နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၁၄/၈/၂၀၂၂)

ဩဂုတ်လ ၁၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


၄ ဂိုး မသွင်းနိုင်လို့ စိတ်ပျက်နေတဲ့ ဂျေဆုစ်

လက်စတာစီးတီးကို ၄-၂နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အာဆင်နယ် အတွက် ၂ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးပေးခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်က ၄ ဂိုး မသွင်းနိုင်ခဲ့လို့ သူ့ကိုယ့်သူ စိတ်ပျက်နေတယ်လို့ နည်းပြ မီခဲလ် အာတေးတားက ဖွင့်ဟလာခဲ့ပါတယ်။ ဂျေဆုစ်ဟာ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးတွေ ရရှိခဲ့ပြီး အကောင်းဆုံး ပုံစံ ကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ဘရာဇီးလ် တိုက်စစ်မှူးဟာ လှပတဲ့ သွင်းဂိုး ၁ ဂိုး အပါအဝင် အသင်း ရရှိခဲ့တဲ့ သွင်းဂိုး အားလုံးမှာ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့ပါတယ်။ ဒါပေမယ့် ဂျေဆုစ် အနေနဲ့ အဆုံးသတ်ပိုင်း အားနည်းမှု တချို့ ကြောင့် ဟက်ထရစ် ရနိုင်တဲ့ အခွင့်အရေးကို ဖြုန်းတီးမိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အာတေးတား ကတော့ အသင်း အတွက် အားထားရမယ့် တိုက်စစ်မှူး ဆိုတာ ပြသနိုင်ခဲ့တဲ့ ဂျေဆုစ်ရဲ့ စိတ်ဓာတ်ကို သဘောကျနေပါတယ်။

“ သူ ၄ ဂိုး အထိ သွင်းနိုင်ခဲ့သင့်တယ်လို့ ထင်နေတယ်၊ ဒါက အဆင့်အတန်းပါပဲ။ ကွဲပြား ခြားနားတဲ့ အဆင့် တစ်ခုကို သွားဖို့ဆိုရင် ဒီလို စိတ်ဓာတ် ခံယူချက်မျိုး လိုအပ်ပါတယ်၊ သူဘာလုပ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ၊ ကျွန်တော်က ခံစစ် ကစားသမား တစ်ဦးတော့ မဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့် သူနဲ့ ရင်ဆိုင်ဖို့ တွေးကြည့်တာနဲ့တင် ပျော်စရာ မကောင်းဘူး ဆိုတာ ခံစားမိပါတယ်” လို့ အာတေးတားက ဆိုခဲ့ပါတယ်။


မာတီနက်ဇ်ကို ပစ်မှတ်ထားခဲ့တယ်လို့ ဖွင့်ဟလာတဲ့ သောမက်စ် ဖရန့်ခ်

မန်ချက်စတာယူနိုက်တက် ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ပစ်မှတ်ထားခဲ့တယ်လို့ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်က ထုတ်ဖော် ပြောဆိုခဲ့သွားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ အရပ် ၅ ပေ ၉ လက်မသာ ရှိပြီး ပရီးမီးယားလိဂ်ရဲ့ အရပ်အပုဆုံး ဗဟိုနောက်ခံလူ တစ်ဦးလည်း ဖြစ်ပါတယ်။
စိတ်ပျက်စရာ ခြေစွမ်းနဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်

မာတီနက်ဇ်ဟာ အရပ် ၅ ပေ ၉ လက်မသာ ရှိပြီး ပရီးမီးယားလိဂ်ရဲ့ အရပ်အပုဆုံး ဗဟိုနောက်ခံလူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘရန်ဖို့ဒ်ရဲ့ အမြင့်ဘောတွေနဲ့ ဒုက္ခပေးတာ ခံခဲ့ရပြီး ဒါကို သဘောပေါက်ခဲ့တဲ့ နည်းပြ တန်ဟက်ဂ်က မာတီနက်ဇ်ကို ပထမပိုင်း အပြီးမှာပဲ လူစားလဲခဲ့ပါတယ်။

ဘရန်ဖို့ဒ်တို့ ရရှိခဲ့တဲ့ တတိယဂိုးမှာ ဆိုရင် မာတီနက်ဇ်ရဲ့ အရပ်အမောင်းကို ဘန်မီးက အခွင့်ကောင်း ယူသွားခဲ့တာကို အသေအချာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီလို ကစားနိုင်ဖို့ အတွက် ဘရိုက်တန်နဲ့ ယူနိုက်တက် ပွဲစဉ်ကို လေ့လာပြီး ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သောမတ်စ် ဖရန့်က ဖွင့်ဟခဲ့ပါတယ်။ ဒီပွဲ မှာတော့ ဘရန်ဖို့ဒ်က ပထမပိုင်း မှာတင်ပဲ အနိုင်ဂိုး ၄ ဂိုး စလုံး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ သူ့ကို ကျွန်တော်တို့ ပစ်မှတ်ထား ကစားခဲ့တာပါ၊ ဘရိုက်တန်နဲ့ ယူနိုက်တက် ပွဲကို ကျနော်တို့ ပြန်ကြည့်ခဲ့ပြီး ဘရိုက်တန် ကစားခဲ့တာက ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံပါပဲ၊ မာတီနက်ဇ်ကို ပစ်မှတ်ထားရင် အခွင့်အရေးတွေ ရမယ် ဆိုတာကို ကျနော်တို့ သိခဲ့ပါတယ်၊ အဲဒီ အတိုင်းလည်း လုပ်နိုင်ခဲ့ပါတယ်” လို့ ဖရန့်ခ်က ဆိုပါတယ်။ ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေခဲ့ရပါတယ်။


ပရိသတ်တွေကို မနှုတ်ဆက်လို့ ဝေဖန်ခံနေရတဲ့ ရော်နယ်ဒို

ဘရန်ဖို့ဒ်ကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီမီးယားလိဂ် ပွဲစဉ် ပြီးပြီးချင်းမှာပဲ အဝတ်လဲခန်းထဲ တန်းဝင်သွားတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ယူနိုက်တက် ပရိသတ်တွေက ပေါက်ကွဲနေကြတာ ဖြစ်ပါတယ်။ အရှက်ရဖွယ် အရှုံးကြောင့် ယူနိုက်တက် အသင်းသား တချို့က ပရိသတ်တွေကို တောင်းပန်စကားဆိုကာ နှစ်သိမ့်ခဲ့ပေမယ့် ရော်နယ်ဒို ကတော့ ကွင်းပြင် ထွက်ဖို့ ကိုပဲ ဦးတည်နေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် လက်ထောက် နည်းပြ စတိဗ်မက္ကလာရင်က ပရိသတ်တွေကို နှုတ်ဆက်ဖို့ အတွက် ရော်နယ်ဒိုကို ပြောဆိုခဲ့ပေမယ့် ပေါ်တူဂီ တိုက်စစ်မှူး ကတော့ လျစ်လျူရှုခဲ့ပါတယ်။ အသင်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ် နဲ့လည်း အနီးကပ် တွေ့ခဲ့ပေမယ့် ရော်နယ်ဒိုက လုံး၀ နှုတ်ဆက်ခဲ့ခြင်း မရှိဘဲ အဝတ်လဲခန်းထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့ပြီး အားလုံးရဲ့ အရှေ့ ကနေ အမြန်ဆုံး ထွက်ခွာသွားခဲ့ပါတယ်။

ဒီအပြုအမူနဲ့ ပတ်သက်လို့ ယူနိုက်တက် ပရိသတ်တွေက ရော်နယ်ဒို အနေနဲ့ အနည်းဆုံးတော့ လက်ခုပ်တီး နှစ်သိမ့်ခဲ့သင့်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။ ဒါဟာ ရော်နယ်ဒို အတွက် ပထမဆုံး အကြိမ် မဟုတ်ဘဲ ပြီးခဲ့တဲ့ ရာသီ ကလည်း အသင်း အရေးနိမ့်ခဲ့တဲ့ ပွဲတွေမှာ အခုလိုပဲ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ အဝတ်လဲခန်းထဲ ကိုသာ တန်းဝင်သွားခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်