နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် အသင်း အနေနဲ့ ဒီရာသီမှာတော့ ဆုဖလား ရရှိဖို့ လိုအပ်ကြောင်း ပြောလာတဲ့ ပီတစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း အနေနဲ့ ဒီရာသီမှာတော့ ဆုဖလား ရရှိဖို့ လိုအပ်ကြောင်း ကွင်းလယ် ကစားသမားဟောင်း ပီတစ်က သုံးသပ် ပြောကြားလာခဲ့ပါတယ်။ ပီတစ်ဟာ အာဆင်နယ် အသင်း အောင်မြင်မှုတွေ ရရှိခဲ့စဉ်က မြောက်လန်ဒန် ကလပ်မှာ ဖြတ်သန်းခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

မီခဲလ် အာတေးတားရဲ့ အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ ရာသီတွေမှာ တိုးတက်လာတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပေမယ့်လည်း ၂ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် မှာ အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ စပိန်သား နည်းပြ မီခဲလ် အာတေးတား အချိန်ယူ တည်ဆောက်လာခဲ့တဲ့ အာဆင်နယ်ဟာ လူငယ် ကစားသမားတွေနဲ့ အတူ နေရာစုံမှာ တိုးတက်မှုတွေ ရှိလာခဲ့သလို မန်စီးတီး ကိုလည်း ယှဉ်ပြိုင်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရေးပါတဲ့ ပွဲတွေမှာ ခြေချော်မှုနဲ့ အတူ မလိုအပ်တဲ့ အမှားတချို့ကြောင့် ချန်ပီယံဆုတွေနဲ့ ကပ်ပြီး လွဲနေခဲ့တာ ကတော့ အာဆင်နယ် ပရိသတ်တွေ အတွက် မချိတင်ကဲ ဖြစ်နေစေခဲ့တာပါ။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ အာဆင်နယ် ကစားသမားဟောင်း ပီတစ်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ပီတစ်က “ဒီရာသီမှာ အာဆင်နယ် အသင်း ဖလားရမယ် ထင်ပါတယ်။ ဘာလိုလဲ ဆိုတော့ အသင်းရဲ့ ဦးတည်ချက်နဲ့ ကစားသမားတွေရဲ့ ယုံကြည်မှုကို ထိန်းသိမ်းဖို့ အတွက် ဒီရာသီမှာ အာဆင်နယ် အသင်း ဖလား ရဖို့ လိုပါတယ်။ အာတေးတား လက်ထက်မှာ အာဆင်နယ်က အက်ဖ်အေဖလား ရခဲ့ပေမဲ့ ပရီးမီးယားလိဂ် (ဒါမှမဟုတ်) ချန်ပီယံလိဂ် ဖလား ရဖို့ လိုအပ်ပါတယ်။ ချန်ပီယံလိဂ် ကတော့ မပြောတတ်ပေမဲ့ ဒီရာသီမှာ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ဖလားတော့ ရသင့်တယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၇ ပွဲ ကစားပြီးချိန်အထိ ၅ ပွဲနိုင်၊ ၂ ပွဲသရေကျထားပြီး ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ ခြေစွမ်းပိုင်းအရလည်း မန်စီးတီးလို အသင်းကို အဝေးကွင်းမှာ အနိုင်ရဖို့ အထိ နီးစပ်ခဲ့ပြီး သရေနဲ့သာ ကျေနပ်ထားရပါတယ်။ အာဆင်နယ်ဟာ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ မန်စီးတီးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေပြီး ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့လည်း တစ်မှတ်သာ ကွာဟပါတယ်။ ဒီတစ်ပတ် မှာတော့ အာဆင်နယ်က ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီးတော့ အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ ရှက်တာဒိုးနတ်နဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်က ချန်ပီယံလိဂ် မှာတော့ လိဂ် အဆင့် ပွဲစဉ်တွေမှာ တစ်ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပေမယ့် နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့တော့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ လက်ကျန် ပွဲစဉ်တွေ အဖြစ် ရှက်တာဒိုးနတ်၊ အင်တာမီလန်၊ စပို့တင်းလစ္စဘွန်း၊ မိုနာကို၊ ဒိုင်နမို ဇာဂရက်ဘ်၊ ဂီရိုနာ တို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်