နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိန့်မေရီမှာ နိုင်ပွဲ ဆက်ခဲ့တဲ့ ဆောက်သမ်တန် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဆောက်သမ်တန်နော့ဝှစ်ချ်စီးတီး  

အခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်၂၇ရဲ့အစောဆုံးပွဲစဉ်မှာတော့ဆောက်သမ်တန်တို့နော့ဝှစ်ချ်စီးတီးကိုစိန့်မေရီမှာ၂-၀ရလဒ်နဲ့အနိုင်ရသွားခဲ့ပါတယ်။ ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ စိန့်တို့ ဒီနေ့ပွဲ မှာလည်း တန်းဆင်းဇုန်ထဲက နော့ဝှစ်ချ်ကို အဘက်ဘက်က အသာစီးနဲ့ ကစားပြီး ဂိုးပြတ် အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ 


ပွဲစဉ်အကျဉ်း 

ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ စိန့်တို့ ဒီနေ့ပွဲ မှာလည်း တန်းဆင်းဇုန်ထဲက နော့ဝှစ်ချ်ကို အဘက်ဘက်က အသာစီးနဲ့ ကစားပြီး ဂိုးပြတ် အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ရက်ဖ်ဟတ်ဆန်ဟတ်တဲလ်ရဲ့ အသင်းက အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်းနဲ့ ကစားကွက်ကို အပြောင်းအလဲ မလုပ်ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဘရိုဟာနဲ့ ချေးအက်ဒမ်စ်၊ ကွင်းလယ်မှာ ရိုမီယူ၊ ဂျိမ်းစ် ဝက်ဒ်ပရောက်စ်၊ အမ်းစတောင်း၊ အဲလ်ယွန်နူဆီ၊ ခံစစ်မှာ ဝေါလ်ကာ ပီတာ၊ ဆယ်လီဆူ၊ ဘက်ဒ်နာရက်ခ်၊ လစ်ဗာရာမန်တို၊ ဂိုးမှာတော့ ဖော်စတာပဲ ပါဝင်လာခဲ့ပါတယ်။ နော့ဝှစ်ချ်စီးတီး ကတော့ ပုံမှန် ပွဲထွက်နေကျ ၄-၃-၃ အစား ၄-၂-၃-၁ နဲ့ အပြောင်းအလဲ လုပ်လာခဲ့ပြီး တိုက်စစ်မှာ ပွတ်ကီ တစ်ဦးတည်းကို အထောင်ထားခဲ့သလို ဆားဂျန့်နဲ့ ရက်ရှီကာ တို့ကို တောင်ပံ ပို့ခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ဂေးလ်မော၊ နော်မန်၊ မက်ကလင်းန်၊ ခံစစ်မှာ ဝီလီယမ်စ်၊ ဂစ်ဘ်ဆင်၊ ဟန်လီ၊ အာရွန်စ်နဲ့ ဂန်းတို့ ပွဲထွက်လာခဲ့ပါတယ်။

ဒီအခြေအနေ အတိုင်းသာ ဆိုရင် နော့ဝှစ်ချ်တို့ လာမယ့် ရာသီ ပရီးမီးယားလိဂ် မှာ ဆက်ကစားရဖို့ မသေချာဘူးလို့တောင် ပြောလို့ ရနေပါပြီ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေတဲ့ နော့ဝှစ်ချ်စီးတီး

လျင်မြန်မှု အသားပေးပြီး ပွဲချိန်ပြည့် တိုက်စစ် ဖွင့်ကစားတတ်တဲ့ အသင်းတွေ ဖြစ်လို့ ပွဲစထဲက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ဆောက်သမ်တန်တို့ နော့ဝှစ်ချ်ထက် အခွင့်အရေးတွေ ပိုမို ဖန်တီးနိုင်ခဲ့ပြီး ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပေမယ့် ဟန်လေ၊ ဂစ်ဘ်ဆင်နဲ့ ဂိုးသမား ဂန်းတို့ အမှားနည်းနေခဲ့လို့ အိမ်ရှင်တို့ ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၉ မိနစ် မှာတော့ စိန့်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ချေးအက်ဒမ်စ်က နော့ဝှစ်ချ် နောက်တန်းနဲ့ ဂိုးသမား ဂန်း တားဆီးနေတဲ့ ကြားက မရမက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒုတိယပိုင်း မှာတော့ နော့ဝှစ်ချ်တို့ ကွင်းလယ်လူ ၃ ဦးအထိ လူစားလဲခဲ့ပြီး ဆောက်သမ်တန်ကို ယှဉ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပဲ တန်ပြန် တိုက်စစ် ကနေပဲ ဂိုးပြန်ရဖို့ မျှော်လင့်ခဲ့ရပါတယ်။ ဆောက်သမ်တန် ကတော့ ခံစစ်ကို အားဖြည့်တဲ့ အနေနဲ့ တိုက်စစ်က ဘရိုဟာကို ဂျက်စတီဖင်နဲ့ လူစားလဲခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာလည်း ဆောက်သမ်တန် တို့ပဲ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပွဲပြီးခါနီး မှာတော့ ဒုတိယဂိုး ထပ်မံ ရရှိသွားခဲ့ပါတယ်။ ထောင့်ကန်ဘော ကန်တင် ပေးပို့မှုကို နော့ဝှစ်ချ် နောက်ခံလူတွေ ခေါင်းတိုက် ဖျက်ထုတ်ရာ ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဧရိယာထိပ်မှာ အသင့် စောင့်နေတဲ့ ရိုမီယူက Volley ကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန်တို့ ၂ ဂိုးထက် ပိုတဲ့ ရလဒ်နဲ့ အနိုင်ရသင့်ခဲ့တာ ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲက အသင်းကို အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ဆောက်သမ်တန်ရဲ့ ခြေစွမ်းက ချီးကျုးရမယ့် အဆင့်အတန်း တစ်ခု ရှိခဲ့ပါတယ်။ တစ်ပွဲလုံးမှာ ဂိုးပေါက် ကန်ချက် ၂၇ ကြိမ် ရှိခဲ့ပြီး ဂိုးပေါက်တည့် ကန်ချက် ၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တဲ့ အထိ စိန့်တို့ရဲ့ တိုက်စစ် ထက်မြတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး အခုလို အခြေအနေ ဖြစ်လာအောင် အခက်အခဲတွေ ကြားက အသင်းကို စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူ တည်ဆောက်ခဲ့တဲ့ နည်းပြ ရက်ဖ်ဟတ်ဆန် ဟတ်တဲလ်ရဲ့ စွမ်းဆောင်ရည် ကိုလည်း မဖြစ်မနေ ချီးကျုးရဦးမှာ ဖြစ်ပါတယ်။ စိန့်တို့ လက်ရှိ ခြေစွမ်းကို ဆက်ထိန်းထားနိုင်ခဲ့မယ် ဆိုရင်တော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာ မကျော်ပဲ ရာသီသိမ်းဖို့ မခက်ခဲနိုင်ပါဘူး။ လောလောဆယ် မှာတော့ ဒီနိုင်ပွဲကြောင့် ဆောက်သမ်တန်တို့ အဆင့် ၉ နေရာကို ယာယီ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
မန်ချက်စတာ ယူနိုက်တက်
1X2 မန်ချက်စတာ ယူနိုက်တက် @ 8.25
ဂိုးပေါ် 3.00 @ 1.96
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒင်းန် စမစ်ရဲ့ အသင်း ကတော့ ဒီနေ့ပွဲမှာလည်း ထုံးစံအတိုင်း ပြိုင်ဘက်ကို အတတ်နိုင်ဆုံး တုန့်ပြန်သွားခဲ့ပေမယ့် ပွဲအဖြေ ပြောင်းလဲပေးနိုင်တဲ့ ကစားသမား မရှိခဲ့လို့ ရလဒ်ဆိုးခဲ့ရပြန်တာ ဖြစ်ပါတယ်။ ဒီအခြေအနေ အတိုင်းသာ ဆိုရင် နော့ဝှစ်ချ်တို့ လာမယ့် ရာသီပရီးမီးယားလိဂ် မှာ ဆက်ကစားရဖို့ မသေချာဘူးလို့တောင် ပြောလို့ ရနေပါပြီ။


လာမယ့်ပွဲစဉ်များ

ဆောက်သမ်တန်တို့ လာမယ့် မတ်လ ၃ ရက်နေ့မှာ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ် အဖြစ် ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး နော့ဝှစ်ချ်စီးတီး ကတော့ လစ်ဗာပူးလ်ရဲ့ အန်ဖီးလ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်