နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ လက်စတာ (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လက်စတာစီးတီး ၄ – ၀ နယူးကာဆယ်ယူနိုက်တက်

အမှားများစွာ နဲ့အတူ နယူးကာဆယ်တို့ ပေးဆပ်မှု ကြီးမားခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်စတာ အနေနဲ့ ကလည်း အိမ်ကွင်းမှာ အကောင်းဆုံး ပုံစံ ရှိခဲ့ခြင်း နဲ့အတူ ပြိုင်ဘက်ရဲ့ အမှားကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး ခဲ့တာကို ဂိုးပြတ် နိုင်ပွဲနဲ့ အဆုံးသတ် နိုင်ခဲ့တဲ့ လက်စတာ အတွက် အပေါင်း လက္ခဏာ ဆန်ခဲ့တယ်လို့ ဆိုရမှာပါ။ နယူးကာဆယ် ကတော့ ၁၆ ပွဲ ကစား ရမှတ် ၁၀ မှတ်နဲ့ တန်းဆင်းဇုန်ထဲ ဆက်ပြီး ရပ်တည်ခဲ့ရပါတယ်။


ပွဲစဉ်အကျဉ်း

လက်စတာတို့ နိုင်ပွဲ ပြန်ရဖို့ အားစိုက်လာမှန်း သိသာပါတယ်။ မက်ဒီဆင်၊ တီလယ်မန်စ်၊ ဘာနက်စ်၊ ဆိုရန်ချူး၊ ရှမိုက်ကယ်၊ အီဗန်တို့နဲ့ လူစုံခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ခံစစ်အသားပေး ၄-၄-၁-၁ ကိုပဲ အသုံးပြုလာခဲ့တာပါ။ ဝီလ်ဆန်၊ ဂျိုလင်တန်၊ စိန့်မက်ဆီမန်၊ ဝီလော့ခ်၊ အယ်လ်မီယွန်၊ ရှာဗေးလ် တို့နဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစကတည်းက ကြံ့ခိုင်မှု အသားပေးကစားခဲ့တဲ့ နယူးကာဆယ်ကြောင့် လက်စတာတို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲအစ ၆ မိနစ်မှာတင် နောက်ခံလူ အီဗန် ဒဏ်ရာရသွားတာက လက်စတာတို့ စိုးရိမ်စရာတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ န ယူးကာဆယ် တိုက်စစ်က ထင်သလောက် အလုပ်မဖြစ်ခဲ့ဘဲ လက်စတာရဲ့ ကစားကွက်အောက်မှာပဲ အချိန်ကုန် နေခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ မက်ဒီဆင်ကြောင့် ရခဲ့တဲ့ ပင်နယ်တီကို တီလယ်မန်စ်က အဆုံးသတ်ပြီး အိမ်ရှင်အသင်း အတွက် ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့ နောက်မှာလည်း နယူးကာဆယ်ရဲ့ ကစားပုံက ထင်သလောက် ထိထိရောက်ရောက် မရှိခဲ့ပါဘူး။ ဒုတိယပိုင်းရောက်မှသာ ချေပဂိုး ရဖို့အတွက် ဖိအားပေးမှု အချို့ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးထပ်ရသွားတာ ကတော့ လက်စတာအသင်းပဲဖြစ်ခဲ့ပါတယ်။ ဂျေမီဗာဒီ နေရာမှာ ကစားခွင့်ရခဲ့တဲ့ တိုက်စစ်မှူး ဒါကာက အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး ဖြစ်စေခဲ့တာပါ။ နောက်ပိုင်းမှာတော့ နယူးကာဆယ်တို့ ဂိုးထပ်မပေးရဖို့ အတွက် ခံစစ်ပိုင်းကို အားပြုလာခဲ့ပါတယ်။ ကစားအားကျလာတဲ့ အယ်လ်မီယွန်ရဲ့ နေရာမှာ ရွိုင်ယန်ဖရေဇာ၊ ဂျမယ်လူးဝစ် ရဲ့နေရာမှာ မာဖီတို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့ပါတယ်။ ဒါပေမဲ့ ထင်သလောက် အလုပ်မဖြစ်ခဲ့ပေမယ့် ဘောလုံး ပိုင်ဆိုင်မှုပိုင်းသာ အသာရခဲ့ပါတယ်။ အနိုင်ရလဒ် အတွက် ထိန်းကစားနေတဲ့ လက်စတာရဲ့ ပွဲပြီးခါနီး ညှစ်အားကြောင့် နယူးကာဆယ် ခံစစ် တော်တော်လေး အလုပ်ရှုပ်ခဲ့ရတာပါ။ ပွဲချိန် ၈၄ မိနစ်မှာ တီလယ်မန်စ်၊ ပွဲချိန် ၈၅ မိနစ်မှာ မက်ဒီဆင်တို့က ဂိုးတွေ ထပ်သွင်းခဲ့ပြီးတဲ့နောက် လက်စတာရဲ့ အနိုင်က ပြတ်သားခဲ့ပါတယ်။ နယူးကာဆယ် ကတော့ လက်စတာရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့တဲ့ အတွက် အဝေးကွင်း ဂိုးပြတ်အရှုံးကြောင့် တန်းဆင်းဇုန်ထဲမှာပဲ ဆက်ရှိနေဖို့ ဖြစ်လာပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လိဒ် ယူနိုက်တက်
1X2 လိဒ်စ် ယူနိုက်တက် @ 14.00
မန်ချက်စတာစီးတီးး အာရှ ဟန်းဒီးကပ် -2.50 @ 2.19
ဂိုးပေါ် 3.75 @ 2.23
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

နိုင်ပွဲ ပျောက်ဆုံးမှုတွေ ကြားထဲကနေ လက်စတာတို့ ရုန်းထွက်လာနိုင်ခဲ့တာပါ။ နယူးကာဆယ်ရဲ့ ကစားပုံကလည်း လိုအပ်ချက်များခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ်မှာ ၃ ကြိမ် ဂိုးတည့်ခဲ့ပေမယ့် ဂိုးမရခဲ့တာက သက်သေပါ။ ဒါပေမဲ့ လက်စတာ ကတော့ အိမ်ကွင်းမှာ အမှားအယွင်း မရှိဘဲ ရသင့်ရထိုက်တဲ့ ဂိုးတွေနဲ့အတူ အမှတ်ပြည့် ရယူနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု ၄၇-၅၃ ရာခိုင်နှုန်းဆိုတဲ့ အခြေအနေက သိပ်မကွာပေမယ့် အဆုံးသတ်ပိုင်းမှာတော့ လက်စတာက အပြတ်အသတ် အသာရခဲ့တာပါ။ ဂိုးပေါက်ကန်သွင်းမှု ၈ ကြိမ်၊ ဂိုးပေါက်တည့်မှု ၅ ကြိမ်မှာ သွင်းဂိုး ၄ ဂိုး ရရှိခဲ့တဲ့ လက်စတာ တိုက်စစ်ရဲ့ စွမ်းဆောင်မှုက ထိပ်တန်း အဆင့်တစ်ခုမှာ ရှိနေပါတယ်။ တန်းဆင်းဇုန်ထဲက နယူးကာဆယ်ရဲ့ ရုန်းအားအမှန်ကို မြင်တွေ့ရနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် လွဲချော်ခဲ့တာပါ။ ၃ ပွဲဆက် အနိုင်ရလဒ် ပျောက်ဆုံးမှု ကနေ အမှန်အကန် ရုန်းပြခဲ့တဲ့ လက်စတာ ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာ ရောက်ရှိနေတဲ့ နယူးကာဆယ်
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာ ရောက်ရှိနေတဲ့ နယူးကာဆယ်

လာမယ့်ပွဲစဉ်များ

လက်စတာ အနေနဲ့ ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးကို ရင်ဆိုင်ရဖို့ ရှိနေပြီး နယူးကာဆယ်က လီဗာပူးလ် အသင်းရဲ့ အိမ်ကွင်းမှာ သွားကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်