1.76
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ခြေစွာနေတဲ့ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ရပ်တန့်ပေးခဲ့တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ၅ ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ် တို့ရဲ့ ပွဲစဉ် ကလည်း ပရိသတ် အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်တို့ ပွဲချိန် တော်တော်များများ လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် အာရုံစူးစိုက်မှု နည်းခဲ့တာနဲ့ ယူနိုက်တက် ကစားသမားတွေရဲ့ အခွင့်အရေး အသုံးချနိုင်မှုတွေကြောင့် ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အရှုံပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အိမ်ရှင် အသင်းရဲ့ ကစားသမားသစ် အန်တိုနီယို ပါဝင်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဦးဆောင်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၂ မိနစ်မှာ မာတင်နယ်လီက ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဒိုင်လူကြီးက VAR ပြန်ကြည့်ရာမှာ အိုဒီဂတ် အနေနဲ့ အဲရစ်ခ်ဆင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ် ဆိုပြီး သွင်းဂိုး အဖြစ်က ပယ်ဖျက်ခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။ အဲ့နောက် ၃၅ မိနစ်မှာ အန်တိုနီက ယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အိမ်ရှင်တို့ ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ပဲ ပွဲကို ဆက်လက် ထိန်းချုပ်နိုင်ခဲ့ပြီး ဘူကာယို ဆာကာ က ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ခံလူတွေရဲ့ အာရုံမစူးစိုက်မှုကနေ အနိုင်ဂိုးတွေ ဆက်တိုက်ခွင့်ပြုပေးခဲ့ရပြီး ၂ ဂိုးစလုံးကို မားကပ်စ် ရက်ရှ်ဖို့ဒ်က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ အဖိုးတန် ၃ မှတ် ရခဲ့ပေမယ့် အဆင့် ၅ နေရာမှာသာ ဆက်လက် ရပ်တည်ခဲ့ရပြီး အာဆင်နယ် ကလည်း ရှုံးပွဲ တွေ့ခဲ့ပေမယ့် ဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။


နိုက်စ်ကို ပြောင်းသွားတဲ့ ဘာကလီ

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားခဲ့တဲ့ ရော့စ် ဘာကလီ ဟာ လီဂူးဝမ်း ကလပ် နိုက်စ် အသင်းကို ပြောင်းရွှေ့သွားခဲ့တယ်လို့ သိရပါတယ်။
မနှစ်က ချဲလ်ဆီးမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တဲ့ ဘာကလီ

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားခဲ့တဲ့ ရော့စ် ဘာကလီ ဟာ လီဂူးဝမ်း ကလပ် နိုက်စ် အသင်းကို ပြောင်းရွှေ့သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲသာ ကစားခဲ့ရတဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်းဟာ တနင်္လာနေ့က ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် နိုက်စ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် ဘာကလီ ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက အဲဗာတန် ကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အန်တိုနီယို ကွန်တီ၊ ဆာရီ၊ ဖရန့်ခ်လမ်းပတ်၊ သောမက်စ် တူချယ်တို့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်တယ်။

၂၀၂၀-၂၁ ဘောလုံးရာသီက အက်စတွန်ဗီလာကို အငှားနဲ့ ထွက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အပြီးသတ် ခေါ်ယူခြင်း မခံခဲ့ရတာကြောင့် ချဲလ်ဆီးနဲ့ ပြန်လည် ပူးပေါင်းခဲ့ရတာ ဖြစ်ပါတယ်။ ဘာကလီကို ပရီးမီးယားလိဂ် အသင်းဟောင်း အဲဗာတန်က ပြန်လည် ခေါ်ယူချင်ကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ပြည်ပမှာ ထွက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာကလီ အနေနဲ့ ပြင်သစ် ကလပ် နိုက်စ်မှာ အာရွန် ရမ်ဆေး၊ ဂျိုး ဘရိုင်ယန်၊ ကတ်စပါ ရှမိုက်ကယ်၊ နီကိုလပ်စ် ပေပေ‌ တို့နဲ့ တွဲဖက် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်