နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၄/၉/၂၀၂၂)

စက်တင်ဘာ ၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


၆ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းထားနိုင်တဲ့ ဟာလန်း

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း အနေနဲ့ မျှော်လင့်ထားသလို ၃ ပွဲဆက် ဟက်ထရစ် မရခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးတော့ ထပ်ရခဲ့ပါတယ်။ နော်ဝေ တိုက်စစ်မှူးဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ နော်တင်ဟမ်ဖော်ရက်စ်တို့နဲ့ ပွဲတွေမှာ ၂ ပွဲ ဆက်တိုက် ဟက်ထရစ် သွင်းယူခဲ့ပြိး ၅ ပွဲ ၉ ဂိုး သွင်းယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ အခုပွဲ မှာ ၁ ဂိုး ထပ်ရခဲ့တာကြောင့် ဟာလန်း တစ်ယောက် ၆ ပွဲမှာ ၁၀ ဂိုး အထိ ရရှိသွားခဲ့ပေမယ့် သူ့ရဲ့ အသင်း ကတော့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ သရေကျသွားခဲ့ပါတယ်။

မန်စီးတီးတို့ ထုံးစံ အတိုင်း ပွဲချိန်တစ်လျှောက်လုံး ဗီလာကို အသာစီးနဲ့ ကစားသွားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ရောက်မှပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၇၄ မိနစ်မှာ ဗီလာ တောင်ပံ ကစားသမား လီယွန် ဘိုင်လီက ချေပဂိုး ပြန်သွင်းခဲ့သလို ပွဲပြီးတဲ့ အထိ နှစ်သင်းစလုံး ဂိုးထပ် မရတော့တာကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပြီးဆုံးပြီး စီးတီးတို့ ရာသီသစ်မှာ ဒုတိယအကြိမ်မြောက် အမှတ် ထပ်လျော့ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီး နောက်ပိုင်းမှာ ၃ ပွဲ ဆက်တိုက် ဟက်ထရစ် သွင်းယူနိုင်တဲ့ ကစားသမား မရှိသေးပါဘူး။ ဒီလို စွမ်းဆောင်နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာဖို့ ဟာလန်းက ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့် ဗီလာရဲ့ ကစားပုံကြောင့် အပိုင် ကန်ခွင့် ၃ ကြိမ်ကနေ သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့တာ ဖြစ်ပါတယ်။


အန်တိုနီ အတွက် စိတ်ပူစရာ မရှိဘူး ဆိုတဲ့ အဲရစ်ခ် တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် ကို ယူရိုသန်း ၁၀၀နဲ့ ပြောင်းရွှေ့လာတဲ့ အန်တိုနီနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ဘာမှမရှိဘူးလို့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ပြောဆိုလိုက်ပါတယ်။

အန်တိုနီဟာ နယ်သာလန် ကလပ် အေဂျက်ဇ် ကနေ ယူနိုက်တက်ကို ပြီးခဲ့တဲ့ တပတ်က ပြောင်းရွှေ့လာခဲ့ပြီး သူ့ရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အတွက် ဝေဖန်ခံနေရသလို ဖိအားတွေလည်း ရှိနေနိုင်တာကြောင့် တပည့် ဖြစ်သူ အတွက် တန်ဟက်ဂ်က တုံ့ပြန်ခဲ့တာပါ။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း အနေနဲ့ မျှော်လင့်ထားသလို ၃ ပွဲဆက် ဟက်ထရစ် မရခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးတော့ ထပ်ရခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၃ ပွဲဆက် ဟက်ထရစ် သွင်းဖို့ မျှော်လင့်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဟာလန်း

“ သူက သူ့ကိုယ်သူ သက်သေပြခဲ့ပြီးပါပြီ၊ ချန်ပီယံလိဂ်၊ ဘရာဇီးလ် လက်ရွေးစင်အသင်းကြီးနဲ့ အိုလံပစ် ရွှေတံဆိပ်ဆုရှင်ပါ၊ ဘရာဇီးလ်မှာ အရည်အသွေး မြင့်မားတဲ့ ကစားသမားတွေ အများကြီးပါ၊ အသင်း နှစ်သင်း၊ သုံးသင်းစာလောက်တောင် ခင်ဗျား ရွေးချယ်လို့ရတယ်၊ ဒီတော့ သူက ဖိအားတွေနဲ့ ရင်းနှီးပြီးသား ကစားသမား ဖြစ်နေပြီးပါပြီ”

“ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီးလည်း ဘာဖိအားမှ မရှိပါဘူး။ အဲဒါတွေနဲ့ သူ အသားကျပြီးသားပါ၊ သူက ဘောလုံး အတွက်နဲ့ ပျော်ရွှင်မှု အတွက် ရှိနေတာ ဖြစ်ပြီး အဲဒါကိုပဲ အာရုံစိုက်ပြီးတော့ အသင်း အတွက် သူ့ကစားပုံ တိုးတက်လာအောင် လုပ်နေပါတယ်၊ ဒီလိုလုပ်တဲ့အခါမှာ သူ့ဆီကနေ စွမ်းဆောင်ရည်တွေလည်း ထွက်ပေါ်လာပါလိမ့်မယ်” လို့ တန်ဟက်ဂ်က ဆိုပါတယ်။ အန်တိုနီ ကတော့ ဒီကနေ့ည ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ဖြစ်တဲ့ အာဆင်နယ်နဲ့ ပွဲမှာ ယူနိုက်တက် အတွက် ပထမဦးဆုံး အကြိမ် ပွဲထွက်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။


ယူနိုက်တက်နဲ့ ပွဲမှာ ခြေစွမ်း အစမ်းသပ်ခံရမယ့် ဂျေဆုစ်

အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ် ကတော့ ဒီရာသီမှာ အသင်း အတွက် သွင်းဂိုး ၆ ဂိုး အထိ တိုက်ရိုက် ပါဝင် ပတ်သက်ထားပြိး ခြေစွမ်းပြနေပါတယ်။ မန်ချက်စတာစီးတီး ကနေ ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ဂျေဆုစ်ဟာ အာဆင်နယ်ရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေသလို သွင်းဂိုးတွေနဲ့ ဖန်တီးမှု များစွာ ပြုလုပ်ထားသူ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
တော့တင်ဟမ် ဟော့စပါး
1X2 တော့တင်ဟမ် ဟော့စပါး @ 7.60
ဂိုးပေါ် 3.00 @ 1.89
ပထမပိုင်း ဂိုးပေါ် 1.25 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာဆင်နယ်က ဒီရာသီမှာ ပရီးမီးယားလိဂ် ၅ ပွဲစလုံး အနိုင်ရရှိထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။ မနက်ဖြန်မှာ မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ယူနိုက်တက် ကလည်း နောက်ဆုံး ၃ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ခံစစ်ပိုင်း ကလည်း တဖြည်းဖြည်း တိုးတက်လာတာကြောင့်

ဂျေဆုစ် အတွက်တော့ ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်လာဖို့တော့ ရှိနေပါတယ်။

ဂျေဆုစ်ဟာ သူ့ရဲ့ ကစားသမားဘ၀ တစ်လျှောက် ယူနိုက်တက်နဲ့ ၁၁ ကြိမ် တွေ့ဆုံထားခဲ့ပြီး ၄ ဂိုး သွင်းကာ ၂ ကြိမ် ဖန်တီးပေးထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်