နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စံချိန်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်နေတဲ့ ရက်ရှ်ဖို့ဒ်၊ ဆာဘစ်ဇာကို အနီကတ် မပြလို့ ဒေါသထွက်နေတဲ့ ဘရန်ဒန် ရော်ဂျာ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

စံချိန်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်နေတဲ့ ရက်ရှ်ဖို့ဒ်၊ ဆာဘစ်ဇာကို အနီကတ်မပြလို့ ဒေါသထွက်နေတဲ့ ဘရန်ဒန် ရော်ဂျာ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စံချိန်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်နေတဲ့ ရက်ရှ်ဖို့ဒ်

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ လက်စတာစီးတီးကို အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒါကြောင့် သူဟာ တိုက်စစ်မှူးဟောင်း ဝိန်း ရွန်နီ နောက်ပိုင်း ယူနိုက်တက် အတွက် အိမ်ကွင်း ၇ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြီးကတည်းက ပြန်လည် ကစားခဲ့တဲ့ ပွဲတွေမှာ ရက်ရှ်ဖို့ဒ်က ၁၆ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနေခဲ့ပါတယ်။ ဝိန်း ရွန်နီဟာ ၂၀၀၉ ဒီဇင်ဘာလကနေ ၂၀၁၀ မတ်လ အတွင်း အိမ်ကွင်းမှာ ၈ ပွဲ ဆက်တိုက် ဂိုးသွင်းယူထားနိုင်ခဲ့တာပါ။ ဒီစံချိန်ကို လိုက်မီဖို့ အတွက် ရက်ရှ်ဖို့ဒ်က ၁ ပွဲ လိုအပ်နေသေးပြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အိမ်ကွင်း ၁၀ ပွဲ ဆက်တိုက် ဂိုးသွင်း စံချိန် အတွက်တော့ ၃ ပွဲ လိုအပ်နေပါသေးတယ်။

ယူနိုက်တက် ကတော့ ဒီပွဲ အနိုင်ရခဲ့တာကြောင့် ဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၅ မှတ် အကွာ၊ ဒုတိယ နေရာက မန်ချက်စတာစီးတီးကို ၃ မှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ် ထက်တော့ တစ်ပွဲ ပိုကစားထားပါတယ်။


ဆာဘစ်ဇာကို အနီကတ်မပြလို့ ဒေါသထွက်နေတဲ့ ဘရန်ဒန် ရော်ဂျာ

လက်စတာစီးတီး နည်းပြ ဘရန်ဒန် ရော်ဂျာဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ အဝေးကွင်းပွဲမှာ ယူနိုက်တက် ကွင်းလယ်လူ ဆာဘစ်ဇာက သူ့အသင်း ကစားသမား ဝက်ဖေးစ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့မှုမှာ အနီကတ် မပြသခဲလို့ ပေါက်ကွဲနေပါတယ်။
ဆဘစ်ဇာကို အနီကတ် မပြခဲ့လို့ ဒေါသထွက်နေတဲ့ ရော်ဂျာ

လက်စတာစီးတီး နည်းပြ ဘရန်ဒန် ရော်ဂျာဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ အဝေးကွင်းပွဲမှာ ယူနိုက်တက် ကွင်းလယ်လူ ဆာဘစ်ဇာက သူ့အသင်း ကစားသမား ဝက်ဖေးစ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့မှုမှာ အနီကတ် မပြသခဲလို့ ပေါက်ကွဲနေပါတယ်။ ဘာလို့ အနီကတ် မပြသတာလဲလို့ သူက မေးခွန်းထုတ်ခဲ့ပြီး တခါတလေမှာ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို နားမလည်အောင် ဖြစ်ရတယ် လို့လည်း ဆိုပါတယ်။

“ ဘာလို့ အနီကတ် မပြတာလဲ ကျနော် မသိဘူး၊ ပြီးခဲ့တဲ့ ရက်သတ္တပတ် အချို့မှာပဲ တချို့ ဆုံးဖြတ်ချက်တွေကို မြင်ခဲ့ရပါတယ်၊ ဒီလို အခြေအနေမျိုးမှာ ကစားတာ ရပ်သွားခဲ့တာတောင်မှ ဆာဘစ်ဇာရဲ့ ခြေထောက်က ဖေးစ်ရဲ့ ဒူးပေါ်ကို တည့်တည့်မတ်မတ်ကြီး ရောက်နေခဲ့ပါတယ်” လို့ ဘရန်ဒန် ရော်ဂျာက ပြောဆိုခဲ့ပါတယ်။

အဆိုပါပွဲကို စီစဉ်တင်ဆက်နေတဲ့ ဂရေမီ ဆောင်းနက်စ် ကလည်း ဒါဟာ သေချာပေါက် ပြစ်ဒဏ်ဘော ဖြစ်ပြီး ရလဒ် အနေနဲ့ အနီကတ် ပြသရမှာလို့ ပြောဆိုခဲ့ပါတယ်။ ခြေစွမ်း အတက်ပိုင်း ပြန်ရောက်လာတဲ့ လက်စတာဟာ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို ပွဲအစောပိုင်းမှာ ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဘယ်လိုမှ မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။


လူစားဝင်လာပြီး စပါးကို နိုင်ပွဲရစေဖို့ သေချာစေခဲ့တဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ်ဟော့စပါးကတော့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အဆင့် ၄ နေရာကိုပါ တက်လှမ်းနိုင်ခဲ့ပါပြီ။ နယူးကာဆယ်တို့ ရှုံးပွဲ ကြုံတွေ့ထားချိန်မှာ စပါးက အခွင့်အရေး အရ ယူနိုင်ခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာကို ရယူထားနိုင်ခဲ့ပြီ ဖြစ်ပြီး နယူးကာဆယ် ကတော့ အဆင့် ၅ နေရာကို ပြန်ရောက်သွားခဲ့ပါတယ်။

စပါးဟာ ဝက်စ်ဟမ်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီး နောက်ခံလူအီမာဆန်ရွိုင်ရယ်ရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်နေခဲ့တာပါ။ ဒါပေမယ့် ဝက်စ်ဟမ်းက ဖိအားတွေ ပြန်ပေးပြီး ချေပဂိုး ရဖို့ အားထုတ်နေတာကြောင့် အသည်းအသန် ကစားနေရပြီး ဆွန်ဟောင်မင်က လူစားဝင်လာပြီး နောက်မှာ နောက်ထပ် တစ်ဂိုး ထပ်မံ သွင်းယူပေးခဲ့လို့ စပါးတို့ နိုင်ပွဲ အတွက် စိတ်ချခဲ့ရပါတယ်။

စပါး အတွက် ဒီရာသီမှာ ထင်မှတ်ထားသလောက် ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ ဆွန်ဟောင်မင်က ဟယ်ရီကိန်းရဲ့ ဖန်တီး ပေးပို့မှု ကနေ အပိုင် ကန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူ့အတွက် စက်တင်ဘာလက စပြီး ပရီးမီးယားလိဂ် မှာ ၂ ဂိုးမြောက် သွင်းယူနိုင်တာ ဖြစ်သလို သူ လူစားဝင်ခဲ့ပြီးနောက် ၃ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်