နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၄/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေတဲ့ ချဲလ်ဆီး

ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို ကတော့ မန်ချက်စတာယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာပြီး တစ်နှစ် မပြည့်ခင်မှာပဲ အသင်း ကနေ ထွက်ခွာဖို့ တရားဝင် တောင်းဆိုလာခဲ့ပြီလည်း ဖြစ်ပါတယ်။ သတင်းတွေ အရတော့ အသက် ၃၇ နှစ် အရွယ် ရော်နယ်ဒိုဟာ အားရစရာ မရှိတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကြောင့် အသင်းပြောင်းချင်နေတယ်လို့ သိရသလို တစ်ဖက်မှာလည်း ချန်ပီယံလိဂ် မကစားရလို့ ထွက်ခွာချင်နေတာ ဖြစ်ကြောင်း ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီဟာ အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီ တစ်ခု ဖြစ်ခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်သာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် နည်းပြသစ် အဲရစ်ခ် တန်ဟက်ဂ်နဲ့ အတူ ပြုပြင် ပြောင်းလဲမှုတွေ စတင်နေခဲ့ပေမယ့်လည်း လက်ရှိ အချိန်ထိ ကစားသမားသစ် ခေါ်ယူထားနိုင်ခြင်း မရှိတာကြောင့် ရော်နယ်ဒို အပါအဝင် ယူနိုက်တက် ပရိသတ်တွေ အားလုံး စိတ်ပျက်နေကြတယ် ဆိုရင်လည်း မမှားပါဘူး။ အတည်ပြုနိုင်တဲ့ သတင်းတွေ မှာတော့ ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့ချ် မန်းဒက်စ်ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အပါအဝင် ရိုးမား၊ နာပိုလီ၊ ဘေယန်မြူးနစ် အပါအဝင် အသင်းကြီး တော်တော်များများကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

90 Minutes မှာ ဖော်ပြထားတဲ့ ရော်နယ်ဒို နောက်ထပ် ရောက်ရှိနိုင်တဲ့ အသင်းသစ် စာရင်းရဲ့ ထိပ်ဆုံးမှာတော့ ချဲလ်ဆီး ရှိနေပြီး ပိုင်ရှင်သစ် တော့ဒ်ဘိုလေနဲ့ မန်းဒက်စ်တို့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့တောင် သိရပါတယ်။ တစ်ဖက်မှာတော့ တော့ဒ် ဘိုလေ ခေါ်မယ် ဆိုရင်တောင် နည်းစနစ်ပိုင်းနဲ့ ကိုက်ညီမှု မရှိတာကြောင့် နည်းပြ တူချယ်က တားလိမ့်မယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ချဲလ်ဆီး ပြီးရင်တော့ ရော်နယ်ဒို ပြောင်းရွှေ့နိုင်တဲ့ ရေပန်းအစားဆုံး အသင်းတွေ အဖြစ် ဘေယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ စပို့တင်းလစ္စဘွန်း၊ ရီးရဲယ်မက်ဒရစ်နဲ့ အင်တာမီယာမီတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

နောက်ဆုံးရ သတင်းတွေ အရ ဆိုရင်တော့ မန်ချက်စတာယူနိုက်တက် အနေနဲ့ ဖီယင်နော့ဒ် ဘယ်တောင်ပံ ကစားသမား မလာဆီယာကို ယူရို ၁၅ သန်း+အပိုဆုကြေး ၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပြီး ဆေးစစ်မှုလည်း အောင်မြင်ခဲ့ပြီလို့ သိရပါတယ်။


ဂနာဘရီကို ပြန်လည် ခေါ်ယူဖို့ အာဆင်နယ်တို့ ကြိုးစားနေခြင်း မရှိ

နာမည်ကြီး ဘောလုံး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း အနေနဲ့ ဆာ့ဂျ် ဂနာဘရီကို ခေါ်ယူဖို့ လုပ်ဆောင်နေခြင်း မရှိဘူးလို့ သိရပါတယ်။
ဘေယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ ဂနာဘရီ

နာမည်ကြီး ဘောလုံး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း အနေနဲ့ ဆာ့ဂျ် ဂနာဘရီကို ခေါ်ယူဖို့ လုပ်ဆောင်နေခြင်း မရှိဘူးလို့ သိရပါတယ်။ အစောပိုင်း သတင်းတွေ မှာတော့ အသက် ၂၆ နှစ် အရွယ် ဘေယန်မြူးနစ် တောင်ပံ ကစားသမား ဆာ့ဂျ် ဂနာဘရီကို ခေါ်ယူဖို့ အာဆင်နယ်တို့ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ကြိုးပမ်းနေတယ်လို့ ဖော်ပြနေတာ ဖြစ်ပါတယ်။

ဘေယန်မြုးနစ် ကတော့ လာမယ့် ၂၀၂၃ ခုနှစ် အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဂနာဘရီကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ သတ်မှတ်ထားပြီး ကစားသမား ကိုယ်တိုင် ကလည်း စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဂျာမန် ချန်ပီယံတို့ ဂနာဘရီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာ စိုးရိမ်နေပြီး လက်တလော အပြောင်းအရွှေ့မှာ ငွေကြေး တစ်ရပ်နဲ့ ရောင်းထုတ်လိုနေတာလည်း ဖြစ်ပါတယ်။

ဂနာဘရီဟာ ၂၀၁၂ ခုနှစ်က ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့ပြီး အောင်မြင်မှု မရခဲ့တာကြောင့် ဝါဒါဘရီမင်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ အဲ့နောက် ၂၀၁၈ ခုနှစ်မှာ ဘေယန်မြူးနစ် အသင်းထံ ပေါင် ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၁၇၁ ပွဲ ကစားရာမှာ ၆၄ ဂိုး သွင်းယူနိုင်ခဲ့သလို အဓိက ဆုဖလားများစွာ ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ရိုမာနို ရဲ့ ဆက်လက် ဖော်ပြချက်အရ အာဆင်နယ်ဟာ အခြား ပစ်မှတ် ကစားသမားတွေကို ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းနေတယ်လို့ သိရပြီး မန်စီးတီး ကနေ ပြောင်းရွှေ့လာတဲ့ ဂါဘရီရယ် ဂျေဆု ကိုလည်း ဒီကနေ့မှာ မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်တလော မှာတော့ ဂန်းနားတို့ အေဂျက်စ် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်၊ ယူရီတေးလီမန့်စ်၊ ပေါ်လို ဒီဘားလားတို့ကို ကြိုးပမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။


လစ်ဗာပူးလ်မှာ ကြီးမားတဲ့ အရာတွေ ရယူချင်တယ်လို့ ဆိုလိုက်တဲ့ ဖေဘီယို ကာဗယ်လ်ဟို

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဝူဗာဟမ်တမ်
1X2 သရေ @ 3.20
ပထမပိုင်း ဂိုးအောက် 0.75 @ 2.38
ဂိုးပေါင်း 0-1 @ 3.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လစ်ဗာပူးလ်မှာ ကြီးမားတဲ့ အရာတွေကို ရယူချင်တယ်လို့ ဖူလ်ဟမ် အသင်း ကနေ ပြောင်းရွှေ့လာခဲ့တဲ့ လူငယ် ကွင်းလယ် တိုက်စစ် ကြယ်ပွင့် ဖေဘီယို ကာဗယ်ဟိုက ပြောကြားလိုက်ပါတယ်။ အသက် ၁၉ နှစ် အရွယ် ပေါ်တူဂီ ကစားသမားဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက ဖူလ်ဟမ်ကို ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရအောင် အဓိက နေရာက စွမ်းဆောင်ပေးခဲ့ပြီးနောက် လစ်ဗာပူးလ် အသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

ကာဗယ်လ်ဟိုက လစ်ဗာပူးလ် ကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာ “အန်ဖီးလ်ကို ပြောင်းရွှေ့ခဲ့တာက ရိုးရှင်းပါတယ်။ အကြီးကျယ်ဆုံး မဟုတ်ရင်တောင် ကမ္ဘာ့အကောင်းဆုံး ကလပ် တစ်ခုမှာ ရှိနေရတာ အံ့အားသင့်စရာကောင်းပါတယ်။ ဒါကြောင့် ဒီမှာ ရှိနေရတာ ကျွန်တော် ပျော်တယ်။ စတင်ဖို့လည်း မစောင့်နိုင်တော့ဘူး။ လစ်ဗာပူးလ်က စိတ်ဝင်စားတယ်လို့ ကြားလိုက်တာနဲ့ စိတ်ကူးတစ်ခုပဲ ရှိခဲ့ပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီး ကြိုးစားဖို့ပါပဲ။ ကျွန်တော့် အနေနဲ့ ကြီးမားတဲ့ အရာတွေ ပိုင်ဆိုင်ရဖို့လည်း မျှော်လင့်ပါတယ်။

ဆက်လက်ပြီး ကာဗယ်လ်ဟိုက ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗားဟာ နည်းပြသစ် ဂျာဂျင် ကလော့ပ် လက်အောက်မှာ လိုက်လျော ညီထွေစွာ ကစားနိုင်ဖို့ အကူအညီ များစွာ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဖူလ်ဟမ် အကယ်ဒမီထွက် ကာဗယ်လ်ဟို ဟာ ၂၀၂၀ စက်တင်ဘာလက စီနီယာ အသင်းကြီးမှာ စတင် ပွဲထွက်ခွင့်ရခဲ့ပြီး ၄၄ ပွဲ ကစားရာမှာ ၁၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်