နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်း မကောင်းပေမယ့် ရော်နယ်ဒိုရဲ့ ပင်နယ်တီဂိုးနဲ့ ၃ ပွဲ အနိုင်ရခဲ့တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

နော့ဝှစ်ချ်စီးတီး ၀ – ၁ မန်ချက်စတာယူနိုက်တက်

နည်းပြသစ် ရက်ဖ် ရန်းနစ်ခ်ရဲ့ နည်းဗျူဟာပိုင်း အပြောင်းအလဲနဲ့ အတူ ပုံမှန် ခြေစွမ်း ပြန်ရဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်တို့ အခုတစ်ပတ် ပရီးမီးယားလိဂ် မှာလည်း နိုင်ပွဲ ထပ်မံ ရှာဖွေသွားနိုင်ခဲ့ပါတယ်။ ခရစ္စတီယာနို‌ ရော်နယ်ဒိုရဲ့ ပွဲကစားချိန် ၇၄ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ပင်နယ်တီဂိုး တစ်ဂိုး တည်းနဲ့ အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်တို့ နော့ဝှစ်ချ်စီးတီးကို ပွဲချိန်ပြည့် ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားသွားခဲ့ရတာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ခံစစ်ပိုင်း အားနည်းချက်ကို ပြင်ဆင်နိုင်ဖို့ ၄-၂-၂-၂ ကစားကွက်ကို စမ်းသပ် အသုံးပြုလာခဲ့တဲ့ ရန်းနက်ခ်ရဲ့ ယူနိုက်တက်တို့ ခံစစ်မှာ ဒါးလော့တ်၊ တဲလက်စ်၊ မက်ဂွိုင်းယား၊ လင်ဒီလောဖ့်ကို ပွဲထွက်စေခဲ့ပြီး ဗဟိုခံစစ် နေရာမှာ ဖရက်ဒ်နဲ့ မက်တော်မီနေး၊ ကွင်းလယ် တိုက်စစ်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့ ဂျေဒန် ဆန်ချို၊ တိုက်စစ် မှာတော့ ရက်ရှ်ဖို့ဒ်နဲ့ ရော်နယ်ဒို တို့ကို သုံးခဲ့ပါတယ်။ နော့ဝှစ်ချ်စီးတီး ကတော့ နည်းပြ ဒင်းန်စမစ်ရဲ့ စိတ်ကြိုက် ကစားကွက် ဖြစ်တဲ့ ၄-၃-၃နဲ့ အတူ ယူနိုက်တက်ကို ပြန်လည် ဖိအားပေးဖို့ ရည်ရွယ်လာခဲ့ပါတယ်။

တကယ်တမ်း ကစားချိန် မှာလည်း နော့ဝှစ်ချ်စီးတီးတို့ အိမ်ကွင်း အားသာချက်နဲ့ အတူ ယူနိုက်တက်ကို အပြန်အလှန် ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန် ၂၁ မိနစ်မှာ အဓိက နောက်ခံလူ ဟန်လီ ဒဏ်ရာရသွားခဲ့ပေမယ့် နော့ဝှစ်ချ်တို့ ယူနိုက်တက်ရဲ့ တိုက်စစ်ကို အမှားအယွင်း မရှိ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပွတ်ကီ၊ ဆားဂျန့်၊ ပလာချီတာ တို့ကလည်း တန်ပြန် တိုက်စစ် ကနေ ယူနိုက်တက် နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။

နော့ဝှစ်ချ် ကတော့ ဒင်းန်စမစ် လက်အောက်မှာ အဘက်ဘက်က တိုးတက်လာခဲ့ပေမယ့် ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား မရှိခဲ့လို့ ပရီးမီးယားလိဂ် ၁၀ ပွဲမြောက် ရှုံးပွဲနဲ့ ကြုံသွားခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့ နော့ဝှစ်ချ်စီးတီး

အပြန်အလှန် ကစားနေရင်း ကနေ ဒုတိယပိုင်း ၇၄ မိနစ် အရောက် မှာတော့ ယူနိုက်တက်တို့ ဂိုးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ရော်နယ်ဒိုက သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ အမှားအယွင်း မရှိ ကန်သွင်းသွားခဲ့လို့ ယူနိုက်တက်တို့ ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာလည်း အပြန်အလှန် ရှိခဲ့ပြီး ရော်နယ်ဒို အနေနဲ့ ဒုတိယဂိုး သွင်းယူနိုင်ဖို့ အခွင့်အရေး ရခဲ့ပေမယ့် အံ့အားသင့်စရာ ကောင်းလောက်အောင် လွဲချော်ခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ တစ်ဖက် မှာလည်း အော်ဇန် ကာဘက်ခ်ရဲ့ အပိုင် ခေါင်းတိုက်ချက် အပါအဝင် ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ဒါးဗစ် ဒက်ဟဲယား အကောင်းဆုံး ကာကွယ်သွားခဲ့လို့ သွင်းဂိုးတွေ ထပ်မမြင်ရတော့ပဲ ၀-၁ ရလဒ် နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပွဲအပြီးမှာ နည်းပြ ရန်းနစ်ခ်က အသင်းရဲ့ တိုက်စစ် ကစားသမားတွေ အနေနဲ့ ကြိုးစား အားထုတ်မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့ပြီး ဂိုးသမား ဒါးဗစ် ဒက်ဟဲယားကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒို၊ ဂျေဒန် ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်မှု အပိုင်းမှာ အားနည်းခဲ့သလို ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲတုန်း ကလိုမျိုး တိုက်ပွဲဝင်တဲ့ စိတ်ဓာတ်ကိုလည်း မမြင်တွေ့ခဲ့ရဘူး လို့လည်း ဝန်ခံသွားခဲ့ပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူး အနေနဲ့ ဒီရာသီမှာ ယူနိုက်တက် အတွက် ၁၃ ဂိုးအထိ သွင်းပေးထားပြီး ပရီးမီးယားလိဂ် မှာ ၇ ဂိုး သွင်းပြီး ၂ ဂိုး ဖန်တီး ပေးထားခဲ့သလို ချန်ပီယံလိဂ် မှာတော့ ၅ ပွဲ ကစားပြီး ၆ ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ရော်နယ်ဒို အနေနဲ့ ခြေစွမ်းပိုင်းအရ အားရစရာ မရှိခဲ့ပေမယ့် နည်းပြသစ်နဲ့ ယူနိုက်တက် ကိုတော့ အကောင်းဆုံး ကယ်တင်ပေးနိုင်ခဲ့တယ် လို့ပဲ ဆိုရပါတယ်။

ယူနိုက်တက်ရဲ့ ခြေစွမ်းကို ခြုံငုံသုံးသပ်ရမယ် ဆိုရင်တော့ ကစားသမား တစ်ဦးချင်းရော၊ အသင်းလိုက် ခြေစွမ်းမှာပဲ လိုအပ်ချက်တွေ များစွာ ရှိနေသေးတာ တွေ့ရပြီး နည်းပြသစ်ရဲ့ နည်းစနစ် ဗျူဟာ အသစ်တွေနဲ့ အသားကျဖို့ အတိုင်းအတာတစ်ခု အထိ စောင့်ရဖို့ ရှိပါတယ်။ နော့ဝှစ်ချ် ကတော့ ဒင်းန်စမစ် လက်အောက်မှာ အဘက်ဘက်က တိုးတက်လာခဲ့ပေမယ့် ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား မရှိခဲ့လို့ ပရီးမီးယားလိဂ် ၁၀ ပွဲမြောက် ရှုံးပွဲနဲ့ ကြုံသွားခဲ့ရတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့ နော့ဝှစ်ချ်တို့ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ခြေပြန် တက်နေတဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး ယူနိုက်တက် ကတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်