နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ကို ၄ မှတ် ဖြတ်လိုက်တဲ့ မန်စီးတီး၊ ပင်နယ်တီ ပေးကန်ခဲ့တဲ့ ဟာလန်းကို ဒေါသထွက်နေတဲ့ ဂွာဒီယိုလာ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

အာဆင်နယ်ကို ၄ မှတ် ဖြတ်လိုက်တဲ့ မန်စီးတီး၊ ပင်နယ်တီ ပေးကန်ခဲ့တဲ့ ဟာလန်းကို ဒေါသထွက်နေတဲ့ ဂွာဒီယိုလာ အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အာဆင်နယ်ကို ၄ မှတ် ဖြတ်လိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ လိဒ်စ်ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ယူခဲ့ပြီး အာဆင်နယ်နဲ့ ပွဲတူ ဖြစ်သွားခဲ့ကာ ၄ မှတ် ဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာ အာဆင်နယ်က ပွဲကစားဖို့ ရှိနေပြီး မန်စီးတီးရဲ့ ပရီးမီးယားလိဂ် နိုင်ပွဲကြောင့် ဖိအားတွေ များလာခဲ့ကာ ပြိုင်ဘက် ကလည်း ခြေစွမ်းပြနေတဲ့ နယူးကာဆယ်ယူနိုက်တက် ဖြစ်နေတာကြောင့် ရုန်းကန်ရဦးမှာပါ။

ဂွန်ဒိုအန်ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ မန်စီးတီးက အနိုင်ရရှိခဲ့ပြီး လိဒ်စ်ယူနိုက်တက်တို့ ချေပဂိုး ၁ ဂိုးသာ ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဂွန်ဒိုအန်ဟာ ဟက်ထရစ် ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပြီး သူ ပင်နယ်တီ မဝင်ခဲ့တဲ့နောက်မှာ လိဒ်က ချေပဂိုးသွင်းခဲ့လို့ အနည်းငယ်တော့ ဖိအားဝင်ခဲ့ရကာ ပွဲကို ထိန်းချုပ် ကစားသွားခဲ့ရပြီး လိုအပ်တဲ့ နိုင်ပွဲ ကိုတော့ မန်စီးတီးက ရအောင် ယူခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် မန်စိးတီးက ပရီးမီးယားလိဂ်မှာ ဆက်တိုက် ခြေစွမ်းပြနေပြီး အမှတ်ပေးဖလား အတွက်လည်း အမှားမခံဘဲ ရှေ့ဆက်နေဆဲ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ မန်စီးတီးကို အမီ ပြန်လိုက်ဖို့ ကြိုးစားရင်း ခြေချော်ခဲ့မယ် ဆိုရင်တော့ ဆုဖလားက မန်စီးတီး အတွက် ဖြစ်လာတော့မှာပါ။


ပင်နယ်တီ ပေးကန်ခဲ့တဲ့ ဟာလန်းကို ဂွါဒီယိုလာ ဒေါသထွက်နေ

ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် မန်စိးတီးက ပရီးမီးယားလိဂ်မှာ ဆက်တိုက် ခြေစွမ်းပြနေပြီး အမှတ်ပေးဖလား အတွက်လည်း အမှားမခံဘဲ ရှေ့ဆက်နေဆဲ ဖြစ်ပါတယ်။
ဂွန်ဒိုအန်ကို ပင်နယ်တီ ပေးကန်ခဲ့တဲ့ ဟာလန်းကို ဒေါသထွက်နေတဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြ ပပ်ဂွါဒီယိုလာဟာ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ ဂွန်ဒိုအန်ကို ပင်နယ်တီ ပေးကန်ခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ လုပ်ရပ်ကို ဒေါသထွက်နေပါတယ်။ ဒီမတိုင်ခင်မှာ ဂွန်ဒိုအန်က နှစ်ဂိုး သွင်းယူထားပြီး ဖြစ်လို့ ပင်နယ်တီ ကန်သွင်းခဲ့ရင် ဟက်ထရစ်ရယူနိုင်မှာကြောင့် ဟာလန်းက အသင်းဖော်ကို ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်း ဂွန်ဒိုအန် ကန်သွင်းရာမှာ တိုင်ထိထွက်ခဲ့ပြီး အဆိုပါ ဖြစ်ရပ်က တဆင့် လိဒ်ယူနိုက်တက်က ချေပဂိုး ပြန်သွင်းသွားလို့ ကွင်းဘေးနားမှာ ဂွါဒီယိုလာ တစ်ယောက် ပေါက်ကွဲနေခဲ့ပါတယ်။ ပွဲအပြီး မှာတော့ သူက ဟာလန်းကို အပြစ်တင်ခဲ့ပြီး ပင်နယ်တီကို ကန်သွင်းယူခဲ့သင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဂွန်ဒိုအန် ကလည်း သူ ပင်နယ်တီမကန်ခင်မှာ ဟာလန်းကို ၂ ကြိမ် တိုင်တိုင် မေးမြန်းခဲ့ပြီး အသင်းဖော်က ခွင့်ပြုခဲ့လို့ ကန်သွင်းခဲ့တာလို့ ဖြေရှင်းခဲ့ပါတယ်။ ဟာလန်း ကတော့ အသင်းဖော်ကို စေတနာနဲ့ ပေးကန်ခဲ့ပေမယ့် မထင်မှတ်တာတွေ ဖြစ်လာခဲ့လို့ စေတနာက ဝေဒနာဖြစ်ခဲ့ရကာ နည်းပြရဲ့ ဆူပူကြိမ်းမောင်းမှု ကိုပါ ခံခဲ့ရပါတော့တယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးရဲလ်မက်ဒရစ်
မန်ချက်စတာစီးတီး
1X2 ရီးယဲလ်မက်ဒရစ် @ 2.85
ဂိုးအောက် 2.75 @ 1.97
ဂိုးပေါင်း 4-6 @ 2.87
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် ယူနိုက်တက်ကို ဖိအားပေးလာတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ်က ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် မန်ချက်စတာယူနိုက်တက်က အမှားခံမှာ မဟုတ်ဘဲ သူ့အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရမယ့် အပေါ် သံသယရှိတဲ့ အကြောင်း ဖွင့်ဟခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ နောက်ဆုံး (၆) ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့နောက် ပရီးမီးယားလိဂ်ရဲ့ အဆင့် (၄) နေရာက ယူနိုက်တက်ထက် တစ်ပွဲ ပိုကစား၊ (၁) မှတ်အကွာနဲ့ အဆင့် (၅) နေရာမှာ ရပ်တည်ကာ ဖိအားပေးနေပါတယ်။

ဒါကြောင့်လည်း လစ်ဗာပူးတို့ ရာသီကုန်ချိန်မှာ ယူနိုက်တက်ကို ကျော်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရသွားနိုင်တယ်လို့ ပရိသတ်အချို့က ဆိုနေကြပါတယ်။ မနေ့ည ကလည်း လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ အဖြစ် ဘရန့်ဖို့ဒ်ကို ဆာလာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိမှာ လစ်ဗာပူးလ်က ယူနိုက်တက်ထက် ၂ ပွဲပို ကစားထားပြီး ၁ မှတ်လျော့ကာ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ ယူနိုက်တက် အနေနဲ့ လက်ကျန် ပွဲတွေကို အမှားမရှိအောင် ကစားနိုင်မှသာ လစ်ဗာပူးလ် ကျော်တက်တာမခံရမှာ ဖြစ်ပြီး သူတို့ရဲ့ လက်ရှိ ခြေစွမ်း အတိုင်း ကစားနေမယ် ဆိုရင်တော့ စိုးရိမ်စရာတွေ ရှိလာမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်