နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နစ်ခ် ပုပ်ရဲ့ အမှားကြောင့် ခရာဘောင်ဖလား ရဖို့ နီးစပ်သွားတဲ့ ယူနိုက်တက်၊ ဒေးဗစ် ဘက်ခမ်းနဲ့ တွေ့ခွင့်ရဖို့ ၁ ဂိုးသာ လိုတော့တဲ့ ဝါ့ဒ်ပရောက်စ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

နစ်ခ် ပုပ်ရဲ့ အမှားကြောင့် ခရာဘောင်ဖလား ရဖို့ နီးစပ်သွားတဲ့ ယူနိုက်တက်၊ ဒေးဗစ် ဘက်ခမ်းနဲ့ တွေ့ခွင့်ရဖို့ ၁ ဂိုးသာ လိုတော့တဲ့ ဝါ့ဒ်ပရောက်စ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နစ်ခ် ပုပ်ရဲ့ အမှားကြောင့် ခရာဘောင်ဖလား ရဖို့ နီးစပ်သွားတဲ့ ယူနိုက်တက်

မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ လစ်ဗာပူးလ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ လစ်ဗာပူးလ်က အဝေးကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လစ်ဗာပူးလ် အတွက် ဒါဝင် နူနက်ဇ်နဲ့ ဂက်ခ်ပို တို့က ဂိုးတွေ သွင်းပေးခဲ့ကြပြီး ၂ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ကာ ဥရောပ ဝင်ခွင့် မျှော်လင့်ချက်တွေကို ပြန်လည် အသက်သွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ နယူးကာဆယ် ဂိုးသမား နစ်ခ် ပုပ် ဧရိယာ အပြင်ဘက်မှာ ဘောလုံးကို လက်နဲ့ ဖမ်းခဲ့လို့ တိုက်ရိုက် အနီကတ် ပြခံခဲ့ရပါတယ်။ ဒီအနီကတ်ကြောင့် နစ်ပုဒ်ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နယူးကာဆယ်ရဲ့ ဒုတိယ ဂိုးသမား မာတင် ဒူဗရက်ကာ ကလည်း ဒီပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

အကြောင်း ကတော့ သူဟာ ယူနိုက်တက်ကို အငှားနဲ့ သွားကစားထားပြီး ခရာဘောင် ဖလားပွဲမှာ ဝင်ကစားထားခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် နယူးကာဆယ်ဟာ တတိယ ဂိုးသမား ဖြစ်တဲ့ လစ်ဗာပူးလ် ဂိုးသမားဟောင်း ကာရီးယပ်စ်ကို ထည့်သွင်း ကစားရဖို့သာ ရှိတော့တာပါ။

ဒါကြောင့် ခြေစွမ်းပြနေတဲ့ ယူနိုက်တက်တို့ အတွက် ဒီပွဲက လွယ်ကူဖွယ်ရာ ရှိနေပြီး ဆုဖလားရဖို့ မခက်ခဲနိုင်ကြောင်း သုံးသပ်နေကြပါတယ်။


ဒေးဗစ် ဘက်ခမ်းနဲ့ တွေ့ခွင့်ရဖို့ ၁ ဂိုးသာ လိုတော့တဲ့ ဝါ့ဒ်ပရောက်စ်

ဒီဂိုး သွင်းယူနိုင်မှုကြောင့် ဝါ့ဒ်ပရောက်စ်က ပရီးမီးယားလိဂ်မှာ အလွတ် တည်ကန်ဘော ကနေ သွင်းဂိုး ၁၇ ဂိုးအထိ ရသွားခဲ့ပါပြီ။
ပရီးမီးယားလိဂ် ဖရီးကစ် သွင်းဂိုး အများဆုံး ဘက်ခမ်းရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်တော့မယ့် ဝက်ဒ် ပရောက်စ်

ဆောက်သမ်တန် အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျိမ်းစ်ဝါ့ဒ် ပရောက်စ် ကတော့ မနေ့ညက ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အလွတ်တည်ကန်ဘောက တဆင့် လှလှပပ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုး ၁ဂိုးတည်းနဲ့ ချဲလ်ဆီးကို အနိုင်ရခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး အတွက်တော့ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပါတယ်။

ဒီဂိုး သွင်းယူနိုင်မှုကြောင့် ဝါ့ဒ်ပရောက်စ်က ပရီးမီးယားလိဂ်မှာ အလွတ်တည်ကန်ဘော ကနေ သွင်းဂိုး ၁၇ ဂိုးအထိ ရသွားခဲ့ပါပြီ။ ဒါဟာ သူ့ရဲ့ အထက်မှာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်း တစ်ဦးတည်းသာ ရှိတော့တာ ဖြစ်ပြီး သူလေးစား အားကျရတဲ့ အဆိုပါ ကစားသမားနဲ့ တွေ့ခွင့်ရဖို့လည်း ၁ ဂိုးသာ လိုအပ်တော့တာပါ။

ပြီးခဲ့တဲ့ နှစ်တုန်းက ဘက်ခမ်းက သူ့ရဲ့ အလွတ်တည်ကန်ဘော ၁၈ ဂိုး စံချိန်ကို လိုက်မီရင် ဝါ့ဒ်ပရောက်စ်ကို သူ လက်ခံတွေ့ဆုံမယ်လို့ ကတိပေးထားခဲ့တာပါ။ ဒါကြောင့် အခု ၁၇ ဂိုး အထိ ရသွားပြီ ဖြစ်လို့ ဝါ့ဒ်ပရောက်စ် အတွက် ၁ ဂိုးသာ လိုတော့ပြီး သူ့ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့က အရမ်းကို နီးစပ်နေပြီ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လိုက်ဇစ်
မန်ချက်စတာစီးတီး
1X2 သရေ (Draw) @ 3.60
ဂိုးပေါ် 3.00 @ 2.16
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာဆင်နယ်ကို အခွင့်အရေး ပေးလိုက်ပြန်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ အဝေးကွင်းမှာ နော့တင်ဟမ်ဖောရက်စ်ကို အနိုင်မယူနိုင်ခဲ့ဘဲ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အက်စတွန်ဗီလာကို နောက်ကျဂိုးတွေနဲ့ အနိုင်ရသွားတဲ့ အာဆင်နယ်ရဲ့အောက် ၂ မှတ် အကွာ ပြန်ရောက်သွားခဲ့ပါပြီ။ ဘာနာဒို ဆေးလ်ဗားရဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့တဲ့ မန်စီးတီးဟာ ပွဲကို အပြတ် မဖြတ်နိုင်ခဲ့တဲ့ ဆိုးကျိုးကို ရင်ဆိုင်လိုက်ရတာပါ။

မန်စီးတီးဟာ သွင်းဂိုး တစ်ဂိုးတည်းနဲ့ ပွဲကို ဦးဆောင်နေခဲ့ပေမယ့်လည်း ပွဲကစားချိန် ၈၄ မိနစ် မှာတော့ မထင်မှတ်ဘဲ ချေပဂိုး ပေးလိုက်ရတာပါ။ ချေပဂိုး ပေးလိုက်ရပြီးနောက် အနိုင်ဂိုး ရဖို့ အတွက် အသည်းအသန် အားထုတ်ခဲ့ပေမယ့်လည်း အချိန်နှောင်းခဲ့ပြီ ဖြစ်လို့ ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ သရေ ၁ မှတ်နဲ့သာ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ မန်စီးတီး ပွဲရလဒ်ကြောင့် ဇယားထိပ်မှာ ၁ပွဲ လျော့၊ ၂ မှတ် အသာနဲ့ ဦးဆောင်လိုက်နိုင်ပါတယ်။ မန်စီးတီး ကတော့ တတိယ နေရာက မြို့ခံ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် ကိုပါ အခွင့်အရေး ပေးခဲ့သလို ဖြစ်ခဲ့ပြီး ဒီနေ့ညမှာ ယူနိုက်တက်က လက်စတာကို အနိုင်ရခဲ့မယ် ဆိုရင် မန်စီးတီးနဲ့ ၃ မှတ်သာ ကွာဟတော့မှာ ဖြစ်ပြီး အဆင့် ၂ နေရာကို ခြိမ်းခြောက်နိုင်တော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်