နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူကာကူ ဂိုးပေါက် ပြန်တွေ့ခဲ့ပေမယ့် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၂-၂ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် 

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ အနေနဲ့ ရက်ပေါင်း ၁၂၉ ရက် အကြာမှ ပထမဦးဆုံး အကြိမ် ဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့် ချဲလ်ဆီးတို့ ဝုဗ်ကို နောက်ကျ ချေပဂိုးတွေ ပေးခဲ့ရပြီး သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်ဂိုးပြတ် ရှုံးနေပြီးမှ ချေပဂိုးတွေ လိုက်သွင်းနိုင်ခဲ့တဲ့ ဝုဗ် ကတော့ အဖိုးတန် ၁ မှတ် ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် ၇ နေရာ ကနေ ယူရိုပါကွန်ဖရင့်လိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၃ ပွဲမှာ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးခဲ့တဲ့ ဝုဗ်

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ၃-၄-၁-၂ အခင်းအကျင်းကို အသုံးပြုလာခဲ့ပြီး ဂိုးမှာ မန်ဒီ၊ ခံစစ်မှာ ရူဒီဂါ၊ ဆေးလ်ဗား၊ အက်ဇ်ပီလီကွယ်တာ၊ ကွင်းလယ်မှာ လော့ဖ်တပ်စ်ချိခ်၊ ကိုဗာချစ်၊ ရိစ်ဂျိမ်းစ်နဲ့ အလွန်ဆို၊ တိုက်စစ် မှာတော့ ပူလီဆစ်ခ်၊ ဗာနာနဲ့ လူကာကူ တို့ ပွဲထွက်ခဲ့ကြပါတယ်။ ဝုဗ် ကလည်း ၃-၅-၂ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ နီတိုနဲ့ ဂျင်မီနက်ဇ်၊ ကွင်းလယ်နဲ့ နောက်တန်းမှာ မော်တင်ဟို၊ နီးဗက်စ်၊ ဒန်ဒွန်ကာ၊ ဂျွန်နီ၊ နျူရီ၊ ကိုဒီ၊ ဆာအိစ်၊ ဘိုလီ၊ ဆား တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ချဲလ်ဆီးတို့ ခြေပိုသာခဲ့ပေမယ့် ဝုဗ် ကလည်း တန်ပြန် တိုက်စစ်နဲ့ ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးရော၊ ဝုဗ်ပါ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ကိုယ်စီ ရရှိခဲ့ပေမယ့် ဗာနာရဲ့ ကန်ချက်ကို ဂျိုဆေးဆား ကာကွယ်နိုင်ခဲ့သလို နီတိုရဲ့ ကန်ချက်ကို မန်ဒီ ပုတ်ထုတ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဒန်ဒွန်ကာ အပိုင်ပိတ်သွင်းခွင့် ရခဲ့ပေမယ့် မိုးပေါ်ထောင်ကန်ခဲ့ပါတယ်။ ပြီးတော့ ပွဲချိန် ၃၈ မိနစ်မှာ ရူဒီဂါ ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရလို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပါသေးတယ်။ 

ဒုတိယပိုင်း မှာတော့ ချဲလ်ဆီးတို့ ပွဲကို ပိုမို ထိန်းချုပ်လာနိုင်ခဲ့ပြီး ၅၆ မိနစ်မှာတာ့ ပင်နယ်တီရခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ တိုက်စစ်မှူး လူကာကူက အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့လို့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး စတင် ရရှိပြီး နောက်ထပ် ၂ မိနစ် အကြာမှာလည်း လူကာကူ ကပဲ ဝုဗ် နောက်တန်းရဲ့ အမှားကနေ ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ချိန်မှာတော့ ချဲလ်ဆီးတို့ ပေါ့ပေါ့ဆဆ ကစားလာခဲ့လို့ ဝုဗ်ရဲ့ ပြန်လည် ဖိအားပေးခြင်း ခံခဲ့ရပါတယ်။ အဲ့နောက် ၇၉ မိနစ်မှာ ထရင်ကာအိုရဲ့ ပထမချေပဂိုး၊ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို နောက်ဆုံး မိနစ်မှာ ကိုဒီရဲ့ ဒုတိယချေပဂိုး တို့ကို ဆက်တိုက်ခွင့်ပြုပေးခဲ့ရပြီး ပွဲအပြီးမှာတော့ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ချဲလ်ဆီး
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -1.00 @ 2.11
1X2 သရေ @ 3.85
ဂိုးပေါ် 2.75 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဂိုးပေါက်ပျောက်နေတဲ့ လူကာကူ ဂိုးပြန်သွင်းနိုင်ခဲ့သလို အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေ လာရောက် အားပေးတဲ့ ပထမဦးဆုံး ပွဲမှ ချဲလ်ဆီးတို့ နိုင်ပွဲ ပျောက်ခဲ့ရတာ ဖြစ်ပါတယ်။ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ချိန်မှာ ပွဲကို ထိန်းချုပ်ရမယ့် အစား ပေါ့ဆတဲ့ ကစားပုံကြောင့် ဝုဗ်ရဲ့ ချေပဂိုးတွေ ပြန်လည် သွင်းယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ လူကာကူ ကတော့ ဒီနေ့ပွဲမှာ ၂ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ချဲလ်ဆီး အတွက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့သလို သူ့ အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၂၀ ပြည့်ခဲ့ပေမယ့် နိုင်ပွဲ မရခဲ့လို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ပိုင်ရှင်သစ် တော့ဒ် ဘိုလေ အနေနဲ့လည်း ပျော်ရမလို ဖြစ်ပြီးမှ သရေကျသွားလို့ ပွဲဦးထွက်မှာပဲ ခံစားရခက်သွားမှာ သေချာပါတယ်။ ဒါ့အပြင် ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တာကြောင့် အဆင့် ၄ နေရာက အာဆင်နယ်ရဲ့ အနီးကပ် ဖိအားပေးခြင်းကို ခံနေရပြီလည်း ဖြစ်ပါတယ်။

ဒီပွဲရလဒ်က ချဲလ်ဆီး အတွက် သိပ်ပြီး သက်ရောက်မှု မရှိပေမယ့် အဆင့် ၃ နေရာ ကနေ ပရီးမီးယားလိဂ် ရာသီသိမ်းနိုင်ဖို့ အတွက် ဆိုရင်တော့ လက်ကျန် ၃ ပွဲစလုံး အမှားခံလို့ မရတော့ပါဘူး။ နှစ်ဂိုးပြတ် ရှုံးနေပြီးမှ ချေပဂိုးတွေ လိုက်သွင်းနိုင်ခဲ့တဲ့ ဝုဗ် ကတော့ အဖိုးတန် ၁ မှတ် ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် ၇ နေရာ ကနေ ယူရိုပါကွန်ဖရင့်လိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ 


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် မေလ ၁၁ ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ၁၄ ရက်နေ့မှာတော့ လစ်ဗာပူးလ်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။ ဝုဗ် ကတော့ မေလ ၁၁ ရက်နေ့မှာ မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်