နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၁၆/၉/၂၀၂၂)

စက်တင်ဘာ ၁၆ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ခြေကာနဲ့အတူ အောင်ပွဲခံခဲ့တဲ့အကြောင်းရင်းကို ဆန်ချို ရှင်းပြ

မော်လ်ဒိုဗာ ကလပ် ရှာရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ဂျေဒန် ဆန်ချိုက ပရီးမီးယားလိဂ် ထိပ်သီးတို့ အတွက် ခြေစွမ်းပြပြီး တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုက နောက်ထပ် တစ်ဂိုး သွင်းယူပေးခဲ့ပြီး အုပ်စုတွင်း ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့ကာ ရီးရဲလ်ဆိုဆီဒက်ကို အရေးနိမ့်မှု ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဆန်ချိုရဲ့ အောင်ပွဲခံဟန် ကလည်း ပရိသတ်တွေ ကြားမှာ ရေပန်းစားခဲ့ပြီး အကြောင်းရင်း ကိုတော့ ဆန်ချိုက အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ ကလေးလေး တစ်ယောက်က ကျနော့်ကို ခြေကာတချို့ လာပေးခဲ့ပြီးတော့ ဒါတွေကို ဝတ်ဆင်ပြီး ကစားပေးပါလားလို့ ပြောခဲ့ပါတယ်၊ ကျနော်လည်း ပြသနာမရှိပါဘူး၊ ငါ ဝတ်ကန်ပေးမယ် ဆိုပြီးတော့ ကတိပေးခဲ့ပါတယ်၊ ဒါကြောင့်လည်း ဂိုးသွင်းအပြီးမှာ အဲဒီကလေးအတွက် ရည်ရွယ်ပြီး လုပ်ပြခဲ့တာပါ၊ သူပေးခဲ့တဲ့ ခြေကာကို ကျနော်ဝတ်ကန်ခဲ့တယ် ဆိုတာ သူသိစေချင်လို့ပါ” လို့ ဆန်ချိုက ပြောဆိုခဲ့ပါတယ်။

ဆန်ချို ကတော့ ဒီရာသီမှာ ယူနိုက်တက် အတွက် ၃ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပြီ ဖြစ်ကာ ပြီးခဲ့တဲ့ ရာသီကထက် ခြေစွမ်းပြနေပါတယ်။ ဒါပေမယ့် အင်္ဂလန်ရဲ့ ခြေစမ်းပွဲတွေ အတွက် လူစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ရာ မှာတော့ ဆောက်ဂိတ်က သူ့ကို ရွေးချယ်ခဲ့ခြင်း မရှိဘဲ ချန်လှပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချို ကတော့ ကမ္ဘာ့ဖလား အတွက် သူ အသင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့ပြီး ပါဝင်ခွင့် ရအောင်လည်း ကြိုးစားသွားမယ်လို့ ဆိုထားခဲ့ပါတယ်။


ကြံ့ခိုင်မှု တိုးတက်လာတာနဲ့ ရော်နယ်ဒို ဂိုးတွေ ပိုသွင်းလာနိုင်လိမ့်မယ်လို့ တန်ဟက်ဂျ် ပြောဆို

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ကြံ့ခိုင်မှုတွေ တိုးတက်လာတာနဲ့ အမျှ ဂိုးတွေ ပိုရလာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ရှာရစ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ရော်နယ်ဒိုက ပင်နယ်တီက တဆင့် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာ သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့သလို သူ့ရဲ့ ကစားသမားဘ၀မှာ ယူရိုပါလိဂ် ပထမဆုံး သွင်းဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ တန်ဟက်ဂ်ရဲ့ အသင်းမှာ ပုံမှန် ကစားခွင့်ရဖို့ အားထုတ်နေရသလို ခြေစွမ်းပြနိုင်ဖို့လည်း ရုန်းကန်နေရတာ ဖြစ်ပါတယ်။ မနေ့က ပွဲမှာတော့ သူ ပွဲထွက်ကစားခွင့် ရခဲ့ပြီး ဂိုးလည်း ရရှိခဲ့လို့ လာမယ့် ပွဲတွေ အတွက် အားတက်စရာ ဖြစ်ခဲ့ရပါတယ်။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ တန်ဟက်ဂျ်က အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။

“ သူက ကြံ့ခိုင်မှု ပြည့်၀ဖို့ အရမ်း နီးစပ်နေပါပြီ၊ ဒီလိုမျိုး ဖြစ်လာတာနဲ့ သူ ဂိုးတွေ ပိုရလာမှာပါ၊ သူက ဒီပွဲမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နိုင်ခဲ့ပါတယ်၊ ပူးပေါင်းနိုင်ခဲ့ပါတယ်၊ ကွင်းထဲ မှာလည်း အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားနိုင်ခဲ့ပြီးတော့ သူ့ရဲ့ ဒီပုံစံအတွက် ကျနော် အရမ်း ပျော်ရွှင် ကျေနပ်မိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ တန်ဟက်ဂ် ကတော့ ရော်နယ်ဒိုကို သူလိုချင်တဲ့ ကြံ့ခိုင်မှု အနေအထား မရောက်ရောက်အောင် လုပ်ဆောင်ဖို့ ပြောဆိုထားသူလည်း ဖြစ်ပါတယ်။


အငှားနဲ့ ခေါ်ထားတဲ့ အာသာ မယ်လိုကို စာချုပ် ပြန်ဖျက်ဖို့ စဉ်းစားနေတဲ့ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလကမှ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ အာသာ မယ်လိုကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ အငှား ခေါ်ယူပြီး ၂ ပတ် အကြာမှာပဲ ဒီလိုမျိုး စဉ်းစားလာခဲ့တာ ဖြစ်ပြီး ကစားသမားရဲ့ အနေအထားက သူတို့ လိုချင်တဲ့ အဆင့်မျိုးမှာ ရှိမနေတာကြောင့်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အာသာကို စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကနေ လစ်ဗာပူးလ်က ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာ ဂျော်ဒန် ဟန်ဒါဆန်၊ သီယာဂို အယ်လ်ကန်တာရာ၊ နဘီကီတာ၊ ကာတစ် ဂျုံးစ်နဲ့ အဲလက်စ် အောက်စ်လိတ် ချိမ်ဘာလိန်တို့ ဒဏ်ရာရနေချိန်မှာ မဖြစ်မနေ ခေါ်ယူခဲ့ရတာ ဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက မယ်လိုရဲ့ ဒဏ်ရာ ပြသနာ မှတ်တမ်းကို အားလုံးက ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအခါမှာတော့ မယ်လိုက သူတို့ရဲ့ အသင်း အတွက် မှန်ကန်တဲ့ ကစားသမား မဟုတ်ဘူးလို့ ကလော့ပ်က ယုံကြည်နေပြီ ဖြစ်ပါတယ်။ မယ်လိုဟာ နာပိုလီကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်မှာလည်း ၁၃ မိနစ်သာ ကစားခဲ့ရပြီး အေဂျက်ဇ်နဲ့ ပွဲမှာလည်း အရန်ကစားသမား အဖြစ်နဲ့သာ ရှိနေခဲ့ကာ ဂျူဗီ ကလည်း မယ်လိုကို အခုလို အချိန်စောပြီး ပြန်လည် ခေါ်ယူချင်မှာ မဟုတ်တာကြောင့် ဘရာဇီးလ် ကွင်းလယ်လူ အနေနဲ့ အသင်းသစ်ပါ ရှာဖွေရဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်