နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတျောက်ခ်ရဲ့ နောက်ကျဂိုးကြောင့် တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်ခဲ့တဲ့ လိဒ်စ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက် ၁-၁ ဘရိုက်တန်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ လိဒ်စ်ယူနိုက်တက်တို့ ဘရိုက်တန်ကို အဲလန်ရုတ်ဒ်မှာ လူစားဝင် ကစားသမား ပါစကယ် စတျောက်ခ်ရဲ့ နာကျင် အချိန်ပို နောက်ကျဂိုးနဲ့ သရေကျသွားခဲ့ပါတယ်။ အမှတ် မလိုတော့ပေမယ့် ပုံစံကောင်းရနေတဲ့ ဘရိုက်တန်ကြောင့် လိဒ်စ်တို့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး သရေ ၁ မှတ် ရရှိခဲ့တာကြောင့်တော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် ထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး ပုံမှန် အသုံးပြုနေကျ ကစားကွက်တွေကိုပဲ ခင်းကျင်းလာခဲ့ပြီး လိဒ်စ်ရဲ့ ၄-၂-၃-၁ မှာ တိုက်စစ်က ဂဲလ်ဟတ်၊ ဟာရစ်ဆင်နဲ့ ရာဖင်ညာတို့ ဦးဆောင်လာခဲ့ပါတယ်။ ကွင်းလယ်မှာ ရိုဒရီဂို၊ ဖီးလစ်၊ ကလစ်ချ်၊ နောက်တန်းမှာ ကူပါး၊ ယော်ရန်းတေး၊ ကော့ချ်၊ ဖီယာပိုနဲ့ ဂိုးမှာတော့ မက်လေးယားပဲ ပွဲထွက်ခဲ့ပါတယ်။ ဘရိုက်တန်ရဲ့ လူစာရင်း မှာတော့ ဝဲလ်ဘက်၊ ဂရော့စ်၊ မက်အဲလစ်စတား၊ ကိုင်ဆီဒို၊ ဘစ်ဆူးမား၊ ထရော့ဆက်ဒ်၊ မက်ချ်၊ ဒန့်ခ်၊ ကူကာရယ်လာ၊ ဗဲလ်မန်း၊ ဆန်းချက်ဇ် တို့ ပါဝင်လာခဲ့ပါတယ်။

ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့ခြင်းနဲ့ အတူ တစ်ဖက်မှာ ဝက်ဖို့ဒ်ကို ဂိုးပြတ် အနိုင်ရလာတဲ့ လက်စတာစီးတီးကြောင့် အဆင့် ၉ နေရာ ကနေ ဖယ်ပေးခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့တဲ့ ဘရိုက်တန်

လိဒ်စ်တို့ ပြီးခဲ့တဲ့ ပွဲတွေကနဲ့ မတူပဲ အားရစရာ ခြေစွမ်းနဲ့ ဘရိုက်တန်ကို ဧည့်ခံသွားခဲ့သလို ခြေစွာနေတဲ့ ဘရိုက်တန် ကလည်း အဝေးကွင်းမှာ ပုံစံကောင်း တစ်ခုနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ အစောပိုင်း ပွဲချိန်မှာ ဂိုးသမား ဆန်းချက်ဇ်ရဲ့ ပေါ့ဆမှုကြောင့် ရတဲ့ အခွင့်အရေး ဂဲလ်ဟတ်က နောက်ပြန် ကန်ချက်နဲ့ အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးက  အသင်းဖော် လီယမ် ကူပါးနဲ့ ထိပြီး ထွက်သွားခဲ့လို့ လိဒ်စ်တို့ နစ်နာခဲ့ရပါတယ်။ အဲ့နောက် ဘရိုက်တန် ဘက်က ဂရော့စ်ရဲ့ ကန်ချက်ကို မက်လေးယာ ကာကွယ်နိုင်ခဲ့ပေမယ့် နောက်ထပ် တစ်ကြိမ် ဝဲလ်ဘတ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်ပြီး ပါးပါးနပ်နပ် ကန်သွင်းမှု ကိုတော့ ဘယ်လိုမှ မတားဆီးနိုင်ခဲ့လို့ ဦးဆောင်ဂိုး အဖြစ် ခွင့်ပြုပေးခဲ့ရပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက် လိဒ်စ်တို့ တိုက်စစ် မြှင်လာခဲ့ပြီး ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကလစ်ချ်ရဲ့ ကန်ချက်ကို ဆန်းချက်ဇ် ကာကွယ်နိုင်ခဲ့သလို ရာဖင်ညာရဲ့ ဖရီးကစ် ကတော့ ဘားတန်းထိ ထွက်သွားခဲ့လို့ ဘရိုက်တန်တို့ ကံကောင်းခဲ့ရပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ လိဒ်စ်တို့ ပွဲကို ပိုမိုလွှမ်းမိုးလာနိုင်ခဲ့ပြီး ရိုဒရီဂို၊ ရာဖင်ညာနဲ့ ဂဲလ်ဟတ် တို့ရဲ့ တွဲလုံးတွေနဲ့ ဘရိုက်တန် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၂ မိနစ် မှာတော့ ဂဲလ်ဟတ်ရဲ့ တစ်ကိုယ်တော် ကျော်ဖြတ်ပြီး ဖန်တီးပေးမှု ကနေ လူစားဝင် နောက်ခံလူ စတျောက်ခ်က ခက်ခက်ခဲခဲ ခေါင်းတိုက် အဆုံးသတ်ပေးခဲ့လို့  လိဒ်စ်တို့ အဖိုးတန် ချေပဂိုး ရခဲ့ပြီး ၁-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
ဘန်လေ
အက်စတန် ဗီလာ အာရှ ဟန်းဒီးကပ် -0.50 @ 2.08
1X2 သရေ 3.25
ဂိုးပေါ် 2.50 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဂျက်ဆီမက်ရှ် အသင်းရဲ့ ဒီနေ့ပွဲ ခြေစွမ်းက ပြီးခဲ့တဲ့ ပွဲတွေတုန်းကနဲ့ လုံးဝ မတူပဲ အားရစရာ ကောင်းခဲ့ပါတယ်။ ပွဲပယ် ပြစ်ဒဏ်ထိထားတဲ့ ဒန်ဂျိမ်းစ်နဲ့ လုခ် အေးလင်း၊ ဒဏ်ရာရထားတဲ့ ဒါးလက်စ်တို့ မပါဝင်နိုင်ခဲ့ပေမယ့် ခြေစွမ်း ထက်မြတ်နေတဲ့ ဘရိုက်တန်ကို ခြေရည်တူ ယှဉ်ကစားသွားနိုင်ခဲ့ပါတယ်။ လူငယ် ကစားသမားလေး ဂဲလ်ဟတ်ရဲ့ တောက်ပမှုကို မြင်တွေ့ခဲ့ရပြီး စီနီယာ ကစားသမား ဒန်ဂျိမ်းစ် ထက်တောင် အသင်းကို အကျိုးပြုနိုင်ခဲ့တာ တွေ့ရပါတယ်။ လိဒ်စ်တို့ ၃ မှတ် ရနိုင်တဲ့ အခြေအနေ ရှိခဲ့ပေမယ့် ရာဖင်ညာရဲ့ ကန်ချက် ဂိုးဘားတန်း ထိခဲ့တာနဲ့ ဆန်းချက်ဇ်ရဲ့ လက်စွမ်းပြမှုတွေကြောင့်သာ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဘာပဲပြောပြော ဒီပွဲ ကနေ ရခဲ့တဲ့ သရေ ၁ မှတ်ဟာ လိဒ်စ် အတွက် အဖိုးတန်ခဲ့ပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တန်းမဆင်းရရေး အတွက် အပြိုင် ရုန်းနေရတဲ့ အဲဗာတန်၊ ဘန်လေ တို့ထက် လိဒ်စ်တို့ ၁ ပွဲပို ကစားထားပါတယ်။ ဒါကြောင့် လက်ရှိ အခြေအနေအရ ဘာမဆို ဖြစ်နိုင်ပြီး သေချာတာ ကတော့ နောက်ဆုံးပွဲမှာ လိဒ်စ်တို့ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့ခြင်းနဲ့ အတူ တစ်ဖက်မှာ ဝက်ဖို့ဒ်ကို ဂိုးပြတ် အနိုင်ရလာတဲ့ လက်စတာစီးတီးကြောင့် အဆင့် ၉ နေရာ ကနေ ဖယ်ပေးခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် မေလ ၂၂ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ဆက်လက် ရင်ဆိုင်ရဖို့ ရှိပြီး ဘရိုက်တန် ကတော့ ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်