နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၁၆/၉/၂၀၂၂)

စက်တင်ဘာ ၁၆ ရက်နေ့ မနက်ခင်းအထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပွဲထွက်ခွင့် မရသေးပေမယ့်လည်း သူ့ရဲ့ အခြေအနေကို ကျေနပ်နေတဲ့ ကက်စ်မဲရိုး

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးက သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘ၀ အစကို ကျေနပ်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကက်စ်မဲရိုးဟာ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပုံမှန် ကစားခွင့် မရသေးဘဲ လူစားဝင် ကစားသမား အဖြစ်နဲ့သာ အချိန်ကုန်ဆုံးခဲ့ရသူ ဖြစ်ပြီး ဆိုဆီဒက်နဲ့ ပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပေမယ့်လည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ဒါပေမယ့် ကက်စ်မဲရိုးက “ တကယ် ကောင်းမွန်ပါတယ်၊ အရမ်း ကောင်းပါတယ်၊ ပျော်ရွှင်စရာ ကောင်းတဲ့ ကလပ် အသင်းတခုကို ကျနော် ရောက်နေတာဖြစ်ပြီး သက်တောင့်သက်သာ ရှိတယ်လို့လည်း ခံစားရပါတယ်၊ ပထမဆုံး ရောက်တဲ့နေ့မှာ ကတည်းက ကျနော့် ခံစားချက်တွေက ကောင်းမွန်နေခဲ့တာပါ၊ အသင်းဖော်တွေနဲ့လည်း ကျနော် ပျော်ရွှင်နေပြီး သူတို့ ကလည်း အမြဲတမ်း ကူညီပေးခဲ့ပါတယ်”

“ နည်းပြ အဖွဲ့ကလည်း ကျနော့်ကို သူတို့လိုချင်တာတွေ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ၊ ကျနော် ကောင်းကောင်း လုပ်နိုင်မယ် ဆိုရင်တော့ အရမ်း ပျော်ရွှင်ရမှာပါပဲ။ တမြို့လုံးက လူတွေ ကလည်း ကျနော့် အကြောင်းကို ပြောဆိုနေကြပြီး ဒီမှာ စားသောက်ဆိုင်ကောင်းတွေ ရှိတာတော့ တကယ် မိုက်တယ်၊ ကိုယ့်အိမ်မှာ ကိုယ်နေနေရသလိုပါပဲ၊ ဒီမှာ နေရတာ တကယ့်ကို ကျေနပ်စရာ ကောင်းပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။


ဟာလန်းရဲ့ သွင်းဂိုးကို ထာ၀ရ အကောင်းဆုံး သွင်းဂိုးလို့ တင်စားခဲ့တဲ့ ဂွာဒီယိုလာ

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ်ဂွာဒီယိုလာဟာ မနေ့ညက ဒေါ့မန်ကို အနိုင်ရတဲ့ ပွဲမှာ အနိုင်ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ဂိုးကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ကန်ဆယ်လိုရဲ့ ဖြတ်တင်ဘော ကနေ ဟာလန်းက အနိုင်ဂိုး အဖြစ် ပြောင်းလဲ ပေးခဲ့တာ ဖြစ်ပြီး တော်တော်လေးလည်း လှပခဲ့ကာ အားလုံးကို အံ့အားသင့်စေခဲ့တာလည်း ဖြစ်ပါတယ်။ ဟာလန်းက လေထဲတချက်ခုန်ကာ ဘောလုံးကို အလိုက်သင့် လမ်းကြောင်းပြောင်းပေးပြီး သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးတို့ လက်ကျန် ၁၀ မိနစ် အလိုထိ ဒေါ့မန်ကို အရေးနိမ့်နေခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ ဂျွန်စတုန်းစ်က ချေပဂိုး သွင်းယူပေးနိုင်ခဲ့လို့ အသက်ရှူချောင်ခဲ့ပြီး ဟာလန်းက အသင်းဟောင်း ဘက်ကို အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာက ဟာလန်းရဲ့ သွင်းဂိုးအတွက် ကျေနပ်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံ ကိုတော့ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ပပ်က ဟာလန်းရဲ့ သွင်းဂိုးနဲ့ ပတ်သတ်ပြီး “ ဘယ်လိုတောင်မှ သွင်းယူလိုက်တဲ့ သွင်းဂိုးလဲဗျာ၊ ဟိုးအရင်တုန်းက ယိုဟန်ခရိုက် အက်သလက်တီကိုမက်ဒရစ်ဘက်ကို သွင်းယူခဲ့တဲ့ ဂိုးကို ကျနော် ပြန်ပြီး အမှတ်ရမိပါတယ်၊ တကယ်ကို တူညီတာပါ၊ ဒီနေ့ပွဲမှာ ဟာလန်းက ယိုဟန်ခရိုက်လိုပါပဲ၊ ဒါပေမယ့် ကျနော်တို့ နောက်ကျခဲ့ပြီးမှပဲ ပွဲကို ပြန်ယူနိုင်ခဲ့တာပါ၊ ဒီလို ပုံစံမျိုးကိုတော့ ကျနော် မကြိုက်ဘူး၊ ကျနော်တို့ ကစားပုံက မှားယွင်းနေခဲ့ပါတယ်၊ စိတ်အား ထက်သန်မှု မရှိခဲ့ဘူး၊ ဟာလန်း အကြောင်းတော့ အားလုံး ပြောနေမှာ ကျနော် သိတယ်၊ ဒါပေမယ့် ဂျွန်စတုန်းစ် ကိုလည်း အသားပေးပြီး ပြောသင့်ပါတယ်” လို့ ဆိုပါတယ်။

ဘန်ဒက် လီဂါ
မိန့်ဇ်
ဟာသာဘာလင်
1X2 သရေ (Draw) @ 3.80
ဂိုးပေါ် 2.75 @ 1.93
ဂိုးပေါင်း 0-1 @ 4.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

သရေ တစ်မှတ်ပဲ ရခဲ့လို့ မကျေမနပ် ဖြစ်နေတဲ့ ချယ်လ်ဆီး နည်းပြသစ် ဂရေဟမ် ပေါ်တာ

သောမတ်စ် တူချယ် နေရာမှာ အစားထိုးခန့်အပ်ခဲ့ရတဲ့ ဂရေဟမ်ပေါ်တာ ကတော့ ချယ်လ်ဆီး နည်းပြ ဘဝ ပထမဆုံးပွဲ အဖြစ် ချန်ပီယံလိဂ် အုပ်စုပွဲကို ကိုင်တွယ်ခဲ့ရပါတယ်။ ဩစတြီးယား ကလပ် ရက်ဘူးလ် ဆဲလ်ဘာ့ဂ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတာ ဖြစ်ပြီး တဂိုးစီ သရေကျခဲ့လို့ ပေါ်တာက စိတ်ပျက် ဒေါသထွက်မိကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး ကတော့ ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၂ မှတ်နဲ့ အုပ်စု နောက်ဆုံးနေရာကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ ပေါ်တာက “ သရေ တစ်မှတ်ပဲ ရခဲ့လို့ ကျနော်တို့ မချင့်မရဲ ဖြစ်ရပါတယ်၊ ကစားသမားတွေရဲ့ အသုံးချမှုနဲ့ သဘောထားက အရမ်းကောင်းတယ်လို့ ကျနော် ထင်တယ်၊ ပြီးတော့ ပြိုင်ဘက်ကောင်း၊ အခက်တွေ့စေမယ့် ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရတာကိုလည်း ကျနော် သဘောကျမိပါတယ်၊ သူတို့က တိုက်စစ်ကို အမြန်ကစားပြီး ခံစစ်ပိုင်း ကလည်း ကောင်းမွန်ခဲ့ပါတယ်” “ ပထမပိုင်းမှာ စတာလင်က တစ်ဦးချင်း အနေအထားနဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့တယ်လို့ ကျနော် ထင်တယ်၊ အခွင့်အရေး တချို့လည်း ဖန်တိးနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် သူတို့က ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်၊ ကောင်းမွန်တဲ့ သွင်းဂိုး တစ်ဂိုးကို ကျနော်တို့ သွင်းယူနိုင်ခဲ့ပြီး အဲဒီနောက်မှာ ထိန်းချုပ်မှု အားနည်းသွားခဲ့တယ်၊ ဂိုးပြန်ပေးခဲ့ရတာက စိတ်ပျက်စရာပါပဲ၊ ဒါပေမယ့် ဒီလို အဆင့်မျိုးမှာ ဒီလိုတွေ ဖြစ်တတ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်