နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၁၄/၉/၂၀၂၂)

စက်တင်ဘာ ၁၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟာလန်းကို ဘယ်လိုထိန်းချုပ်ရမလဲ မသိဘူးဆိုတဲ့ ဂျူ့ဒ် ဘယ်လင်ဂမ်

ဒီနေ့ည ကစားရမယ့် ဥရောပ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယပွဲစဉ်မှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ထိန်းချုပ်ရမယ့် နည်းလမ်းကို မသိသေးဘူးလို့ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန်ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဂမ်က ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းသွားတဲ့ အသင်းဖော်ဟောင်းနဲ့ ပြန်တွေ့ရမယ့် ပွဲမှာ ဘယ်လင်ဂမ်က ဟာလန်းရဲ့ လုပ်ကိုင်နိုင်စွမ်းကို စိုးရိမ်နေပြီး အသင်းလိုက် စုစုစည်းစည်း ကစားနိုင်မှသာ ထိန်းချုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။

“ သူ့ကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ ကျနော်တကယ်မသိဘူး၊ မနက်ဖြန်မှာ ကျနော်တို့ ဒါကိုအဖြေရှာရမှာပါ၊ တဦးချင်းအနေနဲ့တော့ သူ့ကိုတားဆီးဖို့က မဖြစ်နိုင်ပါဘူး၊ အသင်းလိုက်အနေနဲ့ စုစုစည်းစည်းကစားသွားရမှာပါ၊ ဘောလုံးပိုင်ဆိုင်မှုမရထားချိန်မှာ ကျနော်တို့ မှန်မှန်ကန်ကန်သာ လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ သူ့ကို တားဆီးဖို့က ဖြစ်နိုင်ပါတယ်၊ အရေးအကြီးဆုံးကတော့ လူတိုင်းပါဝင်နေဖို့ပါ”

ပရီးမီးယားလိဂ် ကလပ်ဟာ စပို့တင်းရဲ့ ကျစ်လစ်တဲ့ ကစားဟန်နဲ့ မာကျောမှုကို မကျော်လွှားနိုင်ခဲ့ဘဲ အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့ရကာ အုပ်စု အဆင့်က တက်ရောက်နိုင်ဖို့ အတွက် လာမယ့်ပွဲတွေကို ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်မှာ စပို့တင်းလစ္စဘွန်းကို ရှုံးနိမ့်ခဲ့တဲ့ စပါး

အားလုံး အတူရှိနေဖို့၊ ကွဲပြားအောင် ဖန်တီးပေးဖို့၊ အတူတူ ကျနော်တို့ရင်ဆိုင်ပြီး တမျက်နှာတည်းရှိနေဖို့ အရေးကြီးပါတယ်၊ အဲလိုမှမဟုတ်ရင်တော့ သူတို့က ကျနော်တို့ကို တစစီဆွဲဖြဲသွားလိမ့်၊ သူတို့မှာ အဲဒီလို အရည်အသွေး ရှိနေတာကြောင့်ပါ” လို့ ဂျူ့ဒ် ဘယ်လင်ဂမ်က ပြောဆိုခဲ့ပါတယ်။ ဟာလန်း ကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


အမှားတွေကို လျှော့ချပစ်ဖို့ အသင်းသားတွေကို ကွန်တီ သတိပေး

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ စပို့တင်းလစ္စဘွန်းကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့နောက် တော့တင်ဟမ်ဟော့စပါး နည်းပြ အန်တိုနီယိုကွန်တီက သူ့အသင်းသားတွေကို သတိပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ စပို့တင်းရဲ့ ကျစ်လစ်တဲ့ ကစားဟန်နဲ့ မာကျောမှုကို မကျော်လွှားနိုင်ခဲ့ဘဲ အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့ရကာ အုပ်စု အဆင့်က တက်ရောက်နိုင်ဖို့ အတွက် လာမယ့် ပွဲတွေကို ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

အခွင့်အရေး ကောင်းတွေကို ရရှိခဲ့ပေမယ့်လည်း စပါးကစားသမားတွေ အသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီရာသီမှာ ပထမဆုံးရှုံးပွဲကို စပါးတို့ ရင်ဆိုင်လိုက်ရပြီး ကွန်တီ ကတော့ သူ့ကစားသမားတွေရဲ့ အမှားကနေ ပေးဆပ်ခဲ့ရတယ်လို့ ယုံကြည်နေပါတယ်။

စပါးဟာ နောက်ဆုံး မိနစ်တွေမှာ ဂိုးတွေပေးခဲ့ရတာ ဖြစ်ပြီး စပို့တင်းက ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချသွားခဲ့တာလည်း ဖြစ်ပါတယ်။

“ ဒါက ချန်ပီယံလိဂ် အဆင့်ပါ၊ အရမ်း မြင့်မားပါတယ်၊ အမှားတွေကို လျှော့ချနိုင်ရမှာပါ၊ ဘာလို့လဲ ဆိုတော့ အဲ့ဒီလို မလုပ်နိုင်ရင် နောက်ဆုံးမှာ ပေးဆပ်ရပါလိမ့်မယ်၊ အများကြီး ပေးဆပ်ရပါလိမ့်မယ်၊ သရေကျခဲ့ရမယ့် အစား ကျနော်တို့ ရှုံးပွဲ အကြောင်းကို ပြောနေရပြီး တော်တော် စိတ်ပျက်စရာ ကောင်းပါတယ်၊ အရေးကြီးတဲ့ အဆင့်ကို ရောက်နေတယ် ဆိုတာ ကစားသမားတွေလည်း သိပါတယ်၊ ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်ကြပါ၊ သရေရလဒ်က ပိုမျှတခဲ့ပေမယ့်လည်း စပို့တင်းက ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ဖန်တီးသွားနိုင်ခဲ့ပါတယ်” လို့ ကွန်တီက ဆိုပါတယ်။


မန်ချက်စတာယူနိုက်တက်ကို သတိပေးမှုတွေ လုပ်ခဲ့တဲ့ ရှရစ်ဖ်

ယူရိုပါလိဂ် အုပ်စုအဆင့် ဒုတိယပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် မော်လ်ဒိုဗာ ကလပ်ငယ်လေး ရှရစ်ဖ် တီရက်စပေါ ကတော့ သူတို့အသင်းကို အထင်မသေးဖို့ အတွက် ယူနိုက်တက်ကို သတိပေးလိုက်ပါတယ်။ ရှာရစ်ဖ် နည်းပြ စတိပန်တို မက်စ်က ပြောဆိုခဲ့တာ ဖြစ်ပြီး သူတို့ အသင်းဟာ အတွေ့အကြုံတွေ ရှိနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ရီးရဲလ်မက်ဒရစ် ကိုတောင် အနိုင်ရခဲ့တဲ့ အသင်းလို့ ကြုံးဝါးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်က ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အသင်းပါ၊ သူတို့ ဒီတပတ်မှာ ပွဲကစားခဲ့ရပါဘူး၊ ကျနော်တို့ ကိုယ့်ကိုကိုယ် ပြင်ဆင်ရမှာ ဖြစ်ပြီး နောက်တဆင့် တက်နိုင်ဖို့ အခွင့်အရေးတွေကို ရအောင် ယူရပါလိမ့်မယ်၊ အရေးအကြိးဆုံး ကတော့ ခံစစ်ပိုင်းကို ပြင်ဆင်ရမှာ ဖြစ်ပြီး ကျနော်တို့ အခိုက်အတန့် အတွက် ကိုယ်တိုင် ဖန်တီးယူရပါမယ်၊ အခွင့်အရေး နည်းနည်းလေး ကိုပဲ အသုံးချနိုင်အောင် လုပ်ရမှာပါ”

“ ဒီလို အသင်းတွေနဲ့ ကစားရတာ အရမ်းကောင်းတဲ့ စိတ်ခွန်အားပါပဲ၊ ရော်နယ်ဒို ကစားနိုင်မလား၊ မကစားနိုင်မလားတော့ မသိဘူး၊ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ ရီးရဲလ်တို့ အနိုင်ရခဲ့တယ်၊ အခု ကျနော် တို့က အတွေ့အကြုံရှိတဲ့ အသင်းဖြစ်နေပါပြီ၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ပွဲတွေ အများကြီး ကစားပြီးပါပြီ၊ ကျနော်တို့ အတွေ့အကြုံ ရင့်ကျက်နေပြီထင်ပါတယ်” လို့ တိုမက်စ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ယူရိုပါလိဂ် အဖွင့်ပွဲမှာ စပိန် လာလီဂါ ကလပ် ဆိုဆီဒက်ကို အိမ်ကွင်းမှာပဲ အရေးနိမ့်ထားပြီး ရှာရစ်ဖ် ကတော့ အိုမိုနီယာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်