နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ကစားသမား အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

အစောပိုင်းမှာ ငြိမ်သက်နေခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ကာလ ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ ကစားသမားသစ် ခေါ်ယူ အားဖြည့်ရေး ပြင်ဆင်မှုတွေနဲ့ အတူ တဖြည်းဖြည်း လှုပ်ခတ်လာခဲ့ပြီ လို့ပဲ ဆိုရပါမယ်။
တကယ်တော့ လက်တလော အထိ ကစားသစ်တွေ ခေါ်ယူ အားဖြည့်ထားနိုင်တဲ့ အသင်းတွေ ဆိုလို့ အက်စတွန်ဗီလာ၊ အဲဗာတန်၊ နယူးကာဆယ် တို့သာ ရှိနေသေးပြီး အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့လို ထိပ်သီး အသင်းတွေ ကတော့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကို အရ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုတစ်ခါ မှာတော့ SBOTOP ဘောလုံးဝါသနာရှင်တွေ အတွက် နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘရန့်ဖို့ဒ်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ အဲရစ်ခ်ဆင်

နှလုံးရောဂါကြောင့် ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ကတည်းက ဘောလုံး ကစားခြင်းကနေ အနားယူနေရတဲ့ ဒိန်းမတ် ကွင်းလယ် ကစားသမား ခရစ္စတီယန် အဲရစ်ခ်ဆင် အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ် ကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ လက်တလော နှလုံးထိန်းညှိစက် တပ်ဆင်ထားရတဲ့ အဲရစ်ခ်ဆင် အနေနဲ့ အင်တာမီလန်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီ ဖြစ်လို့ ဒိန်းမတ် နိုင်ငံသား နည်းပြ သောမက်စ် ဖရန့်ခ် ကိုင်တွယ်နေတဲ့ ဘရန့်ဖို့ဒ် ဆီ ရောက်ရှိဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။

အဓိက ကတော့ အီတလီ နိုင်ငံမှာ Implantable Cardioverter Defibrillator (ICD) လို့ခေါ်တဲ့ စက်တပ်ဆင် ကစားခြင်းဟာ တရားမဝင်တာကြောင့် အင်တာမီလန်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ယူကေ မှာလည်း ဒီလို စက်တပ်ဆင် ကစားခြင်းဟာ တရားမဝင်ပေမယ့် လက်တလော အခြေအနေတွေ အရတော့ အဲရစ်ခ်ဆင်ဟာ ICD စက်တပ်ဆင်ပြီး ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ကစားခွင့်ရတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေကြောင်း Sky Sports က ဖော်ပြထားပါတယ်။

အသက် ၂၉ နှစ် အရွယ် ဒိန်းမတ် ဗဟိုကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင် အနေနဲ့ လက်ရှိ မှာတော့ ဆွစ်ဇာလန် တောင်ပိုင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းလျက် ရှိတယ်လို့ သိရပါတယ်။

စီးရီးအေ
အင်တာမီလန်
အေစီမီလန်
1X2 အေစီမီလန် @ 3.70
အင်တာမီလန် အာရှ ဟန်းဒီးကပ် -0.75 @ 2.14
ဂိုးပေါ် 3.00 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာသာမယ်လိုနဲ့ သဘောတူညီချက် ရခဲ့ပြီလို့ သတင်းတွေ ထွက်လာပြန်တဲ့ အာဆင်နယ်

အထောင်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာကို ဖြည့်တင်းနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ ဂျူဗင်တပ်စ် က အာသာမယ်လိုနဲ့ သဘောတူညီချက် ရခဲ့ပြီလို့ 90 Minutes မှာ ဖော်ပြလာခဲ့ပါတယ်။ အစောပိုင်းက နည်းပြ အယ်လီဂရီရဲ့ ပြောစကားတွေကြောင့် ဖြစ်နိုင်ချေ နည်းနေခဲ့တဲ့ အပြောင်းအရွှေ့ဟာ ရက်ပိုင်း အတွင်းမှာပဲ အတည်ပြုနိုင်ဖို့ နီးစပ်နေခဲ့တာလည်း ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် စီးရီးအေ ထိပ်သီး ဘက်က ဘာစီလိုနာ ကွင်းလယ်က ဖရန်ကီ ဒီယောင်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းလာတာကြောင့် အာသာကို လန်ဒန် ကလပ်ဆီ အငှားနဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဂျာဆီကိုင်ပြီး တရားဝင် ထုတ်ပြန်မှ အပြောင်းအရွှေ့ ဖြစ်မြောက်တယ် ဆိုတာ သေချာတယ် ဆိုတဲ့ စကား အတိုင်း အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ အာသာ အနေနဲ့ ဂန်းနား ဖြစ်လာနိုင်/မဖြစ်လာနိုင် ဆိုတာ ကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဂန်းနားတို့ရဲ့ အထောင်တိုက်စစ်မှူး နေရာ အတွက် အဓိက ပစ်မှတ် ဒူဆန် ဗလာဟိုဗစ်ဟာ ကက်ဂလီယာရီနဲ့ ပွဲမှာ ကိုဗစ် ၁၉ ကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိတာ ဖြစ်ပေမယ့် မြောက်လန်ဒန် ကလပ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေလို့ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြန်ပါတယ်။ ဒါပေမယ့် တဖက်မှာ ဖော်ပြထားတဲ့ သတင်းတွေ အရ ဆိုရင်တော့ ဗလာဟိုဗစ်ဟာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ အပြည့်အဝ စိတ်ဝင်စားခြင်း မရှိသေးသလို အေးဂျင့် ဖြစ်သူရဲ့ ကော်မရှင်ခကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ မရှိဘူး ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။


နယ်သာလန် နည်းပြ ရာထူး အတွက် ကမ်းလှမ်းခံရဖို့ ရှိနေတဲ့ ဂွာဒီယိုလာ

နယ်သာလန် အသင်း အနေနဲ့ ကမ္ဘာ့ဘောလုံး စင်မြင့်ထက်ကို ပြန်လည် တက်လှမ်းနိုင်ဖို့ အတွက် လက်ရှိ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးရဲ့ နည်းပြ ပပ်ဂွာဒီယိုလာကို ၂၀၂၃ ခုနှစ်မှာ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာ၊ ဘေယန်မြူးနစ်၊ မန်ချက်စတာစီးတီး အသင်းတွေနဲ့ အောင်မြင်မှု များစွာ ရရှိထားခဲ့တဲ့ ဂွာဒီယိုလာ အနေနဲ့ ၂၀၂၃ ခုနှစ် နွေရာသီ မတိုင်ခင်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရမှတ် ၅၀၀ ပြည့်ထားခဲ့တဲ့ ဂွာဒီယိုလာ အနေနဲ့ ကလပ်အသင်းတွေမှာ အောင်မြင်မှု များစွာ ရရှိထားပြီး ဖြစ်တာကြောင့် နိုင်ငံ အသင်း အောင်မြင်မှုကို မျက်စိကျနေတယ်လို့ အစောပိုင်းထဲက သတင်းတွေမှာ ဖော်ပြခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာ ဘက်ကတော့ မန်ချက်စတာမြို့ ကနေ ထွက်ခွာဖို့ ရှိမရှိ ဆိုတာနဲ့ ပတ်သတ်လို့ လက်ရှိ အချိန်ထိ အရိပ်အယောင် မပြသေးပါဘူး။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်