နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၁၅/၈/၂၀၂၂)

ဩဂုတ်လ ၁၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နူညက်ဇ်ရဲ့ အနီကတ်က ဖြစ်သင့်တယ်လို့ ဝန်ခံခဲ့တဲ့ ကလော့ပ်

ခရစ္စတယ်ပဲလ့စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ် အနီကတ် ထိခဲ့ပါတယ်။ နူညက်ဇ်ဟာ ပဲလေ့စ် နောက်ခံလူ အန်ဒါဆန်ကို ခေါင်းနဲ့ ဆောင့်တိုက်မိခဲ့လို့ အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပြီး လစ်ဗာပူးလ် လည်း မိနစ် ၄၀ နီးပါး တယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ ဒါကြောင့် ကလော့ပ်ရဲ့ အသင်းက အန်ဖီးလ်မှာ သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး အဖွင့်ပွဲ ၂ ပွဲ စလုံးကို နိုင်ပွဲပျောက်ခဲ့တာကြောင့် ရမှတ် ၂ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့ရပါတယ်။

ဒါဝင် နူညက်ဇ်နဲ့ အန်ဒါဆန်တို့ အကြား အပြန်အလှန် အချင်းများမှုတွေ ရှိနေပြီး အန်ဒါဆန်က လှည့်ထွက်သွားတဲ့ နူညက်ဇ် ပခုံးကို လက်နဲ့ တွန်းခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာ နူညက်ဇ်က နောက်ပြန်လှည့်လာပြီးနောက် ခေါင်းချင်းဆိုင်ကာ တိုက်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအပြုအမူအတွက် ကွင်းလယ်ဒိုင်က ဥရုဂွေး တိုက်စစ်မှူးကို တိုက်ရိုက် အနီကတ် ပြသခဲ့ပြီး နူညက်ဇ်ဟာ လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ပွဲအပါအဝင် စုစုပေါင်း ၃ ပွဲ အထိ လွဲချော်တော့မှာလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ်က “ ဒီကိစ္စနေ သူ သင်ယူစရာတွေ ရှိပါတယ်။ ဒါဝင်က လူကောင်းလေးပါ၊ ဒီအနီကတ် ကလည်း ဖြစ်သင့်တာ မှန်ပါတယ်၊ သူနဲ့ ထိုက်တန်ပါတယ်” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ အနီကတ် ပြသခံရပြီးနောက်မှာ နူညက်ဇ်က ကွင်းလယ်ဒိုင်ကိုလည်း အလွန်အမင်း စောဒကတက်နေခဲ့တာကြောင့် ကွင်းပြင် ထွက်လာဖို့ အတွက် ကလော့ပ်က လှမ်းပြီး ငေါက်ငမ်းခဲ့ရပါသေးတယ်။


ချဲလ်ဆီးကို အနိုင်ရခဲ့တယ်လို့တောင် ထင်ခဲ့တဲ့ ဟယ်ရီကိန်း

စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတော့ တော့တင်ဟမ်ဟော့စပါးကချဲလ်ဆီးကို အနိုင်ရခဲ့တယ် ဆိုပြီး တိုက်စစ်မှူး ဟယ်ရီကိန်း တစ်ယောက် အထင်မှားခဲ့တယ်လို့ သိရပါတယ်။ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဟယ်ရီကိန်းက နောက်ဆုံး မိနစ် ချေပဂိုး သွင်းယူခဲ့ပြီး စိတ်လှုပ်ရှားစရာ ကောင်းပြီး အကြိတ်အနယ် ရှိခဲ့တဲ့ အချိန်တွေ ကြားမှာ သူတို့ နိုင်ခဲ့တယ်လို့ ထင်မှတ်ခဲ့ပုံရပါတယ်။

ကွန်ဟာ အတွက် အနည်းဆုံး ပေါင်သန်း ၄၀ ကျော် သုံးစွဲ ရဖွယ် ရှိနေတဲ့ ယူနိုက်တက်

ပွဲအပြီး အင်တာဗျူးမှာ ဟယ်ရီကိန်းက “ နောက်ဆုံး မိနစ်မှာ အနိုင်ဂိုး သွင်းရတာမျိုးက အမြဲတမ်းပဲ မိုက်တယ်၊ ဒါကြောင့်လည်း ဒီပွဲမှာ ရရှိခဲ့တဲ့ ရမှတ်အတွက် ပျော်သလိုလို ဖြစ်နေပါတယ်’ လို့ မှားယွင်း ပြောဆိုခဲ့တာပါ။ အင်တာဗျူး မေးမြန်းသူက ဒီပွဲက သရေကျခဲ့တယ်လို့ သတိပေးချိန်မှာမှ ဟယ်ရီကိန်းက “ အိုး ဟုတ်သားပဲ၊ တခါတလေ အဲဒီလိုတွေ ဖြစ်ဖြစ်နေတယ်’ ဆိုပြီး ပြန်ပြင်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

စပါး တိုက်စစ်မှူး ကိန်း ကတော့ ပရီးမီးယားလိဂ်မှာ မိနစ် ၉၀ နောက်ပိုင်း သွင်းယူခဲ့တဲ့ ဂိုးပေါင်း ၁၃ ဂိုး အထိ ရှိလာခဲ့ပြီး ဒါဟာ ၁၅ ဂိုး သွင်းထားတဲ့ စပါး တိုက်စစ်မှူးဟောင်း ဒီဖိုး ပြီးရင် ဒုတိယမြောက် အများဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လန်ဒန် ဒါဘီ ပွဲစဉ်တွေ မှာလည်း ကိန်းက အာဆင်နယ် တိုက်စစ်မှူးဟောင်း သီဟာရီ အွန်နရီ ပြီးရင် ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။


တီကို တိုက်စစ်မှူးကို ကမ်းလှမ်းတော့မယ် ဆိုပြီး သတင်းတွေ ထွက်နေပြန်တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး မက်သီးယက်စ် ကွန်ဟာကို ခေါ်ယူဖို့ အတွက် စတင် ကြိုးစားနေပြီလို့ သိရပါတယ်။ ယူနိုက်တက်ဟာ အသက် ၂၃ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး အတွက် ပေါင် ၄၂ သန်း အထိ ပေးချေရဖွယ် ရှိနေပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အတွက် လာလီဂါ ကလပ်မှာ နေရာ ပျောက်နေတဲ့ ကွန်ဟာကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

စီးရီးအေ
တိုရီနို
လာဇီယို
1X2 တိုရီနို @ 3.05
ဂိုးပေါ် 2.75 @ 2.13
ဂိုးပေါင်း 0-1 @ 3.50
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကွန်ဟာ ကတော့ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်လီဂါ ကလပ် ဟာသာဘာလင် ကနေ အက်တလက်တီကို မက်ဒရစ်ကို ပေါင် ၂၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းသစ်မှာ ခြေစွမ်း မပြနိုင်နိုင် ဖြစ်နေပြီး ၃၇ ပွဲမှာ ၇ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျာအို ဖီးလစ်၊ ဂရစ်ဇ်မန်း တို့ရဲ့ နောက်မှာမှ ပွဲထွက်ခွင့် ရနေတဲ့ ကွန်ဟာ အနေနဲ့ အသင်းကို ပြန်လည် ရောက်ရှိလာတဲ့ မိုရာတာကြောင့်လည်း ဆက်ပြီး နေရာ ပျောက်ဖို့ သေချာသလောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကလည်း လက်တလော အထောင် တိုက်စစ် နေရာ အတွက် မာစီရယ်နဲ့ ရော်နယ်ဒိုတို့ နှစ်ဦးသာ ရှိနေပြီး ရော်နယ်ဒိုရဲ့ အနာဂတ် ကလည်း မသေချာတာကြောင့် ကစားသမားသစ် တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတဲ့ အသင်း ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းမှာ ကွန်ဟာက ထိပ်ဆုံးမှာ ရှိနေပြီး အကယ်၍ ဒီကစားသမားကို ခေါ်ယူနိုင်ခဲ့ရင်တော့ အသင်းမှာ မပျော်တော့တဲ့ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးဖို့ စဉ်းစားနေတယ် လို့လည်း သိရပါတယ်။

တချို့သော သတင်းတွေ မှာတော့ ယူနိုက်တက်တို့ ဆာဆာ ကလက်ဂျစ်ရော၊ ကွန်ဟာ ရော နှစ်ဦးစလုံးကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြမှုတွေလည်း ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်