နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ကစားသမား အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

ရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ လိုအပ်တဲ့ ကစားသမား ခေါ်ယူ ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စတင် ပြင်ဆင်နေခြင်းနဲ့ အတူ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ကတော့ တဖြည်းဖြည်း လှုပ်ခတ်လာခဲ့ပြီ လို့ပဲ ဆိုရပါမယ်။

အတည်ပြုထားနိုင်တဲ့ အထင်ကရ အပြောင်းအရွှေ့တွေ ဆိုလို့ ထရစ်ပီယာ၊ ဖာရန်း တောရက်စ်၊ ကော်တင်ဟို၊ မိတ်လန်း နိုင်းလ်စ်၊ တွမ်ဇီဘီ တို့ရဲ့ အပြောင်းအရွှေ့တွေပဲ ရှိပါသေးတယ်။ နာမည်ကြီး ဘောလုံး မီဒီယာ အများစုရဲ့ ဖော်ပြချက်အရ ရက်ပိုင်း အတွင်းမှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အသင်း တချို့ရဲ့ အပြောင်းအရွှေ့တွေကို စတင် မြင်တွေ့ရဖွယ် ရှိနေတယ် ဆိုပေမယ့် လက်ရှိ မှာတော့ သတင်းတိုင်းဟာ ကောလာဟလ အဆင့် မှာသာ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလို ကောလာဟာလ သတင်းတွေ ထဲကမှ စိတ်ဝင်စားစရာ နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြရမယ် ဆိုရင်…


ကစားသစ်တွေ ထပ်ပြီး ခေါ်ဦးမယ့် နယူးကာဆယ်

ပိုင်ရှင်သစ်နဲ့ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ခြေလှမ်းစလာတဲ့ နယူးကာဆယ် ကတော့ လက်တလော ဆောင်းရာသီ ဈေးကွက်မှာ အသံတွေ အကျယ်ဆုံး ဖြစ်နေတာ အားလုံးလည်း သိပြီးကြမှာပါ။

ကီရင် ထရစ်ပီယာကို အက်တလက်တီကို မက်ဒရစ် ကနေ ‌ပေါင် ၁၂ သန်းနဲ့ ခေါ်ယူ အပြီးမှာ နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ သတင်းတွေ ထွက်ပေါ်နေပြီး ရိုင်းမ်စ် အသင်းရဲ့ အသက် ၁၉ နှစ် အရွယ် ဟူဂို အက်ကီတီကီကို ခေါ်ယူဖို့ စတင် ချဉ်းကပ်နေပြီလို့ သိရပါတယ်။ လီဂူဝမ်း ကလပ် ဘက်က ပေါင်သန်း ၃၀ လိုချင်နေတဲ့ ပြင်သစ် ကြယ်ပွင့် ကတော့ လက်ရှိရာသီ အသင်း အတွက် ၁၇ ပွဲ ကစားပေးထားပြီး ၈ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။

တခြား သတင်းတွေ မှာတော့ နယူးကာဆယ်ဟာ လိုင်လီက ဆဗန် ဘော့မန်းကို ခေါ်ယူဖို့ မလွယ်ကူတာကြောင့် ဆီဗီလာက ဒီယေဂို ကားလို့စ်နဲ့ မိုနာကိုက ဘီနွိုက် ဘက်ဒီယာရှီလ်ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြနေပါတယ်။


ဆောင်းရာသီ မှာလည်း ငွေသုံးကြမ်းမယ့် သဘောရှိနေတဲ့ အာဆင်နယ်

နယူးကာဆယ် ပြီးရင်တော့ လက်ရှိ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ဈေးကွက်မှာ စောင့်ကြည့်ရမယ့် အသင်းက မီခယ် အာတေးတားရဲ့ အာဆင်နယ် ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ငွေအများဆုံး သုံးစွဲခဲ့တဲ့ ကလပ် ဖြစ်ပေမယ့် အသင်း ပိုင်ရှင်တွေနဲ့ အနေနဲ့ အာတေးတားကို လက်ရှိ ဆောင်းရာသီ မှာလည်း ငွေဖောဖောသီသီ သုံးခွင့်ပေးထားတယ်လို့ သိရပါတယ်။

အာတေးတာ ကတော့ ပျဲအမ်းမရစ်ခ် အော်ဘာမီယန်းရဲ့ အထောင် တိုက်စစ် နေရာ အတွက် ခေါ်ယူမှု ဖြည့်တင်းမှု ပြုလုပ်ဖို့ အဓိက ကြိုးပမ်းနေပြီး နံပါတ် ၁ ပစ်မှတ် ကတော့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ပဲ ဖြစ်ပါတယ်။ သတင်းတွေ အရတော့ အာဆင်နယ်ဟာ ဖီအိုရင်တီးနား အသင်း သဘောတူနိုင်မယ့် အခြေအနေမျိုးနဲ့ ကမ်းလှမ်းထားခဲ့ပြီး ဖြစ်လို့ ကစားသမားရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ရတော့မယ်လို့ သိရပါတယ်။

အကယ်၍ ဗလာဟိုဗစ်ကို မရခဲ့ရင် ဆိုစီဒက် တိုက်စစ်မှူး အီဆက်ခ်၊ အဲဗာတန်က ဒေါမနစ် ကလဲဗက်လီဝင်း တို့ကို ကြိုးပမ်းဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လိုအပ်နေတဲ့ ကွင်းလယ် အတွက် လိုင်လီက ရီနာတို ဆန်းချက်ဇ်ကို အေစီမီလန်နဲ့ အပြိုင် ကြိုးပမ်းမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး လူငယ် တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ် ကိုလည်း မျက်စိကျနေတယ်လို့ သိရပါတယ်။


ဘယ်သူ့ကို ပစ်မှတ်ထားနေတယ် ဆိုတာတောင် သေချာ မသိရသေးတဲ့ ယူနိုက်တက်

နည်းပြသစ်နဲ့ အတူ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ၁၃ နှစ် အကြာမှ ပရီးမီးယားလိဂ် ကို ခြေပြန်ချခဲ့တဲ့ ရော်နယ်ဒို အနေနဲ့ ရာသီဝက် အကြာမှာပဲ အသင်း ပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အစောပိုင်းမှာ အားလုံးရဲ့ တခမ်းတနား ကြိုဆိုတာကို ခံခဲ့ရပေမယ့် လက်ရှိ မှာတော့ အသင်းရဲ့ ရလဒ်ပိုင်း မတည်မငြိမ်မှုဟာ သူ့ကြောင့် ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေလို့ အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတယ် လို့လည်း ဖော်ပြနေတာပါ။ တချို့ သတင်းတွေမှာ ဆိုရင် ရော်နယ်ဒိုကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ဘာစီလိုနာပါ ပါဝင်လာခဲ့ပြီလို့ ဖော်ပြနေတာ တွေ့ရပါတယ်။

၁၃ နှစ် အကြာမှ ပရီးမီးယားလိဂ် ကို ခြေပြန်ချခဲ့တဲ့ ရော်နယ်ဒို အနေနဲ့ ရာသီဝက် အကြာမှာပဲ အသင်း ပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
သတင်းဖော်ပြချက်တွေ အရ ရော်နယ်ဒိုကို စိတ်ဝင်စားနေတဲ့ ကလပ်တွေထဲမှာ ပါဝင်လာတဲ့ ဘာစီလိုနာ

နည်းပြ ရက်ဖ် ရန်းနစ်ခ် ကတော့ တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ ဟာ ကျိန်းသေပေါက် အသင်းမှာ ဆက်ရှိနေမယ်လို့ အတည်ပြုထားပါတယ်။

အစောပိုင်းမှာ ရေးဗားပလိတ်ရဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂျူလီယန် အဲလ်ဗာရက်စ်နဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒီနှစ် ဇန်နဝါရီမှာ ခေါ်ယူတော့မှာ မဟုတ်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့လို့ ယူနိုက်တက် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါသေးတယ်။ဒါ့အပြင် ဝုဗ် ကွင်းလယ်လူ ရူဘင်နီးဗက်စ် ဟာလည်း ယူနိုက်တက် ပရိသတ် တော်တော်များများ လိုချင်နေတဲ့ ကစားသမား ဖြစ်ပြီး အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်လာဖို့ ရှိမရှိ ကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်