နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၁၇/၉/၂၀၂၂)

စက်တင်ဘာ ၁၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စိန့်ကို အိမ်ကွင်းမှာ ကပ်နိုင်တဲ့ ဗီလာ၊ ဖောရက်စ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ဖူလ်ဟမ်

ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ရဲ့ အစောဆုံး ပွဲစဉ် ၂ ပွဲမှာတော့ အက်စတွန်ဗီလာနဲ့ ဖူလ်ဟမ်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ဗီလာက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဖူလ်ဟမ် ကတော့ နော့တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာပါ၊

ဗီလာနဲ့ ဆောက်သမ်တန် တို့ရဲ့ ပွဲစဉ် ကတော့ မျှော်လင့်ထင်ထား သလောက် ကြည့်မကောင်းခဲ့ပဲ အိမ်ရှင်တို့ ဂျကော့ဗ် ရမ်ဆေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဗီလာတို့ အခုနှစ် ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပြီး ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဒီရာသီ အတွက် ၄ ပွဲမြောက် အရှုံးနဲ့ အတူ အဆင့် ၁၂ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ 

နော့တင်ဟမ်ဖောရက်စ်နဲ့ ဖူလ်ဟမ် ပွဲကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး အိမ်ရှင်တို့ ၁၁ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖူလ်ဟမ်က ဒုတိယပိုင်း ပွဲပြန်စပြီး ၆ မိနစ် အတွင်း ၃ ဂိုး ဆက်တိုက် သွင်းယူနိုင်ခဲ့တာကြောင့် ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ အိုဘရိုင်ယန်က ဖောရက်စ် အတွက် ချေပဂိုး ၁ ဂိုး ထပ်မံ သွင်းယူပေးခဲ့ပေမယ့် လက်ကျန် မိနစ်တွေမှာတော့ ဧည့်သည် အသင်းက အနိုင်ရလဒ်ကို ထိန်းသွားခဲ့လို့ ၂-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ ပွဲအပြီးမှာ ဖောရက်စ်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်မှုနဲ့ အတူ အဆင့် ၁၉ နေရာ အထိ ရောက်ရှိသွားခဲ့ပြီး ဖူလ်ဟမ် ကတော့ အဆင့် ၆ နေရာ အထိ ရောက်ရှိလာခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဝူဗာဟမ်တမ်
မန်ချက်စတာစီးတီး
1X2 သရေ (Draw) @ 5.40
ဂိုးပေါ် 3.00 @ 1.94
ဂိုးပေါင်း 0-1 @ 4.80
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချန်ပီယံ ကနေ စပြီး တန်းဆင်းသွားရတဲ့ အသင်းထိ ပေါင်သန်း ၁၀၀ ကျော် အမြတ်ရခဲ့တဲ့ ပရီးမီးယားလိဂ်

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီး အသင်း ကတော့ ဆုကြေးငွေ စုစုပေါင်း ပေါင် ၁၅၃ သန်း အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီး အနေနဲ့ နောက်ဆုံး ၅ နှစ် အတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပြီး တစ်မှတ် အကွာနဲ့ ဒုတိယ ရခဲ့တဲ့ လစ်ဗာပူးလ် ကတော့ ပေါင် ၁၅၁ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဟာ ပြိုင်ပွဲဝင် ကလပ်အသင်းတွေရဲ့ အဆင့် ရပ်တည်မှု အလိုက် ဆုကြေးငွေတွေ ခွဲဝေပေးတာ ဖြစ်ပြီး တစ်သင်းချင်းစီရဲ့ ရလဒ်ကောင်းမွန်မှုနဲ့ ရုပ်သံ ထုတ်လွှင့်ခတွေ အပေါ် မူတည်ပြီးတော့လည်း တစ်ပါတည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ 

အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ် တို့ကတော့ ပေါင် ၁၄၅ သန်းကျော်စီ အသီးသီး ရရှိခဲ့ပေမယ့် လန်ဒန် မြို့ခံ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါး ကတော့ ပေါင် ၁၄၆ သန်း ကျော်အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ကလည်း ပေါင် ၁၄၂ သန်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ထုတ်ပြန်ချက်အရ ထိပ်သီး အသင်းတွေ သာမက ချန်ပီယံရှစ်ဆီ တန်းဆင်းသွားရတဲ့ ဘန်လေ၊ ဝက်ဖို့ဒ်နဲ့ နော့ဝှစ်ချ် တို့ ၃ သင်း ကလည်း ပေါင် သန်း ၁၀၀ ကျော် အထိ ရရှိခဲ့တာ တွေ့ရပါတယ်။ နော့ဝှစ်ချ်စီးတီး ဟာ တစ်ရာသီလုံး ၂၆ ပွဲ အထိ ရှုံးပြီး ပေးဂိုး ၈၄ ဂိုး ရှိခဲ့ပေမယ့် ပေါင်သန်း ၁၀၀ ကျော် အမြတ်ငွေ ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် အမှတ်ပေးဇယား အောက်ခြေက အသင်း တစ်သင်း အတွက် စံချိန်တင် ဆုကြေးငွေ ရရှိမှုလည်း ဖြစ်ခဲ့ပါတယ်။


ရော်နယ်ဒိုကို ရှင်းထုတ်နိုင်ရင် ကစားသမား ခေါ်ယူရေး အတွက် ပေါင်သန်း ၁၀၀ သုံးခွင့်ရမယ့် တန်ဟက်ဂ်

လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုသာ အသင်း ပြောင်းမယ် ဆိုရင် ယူနိုက်တက် ဘုတ်အဖွဲ့က အဲရစ်ခ် တန်ဟက်ဂ် ကို ပေါင် သန်း ၁၀၀ အထိ သုံးစွဲခွင့်ပေးသွားမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

တန်ဟက်ဂ်က သူ့လက်ထက်မှာ ပေါင်သန်း ၂၃၀ ကျော် သုံးစွဲပြီး ကစားသမားသစ် ၆ ဦး ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် တာဝန်ရှိသူတွေ ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပစ်မှတ်ထားနိုင်ရေး အတွက် တန်ဟက်ဂ် စိတ်ကြိုက် ကစားသမားတွေ ခေါ်ယူရေး အတွက် ငွေသုံးခွင့်ပေးသွားဦးမှာလည်း ဖြစ်ပါတယ်။အမှန်တော့ အသင်းဘက်က ပေါင် သန်း ၇၀ သာ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အကယ်၍ တစ်ပတ် လုပ်ခ ပေါင် ၄၅၀၀၀၀ ရရှိနေတဲ့ ရော်နယ်ဒို ကိုသာ ရှင်းထုတ်နိုင်ခဲ့မယ် ဆိုရင်တော့ ယူနိုက်တက်တို့ ပေါင် သန်း ၃၀ လောက် လုပ်ခ သက်သာသွားမှာဖြစ်ပြီး ဒီပမာဏကို ယူနိုက်တက်က ကစားသမားသစ် ခေါ်ယူတဲ့ နေရာမှာ ထပ်ပေါင်း သုံးစွဲဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ ကစားသမားသစ် ၃ ဦး ခေါ်ယူ အားဖြည့်လိုနေပြီး သူ့ရဲ့ ပစ်မှတ်တွေထဲမှာ ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီယောင် ထိပ်ဆုံးက ပါဝင်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်